မျက်စိ ခွဲစိတ်ကုသခြင်း

၂၀၁၄ ခုနှစ်မှစ၍ ရွေ့လျားဆေးခန်း စီမံကိန်းတွင် မျက်စိခွဲစိတ် ကုသ ပေးခြင်းကိုပါ တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။ မျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရသူများကို ကျွမ်းကျင် ဆရာဝန်များဖြင့် စိတ်ချရသော ခွဲစိတ်နည်း နာတို့ဖြင့် အခမဲ့ခွဲစိတ် ကုသပေး လျက်ရှိပါ သည်။ ၂၀၁၆ ခုနှစ်အထိ မျက်စိအ တွင်း တိမ် ဝေဒနာသည် ပေါင်း ၂၅၀ ကို အောင်မြင် စွာ ခွဲစိတ်ကုသ ပေးနိုင် ခဲ့ပြီး ဖြစ်ပါသည်။ မျက်စိအတွင်းတိမ်ခံစားနေရသူများမှာ နေ့စဉ် လူမှုဘဝလုပ်ငန်းများကို အဆင်ပြေချော့မွေ့စာ လုပ်ကိုင်နိုင်ခြင်းမရှိရာနေ ဘဝအရည် အသွေး များပါ ထိခိုက်ကျဆင်းစေပါသည်။ KT Care ဖောင်ဒေးရှင်းကနေ ကုသပေးခဲ့ သော လူနာများကို ကြည့်ပါက ဝင်ငွေနည်းပါးသော ကျေးလက်နေပြည်သူ များဖြစ်ကြ သည်။ ခွဲစိတ်ကုသပြီးသော ဝေဒနာရှင်များမှာ မျက်စိအလင်းကောင်း ရရှိကာ ပုံမှန် လူမှုဘဝတွင် ပျော်ရွှင်သာယာမှုများရရှိခံစားကြရသလို မိသားစု လိုအပ် ချက်များ ကို ပိုမိုဖြည့်ဆည်းပေးနိုင်ကြသည်။ မြန်မာနိုင်ငံတွင်းရှိ မျက်စိအတွင်းတိမ် ဝေဒနာရှင်များကို ကျွန်ုပ်တို့၏ စီမံကိန်းကနေတဆင့် ကူညီနိုင်ပါသည်။

dsc_0896
dsc_0898
dsc_0903
KT Care Foundation

KT Care Foundation