KT Careမှ ပညာသင်ဆု ရရှိထားသူ

11 / 18 / 2019

KT Care ဖောင်ဒေးရှင်မှ ပညာသင်ဆု ရရှိထားသူ မနွေးနွေးနိုင်သည် ငပုတောမြို့နယ် ဇာတိဖြစ်ပါသည်။ သူမသည် လက်ရှိတွင် ပုသိမ်တက္ကသိုလ်၌ မြန်မာစာဒုတိယနှစ် တက်ရောက်နေပါသည်။ သူမ၏ မိသားစုတွင် ကျောင်းနေကလေး(၃)ယောက်ရှိပြီး ဝင်ငွေရရှိသူမှာ တစ်ဦးတည်းဖြစ်သည့်အတွက် တက္ကသိုလ်ဆက်တက်ရန် အခက်အခဲ တွေ့ခဲ့ရပါသည်။ မိမိသူငယ်ချင်းများ တက္ကသိုလ်တက်ရန် ပြင်ဆင်နေချိန်တွင် စီးပွားရေးအခြေအနေကြောင့်  တက္ကသိုလ်တက်ရောက်နိုင်လိမ့်မည်မဟုတ်ဟု တွေးကာ စိတ်ဓာတ်ကျခဲ့ရသည်ဟု ပြောခဲ့ပါသည်။ KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုအစီအစဉ်အကြောင်း သိရှိသောအခါ KT Care၏ပံ့ပိုးမှုဖြင့် တက္ကသိုလ်သို့တက်ရန် အခွင့်အရေးရှိသည်ဟု စဉ်းစားလိုက်မိသည်နှင့် သူမပျော်ရွှင်ခဲ့သည်။ KT Care ၏ ရည်ရွယ်ချက်များထဲမှတစ်ခုဖြစ်သော အခွင့်အလမ်းနည်းသောလူငယ်များအား သူတို့၏အိပ်မက်များကို အကောင်အထည်ဖော်ရန် ကူညီပံ့ပိုးပေရန်ဟူသော ဆောင်ပုဒ်နှင့် အညီ သူမသည်ပညာသင်ဆုအစီအစဉ်၏ ချီးမြှင့်ခံရသူတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ KT Care ၏ပံ့ပိုးမှုဖြင့် သူမ၏ နေထိုင်စရိတ်၊ အစားအစာနှင့် ကျောင်းပစ္စည်းများအတွက် အခကြေးငွေကို လွယ်လွယ်ကူ ပေးဆောင်နိုင်နေသည့်အတွက် KT Careအား ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသည်။ ထို့ပြင် “ အနာဂတ်မှာ KT Care ကို တတ်နိုင်သလောက် ကူညီပေးချင်တယ်” ဟုလည်း ထပ်မံပြောကြားခဲ့သည်။

Nway Nway Naing

KT Care Foundation

KT Care Foundation