what we do

ဆောင်ရွက်သည့်လုပ်ငန်းများ

 

KT Care Foundation မှ လိုအပ်ချက်ရှိနေသည့် မြန်မာပြည်သူ့ဘဝ တိုးတက်မြင့်မား ရေး အတွက် ထောက်ပံ့ပေးလျက်ရှိရာ အထူးသဖြင့် ဘေးအန္တရယ်သင့်ပြည် သူများကြုံ တွေ့ရသော အခက်အခဲများကို ဦးစားပေး ပံ့ပိုးပေးပါသည်။ ဤသို့သောပံ့ပိုး ကူညီမှု များမှာ အရေးပေါ် ကာလအလွန်ထိ ရည်ရွယ်ပါသည်။ ကာလလတ် ပြန်လည် တည် ဆောက်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေး စီမံကိန်းများ ကို ဘေးသင့် ဒေသ များ တွင် ဦးစားပေး အကောင်အထည်ဖော်ကာ ရေရှည်တည်မြဲသော ဖွ့ံဖြိုးရေးကို ဆောင်ကြဉ်း ပေးခဲ့ပါသည်။ KT Care Foundation အနေဖြင့် ယင်းဒေသများ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် ရေရှည်တည်မြဲသော ဖွံ့ဖြိုးရေးမဟာဗျူဟာ အောက်ကနေ ပညာနွယ်သော သက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ကျန်းမာရေးစောင့် ရှောက် မှု လုပ်ကိုင်ဆောင်ရွက်ပါသည်။ ထို့ပြင် အသေးစား ထောက်ပံ့ငွေ စီမံကိန်းက နေ အမျိုးစုံလင်သော အဖွဲ့များတွက် ရေတိုလိုအပ်ချက်ကိုဖြည့်ဆည်း ပေးလျက်ရှိပါ သည်။

ဖောင်ဒေးရှင်းမှ လုပ်ကိုင်လျက်ရှိသော ပရိုဂရမ် အစီအစဉ် နှင့် စီမံကိန်းအားလုံးတွင် ကျားမတန်းတူညီမျှရေး ၊ ကလေးသူငယ်ကာကွယ်ရေး ၊ ဘေးအန္တရယ်သင့်မှု လျှော့ချရေး စံနှုန်းများကို ထည့်သွင်းလုပ်ဆောင်ပေးပါသည်။

ဒေသခံဘာသာစကား နှင့် ယဉ်ကျေးမှု ကိုနားလည်ပြီး ၊ နောက်ခံအခြေအနေ နှင့် အချိတ်အဆက် ကြွယ်ဝသော ကျွမ်းကျင်ဝန်ထမ်းများဖြင့် လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာများသို့ ထောက်ပံ့ကူညီမှုများကို အလျင်အမြန် ကူညီနိုင်သည့် စွမ်းရည်များ KT Care Foundation မှ ပိုင်ဆိုင်ထားသည်။

KT Care မှာ ပေးအပ်ကူညီလျက်ရှိသော ခွဲစိတ်ကုသခြင်းကနေ တစ်ဦးချင်းဘဝကို သိသာထင်ရှားစွာ ပြောင်းလဲနိုင်ခဲ့ပါသည်။ ယခင်ကာလများကဲ့သို့မဟုတ်ပဲ လူသာမန်များအတိုင်း လွယ်ကူအစားစားနိုင်ပြီး လူမှုဝန်းကျင်တွင် အရှက်အကြောက် ကင်းကင်းဖြင့် ဝင်ဆံ့ ပေါင်းသင်းလာနိုင်သည်ကိုတွေ့ရပါသည်။

KT Care Foundation

KT Care Foundation