KT Care Foundationမှ Takashima စက်ရုံတွင် သင်တန်းပေးခဲ့ခြင်း

11 / 04 / 2019

KT Care ဖောင်ဒေးရှင်း၏ကိုယ်စား စီမံကိန်းအရာရှိနော်အိအိချောသည် ၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၂ ရက်၌ Takashima စက်ရုံတွင် မွမ်းမံသင်တန်းတစ်ခု ပြုလုပ်ခဲ့သည်။ ဤသင်တန်း၏ရည်ရွယ်ချက်မှာ ယခင်သင်တန်းများမှ ဆွေးနွေးခဲ့သော ခေါင်းစဉ်များကို ပြန်လည်အမှတ်ရစေရန်နှင့် စက်ရုံမှ PE(ပြန်လည်ပညာပေးသူများ)၏ သင်ခန်းစာအကြောင်းအရာများနှင့် ပတ်သတ်ပြီး နားလည်မှုကို စစ်ဆေးရန်ဖြစ်သည်။ ဤသင်တန်းတွင် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် မျိုးဆက်ပွားကင်ဆာ၊ မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါတို့ ဖြစ်ပွားသည့်အကြောင်းရင်းများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ သင်တန်းတစ်လျောက် သင်တန်းသားများမှ တက်ကြွစွာနှင့်စိတ်အားထက်သန်စွာ ပါ၀င်ခဲ့ကြပါသည်။

IMG20191022133640
IMG20191022133246

KT Care Foundation

KT Care Foundation