အရေးပေါ် ကူညီကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး

Emergency

KT Care ဖောင်ဒေးရှင်းမှ ဘေးသင့်ဒေသများရှိ လိုအပ်ချက်နှင့်အညီ စားနပ်ရိက္ခာ နှင့် အခြေခံအသုံးအဆောက်ပစ္စည်းများ ကို ဒေသခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဝေငှ ပေးလျက်ရှိပါသည် ။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးသင့်ဒေသများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါ သည်။ နာဂစ်မုန်တိုင်းကာလတွင် ဖောင်ဒေးရှင်းမှ အစားအစာ၊ ဆေးဝါး၊ သန့်ရှင်း ရေး အသုံးအဆောင်များ၊ လောင်စာ၊ အဝတ်အထည် စသည့် အခြေခံ လိုအပ်ချက် များကို မြောင်းမြ ၊ လပွတ္တာ မြို့နယ်များရှိ ဘေးသင့်ပြည်သူများ ထံ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါသည်။ နာဂစ်အလွန်ကာလများတွင် ထောက်ပံ့ကူညီ မှုများ ကို ရခိုင်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများရှိ ဘေးသင့်ပြည်သူများထံ လိုအပ်ချက်နှင့်အညီ ပို့ဆောင်ထောက်ပံ့ပေးခဲ့ပါ သည်။

၂၀၀၈ ခုနှစ်တွင် KT Care ဖောင်ဒေးရှင်းမှ နာဂစ်မုန်တိုင်းသင့်နယ်မြေ သက် ကယ် သောင် ကျေးရွာ တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဖြစ် သည့် စာသင်ကျောင်း နှင့် လူကူးတံတားများ ဆောက် လုပ်ပြုပြင်ရေးလုုပ် ငန်းများ လုပ်ကိုင်ခဲ့ပါ သည်။

ထောက်ပံ့ကြေးငွေ လက်ခံမည့်သူအား သက်ဆိုင်ရာ အဖွဲ့အစည်းတခုခု၏ ထောက်ခံ ချက် ဖြင့် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်၊ အသုံးအဆောင် ပြုပြင်ခြင်း၊ သင်တန်း စရိတ် ၊ ဆေးရုံစရိတ် ၊ ဘာသာရေး အခမ်းအနား စသည့် ကိစ္စရပ်များတွင်သုံးစွဲရန် ထောက်ပံ့ပေးအပ်ပါသည်။

KT Care Foundation

KT Care Foundation