volunteer

Volunteer

စေတနာ့ဝန်ထမ်း

  • KT Care သည် စေတနာဝန်ထမ်းများ၏ ပ့ံပိုးမှုနှင့် မြန်မာနိုင်ငံအတွင်း ကျွန်တော်တို့ အဖွဲ့အစည်းအား အပြောင်းအလဲများ လုပ်ခွင့်ရရန် ကူညီမှုများ ပေးခြင်းကို ကျေးဇူးတင်လျက်ရှိပါသည်။
  • သင့်အနေနဲ့ KTCare တွင် နေရာမျိုးစုံမှနေပြီး စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း အောက်ပါနည်းလမ်းများ အပါအဝင် နည်းမျိုးစုံဖြင့် ပါ၀င်ကူညီပါသည်။
  • အဖွဲ့အစည်း၏လုပ်ငနး်စဉ်တိုင်းကိုသင့်စွမ်းရည်နှင့်စိတ်ပါဝင်စားမှုပေါ်မှာမူတည်ကာကွင်းဆင်းပြီးဆောင်ရွက်ပေးခြင်း

ဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးသုံးပြီး KT Care ၏ လုပ်ဆောင်ချက်များနှင့် လိုအပ်ချက်များကို လက်ဆင့်ကမ်း သတင်းကောင်း ပါးပေးခြင်း (facebook စာမျက်နှာပေါ်တွင်ဝေငှပေးခြင်း…..စသည်ဖြင့်)။
KT Care စီမံချက်များ၊ အစီအစဉ်များကို ပံ့ပိုးကူညီရန်အတွက် ရပ်ရွာဒေသများတွင် ရန်ပုံငွေရှာဖွေပေးခြင်း၊ လှုံ့ဆော်တိုက်တွန်းဆောင်ရွက်ပေးခြင်း။

KT Care ဖေါင်ဒေးရှင်းတွင် စေတနာ့ဝန်ထမ်း လုပ်ရန်စိတ်ဝင်စားပါက သင့်အလုပ်လျှောက်လွှာနှင့် စိတ်ပါဝင်စားမှုများကို info@ktcare.org သို့ပေးပို့နိုင်ပါသည်။
Donate

Here are a few links that might give you a few crazy ideas for a fundraisng activity!

If you are interested in volunteering with KT Care Foundation, please email your CV and areas of interest to info@ktcare.org.

internship

အလုပ်သင်

သင်သည် ကျောင်းသား သို့မဟုတ် ဘွဲ့ရပြီးသူတစ်ဦး ဖြစ်ပါသလား။ လူသားချင်းစာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်း နယ်ပယ်များတွင် အတွေ့အကြုံ ရယူလိုပါသလား။ KT Care ဖောင်ဒေးရှင်းတွင် အလုပ်သင်အဖြစ်လုပ်ရန် စိတ်ဝင်စားပါက အီးမေးလ်ဖြင့် info@ktcare.org သို့ပေးပို့နိုင်ပါသည်။

partnership

မိတ်ဖက်ပြုလက်တွဲဆောင်ရွက်ခြင်း

KT Care သည်အောက်ပါ အဖွဲ့အစည်းများနှင့် မိတ်ဖက်ပြု လက်တွဲဆောင်ရွက်ခြင်းကို တန်ဖိုးထားပါသည်။

  • အကျိုးအမြတ်မမျှော်ကိုးသောအဖွဲ့အစည်းများနှင့်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီများ

ကျွနု်ပ််တို့အနာဂတ် မျှော်မှန်းချက်နှင့် ကိုက်ညီသော ရပ်ရွာကောင်းကျိုးအတွက် ပူးပေါင်းထည့်ဝင် လုပ်ဆောင်နိုင်သော အမြတ်အစွန်းမယူသော အဖွဲ့အစည်းများ၊ အေဂျင်စီများနှင့် မိတ်ဖက်ပြုလက်တွဲဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေပါသည်။

  • ကုမ္ပဏီများနှင့်ကော်ပိုရေးရှင်းများ

ကျွနု်ပ်တို့ ၏ တန်ဖိုးထားမှုများကို မျှဝေတန်ဖိုးထားနိုင်ပြီး ကောင်းမွန်သော လူ့ဘောင်တစ်ခုကို ရေရှည်တည်တ့့ံသော တိုးတက်မှုမျိုးဖြင့် လုပ်ဆောင်ပေးနိုင်ရန် ဆုံးဖြတ်ထားသော မည်သည့် စီးပွားရေးအဖွဲ့အစည်းများနှင့် မဆို ပူးပေါင်းဆာင်ရွက်ရန် လိုလားပါသည်။ မိတ်ဖက်အဖွဲ့အစည်းများ၏ စိတ်ဝင်စားမှုများ၊ ဒေသခံ များ၏လိုအပ်မှုများပေါ်တွင် မူတည်၍ ပူးပေါင်းဆောင်ရွက်မှု အမျိူးအစား နှင့် ပမာဏ အမျိူးမျိူး ဖြစ်နိုင်ပါသည်။

  • ကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေး နှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ ဆိုင်ရာအသင်းအဖွဲများ

သင်၏ ကျွမ်းကျင်မှုနှင့် အသိပညာသည် ဒေသခံများကို ကူညီစောင့်ရှောက်ရာတွင် အများဆုံးအထောက်အကူပေးပါသည်။ အဖွဲ့အစည်းမှ သုတေသနပြုလုပ်ခြင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို လက်ကမ်းကြိုဆိုနေပါသည်။ ကျွနု်ပ််တို့ လုပ်ငန်းနယ်ပယ်များအတွက် နည်းပညာပိုင်း ပံ့ပိုးမှု နှင့် အကြံပြုခြင်းများကို လိုလားပါသည်။

KT Care ဖေါင်ဒေးရှင်းတွင် မိတ်ဖက်ပြုလက်တွဲဆောင်ရွက်ရန် စိတ်ဝင်စားပါက အီးမေးလ်ဖြင့် info@ktcare.org သို့ပေးပို့နိုင်ပါသည်။

If you are interested in exploring a partnership with KT Care, please contact us at info@ktcare.org. Thank you for your interest .

internship

အလုပ်အကိုင်အခွင့်အလမ်း

KT Care သည် ရပ်ရွာအကျိုးပြုလုပ်ငန်းများ အတွက် နှစ်မြုပ်လုပ်ကိုင်လျှက်ရှိသော အရည်အသွေးစုံလင်သူများ ပါ၀င်သည့် အသင်းအဖွဲ့တစ်ခုကို ရရှိပိုင်ဆိုင်ထားပါသည်။ (“ကျွန်ုပ်တို့ အကြောင်း” link ကိုကြည့်ပါ။)

သင်၏ကိုယ်ရေးရာဇဝင်ကို သိမ်းဆည်းထားစေလိုပါက အီးမေးလ်ဖြင့် info@ktcare.org သို့ပေးပို့နိုင်ပါသည်။

KT Care Foundation

KT Care Foundation