KT Care ဖောင်ဒေးရှင်းမှ သာကေတမိကျောင်းကန်စခန်းတွင် မိကျောင်းစာသွားရောက်ကျွေးခြင်း

08 / 05 / 2019

KT Care ဖောင်ဒေးရှင်းအဖွဲ့မှ ဇူလိုင်(၃၀)ရက်နေ့တွင် သာကေတမိကျောင်းမွေးမြူရေးစခန်းသို့ အစာကျွေးရန် သွားရောက်ခဲ့ပါသည်။ သာကေတမိကျောင်းမွေးမြူရေးစခန်းသည် KT Care မှ လှူဒါန်းမှုကို လစဉ်ရရှိသော စခန်းဖြစ်ပါသည်။ ထိုစခန်းတွင် စုစုပေါင်း မိကျောင်း(၅၀၀)ကျော် ရှိကြောင်း တာဝန်ရှိသူတစ်ယောက်၏ ပြောပြချက်အရ သိရှိရပါသည်။ စခန်းတာဝန်ခံ ဒေါက်တာဦးမျိုးမင်းလှိုင်မှ KT Care အဖွဲ့ကို ကြိုဆိုပြီး မိကျောင်းများနှင့်ပတ်သတ်သည့် စိတ်ဝင်စားစရာအချက်များကို ရှင်းလင်းပြောပြခဲ့ပါသည်။ မိကျောင်းများသည် တစ်ခါဥ,ဥလျှင် အလုံးရေ ၂၀ အနည်းဆုံးဥပြီး အများဆုံး ၆၅လုံးမှ၇၀ထိ ဥနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ထို့ပြင် မိကျောင်းများ၏သဘာဝအရ မိကျောင်းများသည် ရှေ့တည့်တည့်မှ မမြင်နိုင်ပဲ ဘေးဘက်မှသာ မြင်နိုင်ကြောင်းကို စခန်းတာဝန်ရှိသူ တစ်ယောက်မှ လက်တွေ့ပြသခဲ့ပြီး သိရှိခဲ့ရပါသည်။ ကြမ်းတမ်းသော ပုံစံရှိသောကြောင့် မိကျောင်းအရေခွံကို မာကျော၍ ကိုင်တွယ်ရခက်မည်ဟု ယူဆခဲ့သော်လည်း အမှန်တွင် ပျော့ပျောင်းသော အရေခွံရှိကြောင်း တွေ့ရှိရ၍ တအံ့တသြဖြစ်ခဲ့ရပါသည်။ မိကျောင်းများ၏ နေထိုင်ပုံ အလေ့အထများကို လေ့လာလိုပါက သာကေတမိကျောင်းကန်စခန်းသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးလိုက်ပါသည်။

4
3
2
1
DSC_0301
crocodiles

KT Care Foundation

KT Care Foundation