KT Care မှ ပညာသင်ဆု ရရှိထားသူများနှင့် တွေ့ဆုံပွဲ

11 / 15 / 2019

နိုဝင်ဘာလ(၈)ရက်နေ့၊ ပုသိမ်မြို့တွင် KT Careမှ ပညာသင်ဆုကျောင်းသားများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲဖြစ်ပေါ်လာရခြင်းမှာ အဓိကရည်ရွယ်ချက်သုံးခုကြောင့် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်များတွင် KT Careနှင့် ပညာသင်ဆုရရှိထားသူများအကြား ထိတွေ့ဆက်ဆံမှုတိုးတက်ရန်၊ KT Care ဖောင်ဒေးရှင်းအကြောင်းကို သေသေချာချာသိရှိစေရန်နှင့် KT Careနှင့် လက်တွဲ၍ မည်သို့သော လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ကို သိရှိစေရန် နှင့် ပညာသင်ဆုရရှိသူ လူငယ်များ၏ အနာဂတ်အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် KT Careမှ မည်သို့ကူညီနိုင်သည်တို့ ပါဝင်သည်။ 

KT Care မှ လက်ထောက်ဒါရိုက်တာ ဒေါက်တာအေးစန္ဒာအောင်မှ KT Care၏ သမိုင်းနှင့်လက်ရှိအစီအစဉ်များအကြောင်းကို အကျဉ်းချုပ်မိတ်ဆက်ပေးခြင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၀န်ထမ်းတစ်ဦးချင်းစီသည် မိမိတို့တာဝန်ယူ လုပ်ဆောင်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား/သူများသည် ပြောကြားချက်များအပေါ် စိတ်ဝင်တစား နားထောင်ခဲ့ပြီး သိလိုသည်မျာကို မေးခဲ့ကြသည်။  

ထိုအခမ်းအနားကာလအတွင်း အခမ်းအနား တက်ရောက်လာသူများကို အုပ်စုသုံးစုခွဲ၍ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိသောအရာများ၊ ရရှိလိုက်သော ဗဟုသုတများကို ပြန်လည်အသုံးချမည့်နည်းလမ်းများ နှင့် KT Care အပေါ် အကြံပြုချက်များကို ဆွေးနွေးရန် တာဝန်ပေးအပ်ခဲ့သည်။ အုပ်စုလိုက် ဆွေးနွေးမှုအပြီးတွင်  အုပ်စုတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးချင်း မိမိတို့အုပ်စုအတွင်း ဆွေးနွေးခဲ့သည်များကို ပြန်လည်မျှဝေပေးခဲ့ပါသည်။ ထိုကဲ့သို့ ပညာသင်ဆု ရရှိထားသော ကျောင်းသားများထံမှ သူတို့၏ အခက်အခဲများ၊ မျှော်မှန်းချက်များနှင့် အကြံပြုချက်များကို တိုက်ရိုက်သိရှိခဲ့ရသည့်အတွက် ကျေနပ်အားရမိပါသည်။

10
1
7
5
4
11

KT Care Foundation

KT Care Foundation