KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုချီးမြှင့်ခြင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ ပညာရေးလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ဝင်ငွေနည်းမိသားစုများ ငွေကြေးအကန့်အသတ်ကြောင့် ပညာသင်ယူရာတွင် အခက်အခဲကြုံတွေ့နေရပါသည်။ KT Care ဖောင်ဒေးရှင်းမှ ဤသို့သောကျောင်းသားများအတွက် ပညာသင်ကြားရာတွင် လိုအပ်ချက်များဖြစ်သော ကျူရှင်စရိတ်၊ နှင့် သင်ထောက်ကူပစ္စည်းများအတွက် ပညာသင်ဆု ချီးမြှင့်ပေးလျက်ရှိသည်။
တက္ကသိုလ်ကျောင်းသားများ ပညာရေးတွင်ထူးချွန်ပြီး အသက်မွေးဝမ်းကျောင်းဘ၀ ခိုင်မာစေရန် ပေးအပ်လျက်ရှိသော ပညာသင်ဆု အစီအစဉ်မှာ နေထိုင်စားသောက်စရိတ် အပါအဝင် ကျူရှင်နှင့်အခြား ပညာရေးစရိတ်များ တက္ကသိုလ်နှင့် မေဂျာအလိုက် ပညာသင်နှစ်၃နှစ်မှ၅နှစ်တိုင်အောင် ထောက်ပံ့လျက်ရှိသည်။ ထို့ပြင် ပညာသင်ဆု ချီးမြှင့်ခံရသော ကျောင်းသားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိစေရန် အလုပ်သင်ဝန်ထမ်းအဖြစ် ခေါ်ယူသင်တန်းပေးလျက် ရှိပါသည်။