KT Care Foundationမှ ထောက်ပံ့ပေးလျှက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများနှင့် သူတို့၏ စောင့်ရှောက်သူများကို အင်္ကျီများ လက်ဆောင်ပေးအပ်ခဲ့သည်။

05 / 28 / 2019

အောက်ပါပုံကတော့ KT Care Foundation မှ ထောက်ပံ့ပေးလျှက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများနဲ့ မိသားစုဝင်တွေရဲ့ပုံ ဖြစ်ပါတယ်။ ဝေဒနာရှင်များသည် ဧရာဝတီတိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ် မှဖြစ်ပြီး အခမဲ့ခွဲစိတ်ကုသမှု ခံယူလျှင်ပင် ကုန်ကျမည့်စရိတ်များဖြစ်သော ခရီးသွားလာစရိတ်၊ နေထိုင်စားသောက်စရိတ်တို့ကို မတတ်နိုင်သောကြောင့် ကုသမှုရယူရန် အလှမ်းဝေး နေခဲ့ရသည်။ KT Care မှ ဝေဒနာရှင်များအား ထို လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် အခမဲ့ ခွဲစိတ်ကုသခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသရေး စီမံကိန်းသည် KT Care Foundation နှင့် New Look New Life Foundation တို့၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါသည်။
အသေးစိတ်ကြည့်ရန် >>> https://bit.ly/2XakyID

Group Photo(edited)

KT Care Foundation

KT Care Foundation