ငပုတောမြို့နယ် သက္ကယ်သောင်ရွာမှ အသက် ၁၉ နှစ် အရွယ် နှင်းရူပါအောင်သည် KT Care မှ ပညာသင်ဆု ရရှိထားသူတစ်ဦး ဖြစ်ပါသည်။ ယခု လက်ရှိတွင် သူမသည် ပုသိမ်တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ မေဂျာကို ဖြေဆိုထားပြီး စက်ရုံတွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ မိခင် တစ်ယောက်တည်း ဈေးရောင်းရင်းဝင်ငွေရှာရသည် ဖြစ်သောကြောင့် ကျောင်းတစ်နှစ်တက်နိုင်ရန်ပင် အဆင်မပြေဖြစ်ခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်တွင် KT Care Foundation ၏ ပညာသင်ဆုအစီအစဉ်မှ ရွေးချယ်ခြင်းခံခဲ့ရပြီး ထိုအချိန်မှစ၍ ယခင်လို စိတ်ပူစရာ အများကြီး မရှိတော့ပဲ အခက်အခဲမရှိ ကျောင်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ထပ်မံ၍လည်း ကျောင်းဆရာမကောင်း တစ်ယောက် ဖြစ်ရန် ရည်မှန်းထားသည့် မိမိအတွက် KT Care မှ ဆက်လက်ပညာ သင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခဲ့ခြင်းကို အထူးပင်ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့ပါသေးသည်။