ဂရုဏာကလေးများ မေတ္တာရိပ်မြုံတွင် သွားရောက်လှူဒါန်းခြင်း

07 / 05 / 2019

KT Care ဖောင်ဒေးရှင်းမှ ဇွန်လ ၂၈ ရက် ၂၀၁၉ခုနှစ်တွင် မှော်ဘီမြို့ရှိ ဂရုဏာကလေးများ မေတ္တာရိပ်မြုံ သို့ အဝတ်အစားနှင့် အခြားလိုအပ်သောအသုံးအဆောင်များဝယ်ယူရန် ငွေကြေး ထောက်ပံ့ပေးခဲ့ပါသည်။ ဂရုဏာကလေးများ မေတ္တာရိပ်မြုံတွင် ယနေ့အချိန်ထိ နေထိုင်သူ ကလေးပေါင်း (၅၃)ယောက်ရှိပြီး ကလေးများ၏ စားဝတ်နေရေးနှင့် အထွေထွေကုန်ကျစရိတ်များအတွက် အလှူရှင်များအပေါ်တွင် မှီခိုနေရပါသည်။ ကလေးအများစုမှာ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ချင်း၊ ကချင်၊ ရှမ်း၊ ကယား လူမျိုးများ အများဆုံး ဖြစ်ပါသည်။ ဂရုဏာကလေးများ မေတ္တာရိပ်မြုံ၏ အုပ်ချုပ်သူ ဆရာမနှင်းဝေ၏ ပြောပြချက်အရ အလှူရှင်အများစုမှာ မိန်းကလေးအဝတ်အစားများကို လှူဒါန်းလေ့ရှိသောကြောင့် ယောကျ်ားလေးများအတွက် အဝတ်အစားများလိုအပ်နေကြောင်း သိရပါသည်။ ကျောင်းနေအရွယ် ရောက်နေပြီဖြစ်သော ကလေးများအတွက် ကျောင်းသုံးပစ္စည်းများနှင့် အခြားကုန်ကျစရိတ်များအတွက် အလှူငွေလိုအပ်နေသည်ဟုလည်း သိခဲ့ရပါသည်။ အလှူအတန်း ချစ်မြတ်နိုးသူတိုင်း ဂရုဏာကလေးများ မေတ္တာရိပ်မြုံ သို့ သွားရောက် ကူညီလှူဒါန်းရန် KT Care မှ တိုက်တွန်းလိုက်ပါသည်။

DSC_0125-01
DSC_0124-01
DSC_0122-01
DSC_0119-01
edited pic

KT Care Foundation

KT Care Foundation