KT Care ပညာသင်ဆုရလို့ မိသားစုကို ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ ဘူးရှင့်

11 / 04 / 2016

KT Care ဖောင်ဒေးရှင်းရဲ့ ပညာရေး အစီအစဉ် အရ အဝေးသင်တက္ကသိုလ် တက်ရောက်နေတဲ့ ငပုတောမြို့ နယ် သက်ကယ်သောင်ကျေးရွာ မှ ကျောင်း သားကျောင်းသူတွေ ကို ပညာသင်ဆုချီးပေးအပ် လျက်ရှိ ပါတယ်။ ယခုနှစ် ၂၀၁၆ ပညာသင်နှစ်တွင် လည်း ယင်းကျေးရွာမှ အဆင့်မြင့်ပညာ သင် ယူ နေကြတဲ့ အဝေးသင် တက္ကသိုလ် ကျောင်းသား ကျေင်းသား ပေါင်း ၂၄ ဦးကို နိုဝင်ဘာ ၂ရက်နေ့တွင် ပညာသင် ဆုချီးမြှင့် ပေးအပ်နိုင်ခဲ့ပါ တယ်။ ထောက်ပံ့ပေးလျက်ရှိတဲ့ပညာသင်ဆုများတွင် စားသောက် နေထိုင်စ ရိတ် အပါအဝင် ကျူရှင်ခ၊ စာရေးကိရိယာ နှင့် ခရီးစရိတ်တွေကို ပါဝင်ပါ တယ်။ပေးအပ်လျက်ရှိတဲ့ ပညာသင်ဆုများကြောင့် ကျောင်း သားကျောင်း သူများ ရဲ့ပညာရေး ကုန်ကျစရိတ်များ လျော့ပါး သက်သာခဲ့ တယ်လို့ ပညာ သင်ဆုရ ကျောင်းသားများက ပြောပါတယ်။ “ဒီပညာသင် ဆုကြောင့် မိသား စုထောက်ပံ့ပေးရတဲ့ ဝန်ထုပ်ဝန်ပိုး လျော့သွားတာပေါ့။ မဟုတ်ရင် ကျောင်း တက်ဖို့ တအားအ ခက်အခဲဖြစ်တယ်” လို့ မြန်မာ စာ နောက်ဆုံးနှစ်ကျောင်း သူ မယုမော်စိုး က ပြောပါတယ်။

00-img
01-img
02-img

KT Care Foundation

KT Care Foundation