ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ(ဒေါ်နော်ဆေးဖော)

07 / 31 / 2019

KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့လှူဒါန်းမှုကို ရရှိသွားသူ နောက်တစ်ယောက်မှာ ဒေါ်နော်စေးဖေါ ဖြစ်ပါသည်။ သူမသည် အသက်(၇၈)နှစ်ရှိပြီး ဘဝကို အကောင်းမြင်စိတ်ဓာတ်ဖြင့် နေထိုင်ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါသည်။ ဒေါ်နော်စေးဖေါတွင် သားသမီး၇ယောက်ရှိသော်လည်း သူမ၏ သားသမီးများမှာ ကိုယ်ပိုင်မိသားစုများရှိသည့်အပြင် စီးပွားရေားအဆင်မပြေသောကြောင့် သူမကိုမစောင့်ရှောက်နိုင်ကြသဖြင့် တစ်ယောက်တည်းနေထိုင်ပြီး အိမ်နီးချင်းများ၏ စောင့်ရှောက်မှုဖြင့် နေထိုင်နေရပါသည်။ ကိုယ်ပိုင်ဝင်ငွေမရှိသည့်အတွက် အိမ်နီးနားချင်းများဆီမှ ကျွေးမွေးခြင်း၊ ဈေးဆိုင်များမှ အကြွေးယူခြင်းဖြင့် နေ့စဉ်စားသောက်ရေးကို ဖြေရှင်းနေရပါသည်။ ရံဖန်ရံခါ ငွေကြေးလက်ခံရရှိသောအခါ ချေးယူထားသောငွေများကို ပြန်လည်ဆပ်သောကြောင့် အိမ်နီးနားချင်းများမှ သူမကိုကြည်ကြည်ဖြူဖြူ ငွေချေးကြကြောင်း သိရှိရပါသည်။ KT Care၏ တာဝန်ရှိသူများမှ ဒေါ်နော်စေးဖေါ၏ အခြေအနေကို သွားရောက်လေ့လာသောအခါ အခက်အခဲများစွာရှိသော်လည်း နေ့စဉ်ဘဝကို သတ္တိရှိရှိ၊ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်သည့်စိတ်ဓာတ်ကို တွေ့ရှိရသဖြင့် တအံ့တသြ ဖြစ်ခဲ့ရပါသည်။

KT Care Foundation

KT Care Foundation