နောက်ခံအခြေအနေ

Myanmar Statistic

စုစုပေါင်း လူဦးရေ

၅၂၄၀၀၀၀၀

လူသားဖွံ့ဖြိုးမှု ကိန်းညွန်း (HDI)

၁၄၉အဆင့်

ပျမ်းမျှ သက်တမ်း

၆၁/၆၇

ငါးနှစ်အောက် ကလေးသေဆုံးနှုန်း

တစ်ထောင်တွင် ၇၁ ဦး

Probability of dying under five (per 1,000) **

၇၁ ဦး

ကောင်းမွန်သော ရေအရင်းအမြစ် ရရှိသူ ပေါင်း

၃၃ % (စုစုပေါင်းလူဦးရေး၏)

% of population using improved sanitation facilities,

၈၁ ဦး

ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး

၃၇၉.၆

Survival rate to last primary grade (%) ***

၇၀ ဦး

၂၀၀၈ မေလတွင် မြန်မာနိုင်ငံ၏ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများရှိ ထိခိုက်ပျက်စီးလွယ်သော ကျေးရွာများတွင် ပြင်းထန်စွာ မွှေနှောက်ဖျက်ဆီးသွားသော နာဂစ်မုန်တိုင်း၏ ဆိုးကျိုးများကို ကျွနု်ပ်တို့အဖွဲ့၏ တည်ထောင်သူနှင့် ကနဦးတည်ထောင်သူများက ရပ်ကွက်တစ်ခုမှ တစ်ခုသို့ လှည့်လည်သွားရောက်၍ ဒေသခံရပ်ရွာလူထုနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကိုရှာဖွေဖေါ်ထုတ်စဉ်က မျက်မြင်ကိုယ်တွေ့ တိုက်ရိုက်ကြုံတွေ့ခဲ့ရပါသည်။

၂၀၀၈ မေလ တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီတိုင်းဒေသကြီးသို့ နာဂစ်မုန်တိုင်း ဝင်ရာက်တိုက်ခတ်သည့် ကာလမှစ၍ KT Care Foundation မှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပ့ံကူညီမှုများ ပြုလုပ်ခဲ့ပါသည်။ လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ ရှိသည့် နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၂သန်းကျော် မုန်တိုင်းဘေးသင့်ခဲ့ရသည်။ တရားဝင်ထုတ်ပြန်သော စာရင်းများအရ သေဆုံးသူပေါင်း ၈၄၅၃၇ ဦး၊ ပျောက်ဆုံးသူပေါင်း ၅၃၈၃၆ ဦး နှင့် ဒဏ်ရာရသူပေါင်း ၁၉၃၅၉ ဦး ရှိခဲ့သည်။ အဆိုပါမုန်တိုင်းဒေသ မြန်မာ့သမိုင်းတွင် သေဆုံး ပျက်စီးမှုအမြင့့်ဆုံး မုန်တိုင်းဖြစ်သလို ကမ္ဘာတွင် လူသေဆုံးမှု တတိယအမြင့်ဆုံးလည်းဖြစ်ပါသည်။
ဤသို့ မုန်တိုင်းဘေးသင့်ခံ ပြည်သူများကို ထိထိရောက်ရောက်ကူညီ ပ့ံပိုးပေးနိုင်ရန် KT Care ဖောင်ဒေးရှင်းကို ထူထောင်ကာ အစားအစာ ၊ ဆေးဝါး ၊ ဆပ်ပြာ၊ လောင်စာ ၊ အဝတ်အထည် နှင့်ခြုံစောင် များကို ပေးပို့ထောက်ပံ့ခဲ့ပါသည်။ ဤနာဂစ်မုန်တိုင်း ကာလကနေ စပြီး လူများ၏ အခြေခံလိုအပ်ချက်ကို လှူဒါန်းထောက်ပ့ံရုံတင်မက မုန်တိုင်းအလွန် လူသားချင်းစာနာထောက်ထားမှု နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို KT Care ဖောင်ဒေးရှင်းမှ ပိုစိတ်ဝင်စားလာခဲ့ပါသည်။ ထို့ကြောင့် KT Care ဖောင်ဒေးရှင်းအနေဖြင့်
– လိုအပ်လျက်ရှိသော ဘေးသင့်လွယ် ပြည်သူမျာ၏ လိုအပ်ချက်များကို ရပ်ရွာအထိ တိုက်ရိုက်ပံ့ပိုးကူညီပေးနိုင်ရန်၊
– ခိုင်မာ တိုးတက်သော ရပ်ရွာအသိုင်းအဝိုင်းဖြစ်ပေါ်စေရန်
– ဘေးသင့်လွယ်မှု လျော့ကျရန် ၊ လူမှုအသိုင်းအဝိုင်းကြားပွင့်လင်းသော ဆက်ဆံရေး နှင့် ပါဝင်ပူးပေါင်းရေးကို တိုက်တွန်းရန်

– လူထုဘဝကို အကျိုးသက်ရောက်မှုရှိသော ကိစ္စရပ်များတွင် ပါဝင်စေကာ ပါဝင်ဆုံးဖြတ် လုပ်ကိုင်ခွင့် ပေးရန်
– ရေရှည်တည်မြဲသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတကာ နှင် ့ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းလုပ်ကိုင်နိုင်ရန်
ရည်ရွယ်၍ KT Care ဖောင်ဒေးရှင်းကို စတင်လုပ်ကိုင်ခဲ့ရာ နာဂစ်ဘေးသင့်ဒေသများရှိ ပြည်သူများ အတွက် ကောင်းမွန်သော အပြောင်းအလဲကို ယူဆောင်ပေးနိုင်ခဲ့ပါသည်။

ကျွနု်ပ်တို့သည် ကူညီပံ့ပိုးမှုပြုလုပ်ရန်အတွက် တစ်ခုခု လုပ်ရတော့မည်ဟု ခံစားသိရှိလိုက်ပါသည်။ ဤသို့ဖြင့် KT Care ဖောင်ဒေးရှင်းအား ဖွဲ့စည်းလိုက်ပြီး ဆိုင်ကလုန်း ၀င်ရောက်ဖျက်ဆီးသွားသောဒေသများသို့ လိုအပ်သောအစားအသောက်များ၊ ဆေးဝါးများ၊ အိမ်သာသုံးပစ္စည်းများ၊ လောင်စာများ၊ စောင်များနှင့် အဝတ်အထည်များကို ချက်ချင်းကူညီထောက်ပံ့ခဲ့ပါသည်။

ဤအဖြစ်အပျက်သည် ကျွနု်ပ်တို့အား လူသားများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမကဘဲ ထို့ထက်ပို၍ လုပ်ဆောင်ပေးလိုစိတ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှုကို ခံစားရစေပါသည်။

KT Care Foundation

KT Care Foundation