အခွင့်အရေးတခုမှပြောင်းလဲပေးလိုက်သောဘဝတခု

09 / 01 / 2017

KT Care ဖောင်ဒေးရှင်းမှ သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ သထုံ၊ ပဲခူး၊ မော်လမြိုင်၊ မကွေး စသော မြို့နယ်များမှ နှုတ်ခမ်းကွဲ ၊ အာ ခေါင်ကွဲ ဝေဒနာရှင် (၁၈) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ဒေသမျိုးစုံက ဝင်ငွေနည်း မိသားစုများထဲမှ ကလေးငယ် (၁၁) ဦးနှင့် အရွယ်ရောက်သူ (၇) ခွဲစိတ်ပေးခဲ့ရာ အသက် ၂၇နှစ် အရွယ် မမြနှင်းမွေးလည်း အပါဝင်ဖြစ်သည်။
ဧရာဝတီတိုင်းဓနုဖြူမြို့နယ်တွင်နေထိုင်သည့် မမြနှင်းမွှေးသည် အသက်၂၇နှစ်ရှိပြီဖြစ်ကာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ သူမ၏မိဘများမှာ ကြုံရာအလုပ်ကိုလုပ်ကိုင်စား သောက်ရသူများဖြစ်သည်။
မမြနှင်းမွှေးသည် ဧရာဝတီတိုင်း ဓနုဖြူမြို့တွင်နေထိုင်ပြီး အသက် ၂၇နှစ်ရှိပြီဖြစ်ကာ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရခြင်းကြောင့် စားသောက်ရာမှာ ခက်ခက်ခဲခဲရှိလှသလို စကားပြောရာ မှာလည်း ခက်ခဲလှပါသည်။ အစားအစာစားသောအခါ အစာများပြန်ထွက်ကျလာတတ်ပြီး၊ စကား ပြောရာတွင်လည်းမပီမသရှိလှသည်။ အဖေဖြစ်သူဦးသန်းမွှေး မှာ ‘ကျွန်တော်တို့အနေနဲ့ဆိုရင်ကုသ ဖို့မတွေးရဲပါဘူးဗျာ။ အခုလို ကေတီကဲအဖွဲ့ကနေပြီးတော့ ဦးလေးတို့ကိုဒီလိုအခွင့်အရေးပေးခဲ့တာပါ။ အဲဒီအပေါ်မှာလည်း အလွန့်အလွန်ကျေနပ်အားရမိပါတယ်။’ ဟုပြောသွားခဲ့ပါသည်။
မမြနှင်းမွှေးက ‘ကျွန်မကိုယ့်ကိုယ်ကို အရမ်းရှက်ပါတယ်။ အပြင်သွားရတာလည်းရှက်တယ်။

 

Ma Mya Hnin Hmwe

 

ကုသဖို့ ကလည်းငွေကြေးမတတ်နိုင်ဘူးလေ။ အခုလိုကုသခွင့်ရတော့လည်း အရမ်းဝမ်းသာတယ်။ ဆေးကုပြီး လို့အိမ်ပြန်ရင် စက်ချုပ်တာပဲပြန်လုပ်မယ်။ စက်ချုပ်တာကိုဝါသနာပါတယ်။ အရမ်းကျွမ်းကျွမ်းကျင် ကျင်ကြီးတော့မဟုတ်ပေမယ့် နဲနဲပါးပါးချုပ်စားလို့ရပါတယ်။ ဘဝကိုလည်းကြိုးစားပြီး အကောင်းဆုံး ဖြတ်သန်းသွားမှာပါ။’
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေသူ မမြနှင်းမွှေးအခြေအနေက ယခင်ကထက်စာရင် အများကြီးပြောင်း လဲသွားခဲ့သလို စနစ်ကျသော ကျွမ်းကျင်ပညာရှင်များ၏ ခွဲစိတ်ပေးမှုကြောင့် ယခင်ကထက် ပိုကြည့် ကောင်းသွားပါသည်။ ထို့မျှမက တခြားသူများလို အရှက်အကြောက်ကင်းကင်း ယုံကြည်မှုရှိရှိဖြင့်သွား လာပြောဆိုနိုင်သလို အနာဂတ်တွင်လည်း အလုပ်လုပ်နိုင်စွမ်းရှိလာမည်ဟု ဖခင်ဖြစ်သူက ဆိုပါသည်။
KT Care ဖောင်ဒေးရှင်းနှင့် New look New life အဖွဲ့တို့မှ သြဂုတ်လအတွင်း မမြနှင်းမွှေးလိုနှုတ်ခမ်း ကွဲအာခေါင်ကွဲ လူနာပေါင်း (၁၈) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

KT Care Foundation

KT Care Foundation