နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့်ပတ်သက်သည့် အစီအစဉ်များ

KT Care မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များ၏ နေထိုင်မှုဘဝ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ကူညီပံံ့ပိုးမှုများ ပြုလုပ်လျှက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်ပေါင်း ၈၀၀မှ ၁၀၀၀ ကြားတွင် ကလေးတစ်ဦးနှုန်းကျ နှုတ်ခမ်းကွဲဝေဒနာကို ခံစားနေရပါသည်။ ဤမွေးရာပါ ချို့ယွင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်၏ အဟာရချို့တဲ့မှုသည် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ ထိုကလေးငယ်တစ်ဦးအား ပြုလုပ်ပေးလိုက်သည့် ခွဲစိတ်ကုသမှုတစ်ခုသည် ကလေးငယ်၏ ဘဝတစ်ခုလုံးကို ထူးကဲစွာ ပြောင်းလဲသွားစေနိုင်ပါသည်။ ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် ၎င်းကလေးများသည် အစားအသောက် ပိုမိုကောင်းမွန်စွာ စားသောက်နိုင်မည့်အပြင် ရှက်ရွှံ့စွာဖြင့် ကျောင်းသို့သွားရသောဒုက္ခ၊ အခြားသူများနှင့် မိတ်ဖွဲ့ရာတွင် ကြုံရသောဒုက္ခမှ ကင်းဝေးသွားစေပါသည်။
အချို့သော ဝေဒနာရှင်များသည် အခမဲ့ခွဲစိတ်ကုသမှု ခံယူလျှင်ပင် လူနာဘက်မှကုန်ကျမည့်စရိတ်များဖြစ်သော ခရီးသွားလာစရိတ်၊ နေထိုင်စားသောက်စရိတ်တို့ကို မတတ်နိုင်သောကြောင့် ကုသမှုရယူရန် အလှမ်းဝေး နေခဲ့ရသည်။ KT Care မှ ဝေဒနာရှင်များအား ထို လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဤအစီအစဉ်ကို ၂၀၁၂ခုနှစ်တွင် New Look New Life အဖွဲ့နှင့် လက်တွဲ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။ New Look New Life အဖွဲ့မှာ မိမိတို့အချိန်နှင့် ကျန်းမာရေးဝန်ဆောင်မှုကို လူနာများအား အခမဲ့လှူဒါန်းသော ခွဲစိတ်ဆရာဝန်ကြီးများမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ မိတ်ဖက်ပြုဆောင်ရွက်ခြင်းတွင် KT Careမှ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတို့အပြင် အခြားကုန်ကျစရိတ်များဖြစ်သည့် စားသောက်နေထိုင်ရေးများကိုပါ တာဝန်ယူပံ့ပိုးလုပ်ဆောင်ပေးပါသည်။
KT Care Founationမှ အစီအစဉ်စတင်သည့်အချိန်မှစ၍ ယခုအချိန်ထိ ကလေးနှင့်လူကြီး ၄၀၃ယောက်ကျာ် ကို အောင်မြင်စွာ ခွဲစိတ်ကုသရန် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။
အကူအညီရလိုသူများအနေဖြင့် ၀၉-၉၆၀၈၈၇၇၀၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

cleft lips1
New Look New Life နှင့် KT Care တို့၏ ပံံ့ပိုးမှုဖြင့် ခွဲစိတ်ကုသမှု ခံယူခဲ့သော နှုတ်ခမ်းကွဲ ဝေဒနာရှင် ကလေးတစ်ဦး

cleft lips2New Look New Life နှင့် KT Care တို့၏ ပံံ့ပိုးမှုဖြင့် ခွဲစိတ်ကုသမှု ခံယူခဲ့သော နှုတ်ခမ်းကွဲ ဝေဒနာရှင် ကလေးတစ်ဦး
KT Care Foundation

KT Care Foundation