နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

မ( )အား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စာဖြူစုကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မွေးဖွားခဲ့စဉ်က နှုတ်ခမ်းကွဲဝေဒနာ ပါရှိခဲ့‌ေသာကြောင့် နို့စတိုက်ကျွေးစဉ်ကာလမှစတင်ပြီး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မိခင်နို့အား မသောက်တတ်ခြင်းကြောင့် နို့ဘူးဖျော်တိုက်ခဲ့ရပါသည်။မြို့နှင့်အလှမ်းဝေးသော ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သဖြင့် ခွဲစိတ်ကုသ၍ ရနိုင်မှန်းမသိခဲ့ပါ။ မ( ) အသက်(၄)လအရွယ်တွင် မအူပင်မြို့မှလာသော အကြင်နာလက်များနယ်လှည့်ဆေးကုသ‌ေရးအဖွဲ့၏ ချိတ်ဆက်ပေးမှုကြောင့် ရန်ကုန်မြို့ရှိ KT care Foundation နှင့်ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် KT care Foundation ၏ ထောက်ပံ့ပေးမှုဖြင့် ရန်ကုန်မြို့ရှိ ရွှေဗဟိုရ် အထူးကုဆေးရုံတွင် ကုသမှုခံယူခဲ့ပါသည်။ ကုသမှု ခံယူပြီးသည့်အချိန်တွင်မ( )၏ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာသည် ယခင်နှင့်မတူ များစွာတိုးတတ် ပြောင်းလဲလာသောကြောင့် မိဘများအနေဖြင့် အတိုင်းမသိကြည်နူးဝမ်းသာခဲ့ရပါသည်။ သို့ဖြစ်ပါ၍ လူသားခြင်းစာနာထောက်ထားမှု့ဖြင့် ကူညီထောက်ပံ့ပေးသော KT care Foundation မိသားစုဝင်များနှင့် ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Kaung Myat Thu

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ

ဇူလိုင်လအတွက် ထောက်ပံ့လှူဒါန်းမှု အစီအစဉ်မှ ထောက်ပံ့ကြေး ရရှိသွားသူနှစ်ယောက်မှာ (xxx)နှင့်(yyy) တို့ဖြစ်ပါသည်။ (xxx)သည် အသက်(၈၀)ဖြစ်ပြီး တစ်ဦးတည်းသော သားဖြစ်သူမှာ သေဆုံးသွားသောကြောင့် အပျိုကြီးဖြစ်သူ အသက်(၇၈)နှစ် ရှိပြီဖြစ်သော ညီမ(yyy)နှင့် အတူနေထိုင်ပါသည်။ (xxx)နှင့်(yyy)တို့သည် ကျန်းမာရေးမကောင်းသည့်အပြင် အလုပ်အကိုင်လည်း မရှိ၊ နေစရာလည်းမရှိသောကြောင့် သူမတို့ရပ်ကွက်လူကြီးမှ ယာယီနေထိုင်ခွင့်ပေးထားသော နေရာတွင် ညီမနှစ်ယောက် နေထိုင်နေရပါသည်။ အစားအသောက်နှင့် အခြားလိုအပ်ချက်များအတွက် အိမ်နီးနားချင်းများမှ ဝိုင်းဝန်းစောင့်ရှောက်ကြောင်း သိရပါသည်။ KT Care ၏ ထောက်ပံ့မှုကို မရခင်အချိန်က ဆေးဖိုးဝါးခနှင့် နေ့စဉ်စားသောက်ရန်အတွက် အခက်အခဲရှိကြောင်း သိခဲ့ရပါသည်။

