ပညာရေး အထောက်အပံ့နှင့် ပညာသင်ဆုများ

KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုချီးမြှင့်ခြင်း စီမံကိန်းသည် မြန်မာ နိုင်ငံ တွင်းရှိ လူငယ်များ ပညာရေးလက်လှမ်းမီးစေရန် ရည်ရွယ်ပါသည်။ ဝင်ငွေနည်းမိသားစုများ ငွေကြေးအကန့်အသတ် ကြောင့် ပညာသင်ယူရာလည်းကောင်း တွင် အခက်အခဲကြုံ တွေ့နေရ ပါသည်။ KT Care ဖောင်ဒေးရှင်းမှ ဤသို့သော ကျောင်းသားများအတွက် ပညာသင်ကြာရာတွင် လိုအပ်ချက်များဖြစ်သော ကျူရှင်စရိတ် ၊ သင်ထောက်ကူပစ္စည်း များအတွက် ပညာသင်ဆု ချီးမြှင့်ပေးလျက်ရှိသည်။

တက္ကသိုလ် ကျောင်းသားများ ပညာရေးတွင် ထူးချွန်ပြီး သက်မွေးဝမ်းကျောင်းဘဝ ခိုင် မာစေရန် ပေးအပ်လျက်ရှိသော ပညာသင်ဆု အစီအစဉ်မှာ နေထိုင်စားသောက် စရိတ် အပါအဝင် ကျူရှင်နှင့် အခြား ပညာ ရေးစရိတ် များ တက္ကသိုလ် နှင့် မေဂျာအ လိုက် ပညာသင်နှစ် ၃ နှစ်မှာ ၅ နှစ်တိုင် တိုင် ထောက်ပံ့လျက်ရှိသည်။ ထို့ပြင် ပညာသင် ဆုချီးမြှင့်ခံရသော ကျောင်းသားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု ရရှိစေရန် အလုပ် သင် ဝန်ထမ်းအဖြစ် ခေါ်ယူသင်တန်းပေးလျက်ရှိပါသည်။

E1
ကျောင်းသားများ ၊ ဆရာများ နှင့် ပညာသင်ဆု ထောက်ပံ့ခြင်း အစီအစဉ် အတွက် တွေ့ဆုံစည်းဝေးခြင်း
E2
ဦးမျိုးသန့် – KT Care အမှုဆောင် ဒါရိုက်တာ မှ ကျောင်းသားများအတွက် ပညာရေး ထောက်ပံ့ပေးငွေ ပေးအပ်ခြင်း

 

E3

ကျေးလက်ဒေသရှိ ပညာရေးထောက်ပံ့ငွေ ရရှိထားသော ကျောင်းသူလေးများ

E4
KT Care မှ ကျောင်းသားများ အတွက် စာရေးကိရိယာများ ပေးကမ်းခြင်း
KT Care Foundation

KT Care Foundation