စီမံကိန်း နယ်မြေ

Distribution of Religions

distribution-religion (1)

Myanmar's Ethnic Groups

ethnic-group

“ဒါကတော့ မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ သင်မြင်ဖူးသမျှတွေထဲမှာ ဘာနဲ့မှမတူပါဘူး” Kipling

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ လားအို နှင့် ထိုင်းနိုင်ငံတို့ နှင့်နယ်နမိတ်ချင်းထိစပ်နေပါသည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထား အမျိုးမျိုးနှင့် လုံလောက်ပိုလျှံသော သယံဇာတများဖြင့် ပြည့်ဝသော နိုင်ငံလည်းဖြစ်သည်။  (သဘာဝဆီများ၊ သဘာဝဓါတ်ငွေ့များ၊ ကျွန်းသစ် နှင့် အဖိုးတန်တွင်းထွက်ပစ္စည်းများ) နှစ်ပေါင်း (၁၃၀၀၀) ကျော်ရှိ သော ရာဇဝင်သမိုင်းနှင့် လူဦးရေမှာ သန်း ၅၀ ကျော်ရှိပါသည်။ မြန်မာနိုင်ငံတွင် ပျမ်းမျှ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး ရှိပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင် ဘာသာစကားများ၊ ယဉ်ကျေးမှုများ နှင့် ရိုးရာဓလေ့များ ရှိပါသည်။ အများဆုံးသော လူမျိုးမှာ ဗမာလူမျိုးဖြစ်ပြီး (၆၈%) ရှိပါသည်။ ဘာသာရေးကွဲပြားမှု များရှိသော်လည်း မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ အများစု အဓိကနေထိုင်ကြပြီး လူဦးရေ အားလုံးပေါင်း၏ (၉၀%) ရှိပါသည်။

ဗုဒ္ဓဘာသာသည် နိုင်ငံရိုးရာယဉ်ကျေးမှု ကို များစွာလွှမ်းမိုးထားပါသည်။ ဗိသုကာပညာမှာ လည်း ထောင်ပေါင်းများစွာသော ထူးခြားဆန်းပြားသည့် ဘုရားပုံစံများက လွှမ်းမိုးထားပါသည်။ ရိုးရာပွဲတော်များမှာလည်း ဗုဒ္ဓဘာသာ မှဆင်းသက်လာသော ပွဲတော်များဖြစ်ကြသည်။ (ဥပမာအားဖြင့်- သင်္ကြန်ရိုးရာပွဲတော်)။ ရှည်လျားသော ရာဇဝင်အရ မြန်မာပြည်သူများသည် မိသားစုမှ ဆင်းသက်လာသော ရိုးရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း၊ သူတို့၏သက်ကြီးရွယ်အိုများအား အရိုအသေပေးခြင်းများအား ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ သူတို့၏ တမူထူးခြားသော ဝတ်စားဆင်ယင်မှုမှာ လုံချည်ဖြစ်ပြီး အမျိုးသား နှင့် အမျိုးသမီးများပါ ဝတ်ဆင်ကြပါသည်။

ယနေ့ခေတ် ဒေသတွင်းနိုင်ငံများထဲတွင် အကြွယ်ဝဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အဆင့်အနည်းဆုံးသော နိုင်ငံ(၅၀) ထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။ (UN လူ့အရင်းအမြစ် ဖွ့့ံဖြိုးရေးမှုအညွှန်းကိန်း၊ ၂၀၁၁ ခုနှစ်)။ လတ်တလောတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြန်လည်ပြုပြင်မှုအခြေအနေမှာ ပြောင်းလဲမှုအရိပ်အယောင်များ ကိုတွေ့မြင်လာရပြီး နိုင်ငံမှာ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးရေး တိုးတက်မှုအလားအလာများရရှိနိုင်ရန် ရှေ့ဆက် ကြိုးစားနေပါသည်။

KT Care Foundation

KT Care Foundation