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ

ဇူလိုင်လအတွက် ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ငွေကြေးထောက်ပံ့မှုကို ရရှိသွားသူမှာ xxx ဖြစ်ပါသည်။xxxx ဇာတိဖြစ်သော သထုံမြို့တွင် မိဘများနှင့်အတူ နေထိုင်ခဲ့ပြီး အရိုးကင်ဆာ ခံစားနေရသည်ဟု သိရှိပြီးနောက် ရောဂါကုသရန် ရန်ကုန်သို့ တစ်ယောက်တည်း ထွက်လာခဲ့ရပါသည်။ အရိုးကင်ဆာရောဂါကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရသော်လည်း ဘဝကို အရှုံးမပေးဘဲ ဆက်လက်ရပ်တည်လိုသည့်အတွက် သူ့ကို စာနာသော လူများ၏ ဝိုင်းဝန်းထောက်ပံ့မှုနှင့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ အရိုးကင်ဆာ လက္ခဏာများကို ပြန်လည်ခံစားလာရသောကြောင့် သင့်တော်သော ဆေးစစ်ခြင်းနှင့် ဆေးကုသမှုခံယူရန်အတွက် ငွေကြေးအခက်အခဲတွေ့နေသောကြောင့် KT Care မှ အထောက်အပံ့ပေးခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ(ဒေါ်နော်ဆေးဖော)

KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့လှူဒါန်းမှုကို ရရှိသွားသူ နောက်တစ်ယောက်မှာ ဒေါ်နော်စေးဖေါ ဖြစ်ပါသည်။ သူမသည် အသက်(၇၈)နှစ်ရှိပြီး ဘဝကို အကောင်းမြင်စိတ်ဓာတ်ဖြင့် နေထိုင်ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါသည်။ ဒေါ်နော်စေးဖေါတွင် သားသမီး၇ယောက်ရှိသော်လည်း သူမ၏ သားသမီးများမှာ ကိုယ်ပိုင်မိသားစုများရှိသည့်အပြင် စီးပွားရေားအဆင်မပြေသောကြောင့် သူမကိုမစောင့်ရှောက်နိုင်ကြသဖြင့် တစ်ယောက်တည်းနေထိုင်ပြီး အိမ်နီးချင်းများ၏ စောင့်ရှောက်မှုဖြင့် နေထိုင်နေရပါသည်။ ကိုယ်ပိုင်ဝင်ငွေမရှိသည့်အတွက် အိမ်နီးနားချင်းများဆီမှ ကျွေးမွေးခြင်း၊ ဈေးဆိုင်များမှ အကြွေးယူခြင်းဖြင့် နေ့စဉ်စားသောက်ရေးကို ဖြေရှင်းနေရပါသည်။ ရံဖန်ရံခါ ငွေကြေးလက်ခံရရှိသောအခါ ချေးယူထားသောငွေများကို ပြန်လည်ဆပ်သောကြောင့် အိမ်နီးနားချင်းများမှ သူမကိုကြည်ကြည်ဖြူဖြူ ငွေချေးကြကြောင်း သိရှိရပါသည်။ KT Care၏ တာဝန်ရှိသူများမှ ဒေါ်နော်စေးဖေါ၏ အခြေအနေကို သွားရောက်လေ့လာသောအခါ အခက်အခဲများစွာရှိသော်လည်း နေ့စဉ်ဘဝကို သတ္တိရှိရှိ၊ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်သည့်စိတ်ဓာတ်ကို တွေ့ရှိရသဖြင့် တအံ့တသြ ဖြစ်ခဲ့ရပါသည်။

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ(ဦးမြင့်ဦး)

KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ လှူဒါန်းမှု ရရှိသူ တစ်ယောက်ဖြစ်သော ဦးမြင့်ဦးသည် အငြိမ်းစားစစ်သားတစ်ယောက်ဖြစ်ပြီး မြောက်ဒဂုံတွင် နေထိုင်ပါသည်။ သူနှင့်အတူ နေထိုင်သူ ဇနီးဖြစ်သူမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများကို ခံစားနေရပြီး အပတ်စဉ် ဆေးကုသမှု ခံယူနေရသူ ဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီဖြစ်သော်လည်း ဇနီးသည်၏ ဆေးဖိုးနှင့် နေထိုင်စားသောက်စရိတ်များအတွက် ဦးမြင့်ဦးသည် Taxi မောင်းပြီး ဝင်ငွေရှာနေသူ ဖြစ်ပါသည်။ (နောက်ဆက်တွဲ) ဇနီးဖြစ်သူမှာ မကြာခင်ရက်ပိုင်းမှ ဆုံးပါးသွားကြောင်း ထပ်မံသိရှိရပြီး KT Careမှ နောက်ဆက်တွဲ ပံ့ပိုးလှူဒါန်းခဲ့ပါသည်။