ဝန်ထမ်းအသစ်မိတ်ဆက်

ငပုတောမြို့နယ်၊ သက္ကယ်သောင်ကျေးရွာမှ ဇော်မျိုးအောင်သည် KT Care မှ ပညာသင်ဆုရရှိထားသူ တစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် KT Care Foundation အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါသည်။ 2016 ခုနှစ်တွင် KT Care Foundation နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ပညာသင်ဆုအတွက် လျှောက်ထားခဲ့ရာမှ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ သူသည် ယခုနှစ်တွင် ပုသိမ်တက္ကသိုလ် မြန်မာစာမေဂျာ တတိယနှစ်ကို တက်ရောက်ရမည်ဖြစ်သည်။ ၂၀၁၉၊ဒီဇင်ဘာလတွင် ခေါ်ယူသော KT Care ၏ အလုပ်သင်အစီအစဥ်တွင် ဝင်ရောက်လျှောက်ထားရင်း စီမံကိန်းလက်ထောက်အလုပ်သင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။ စီမံကိန်းလက်ထောက်အလုပ်သင်အနေဖြင့် KT Care တွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲစီမံကိန်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတို့တွင် စီမံကိန်းအရာရှိကို ကူညီဆောင်ရွက်ပေးနေပါသည်။

1

KT Care မှ သက်မွေးဝမ်းကျောင်းပညာသင်ဆု ရရှိထားသူ

KT Care foundation ၏ ပထမဆုံးသော သက်မွေးဝမ်းကျောင်းပညာသင်ဆု ရရှိထားသူ မညိုမီလွင်သည် ယခုလတွင်  အောင်စေတနာ ဆေးဝါးကျွမ်းကျင် အကူသင်တန်းနှင့် သူနာပြုအကူသင်တန်းမှ သင်တန်းဆင်းလက်မှတ် ရရှိခဲ့ပြီဖြစ်ပါသည်။ စစ်တွေ တက္ကသိုလ်တွင် မြန်မာစာနောက်ဆုံးနှစ် တက်ရောက်နေသော သူမသည် ဆေးဆိုင်ဖွင့်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး မိသားစု စီးပွားရေးအကျပ်အတည်းကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် ဧရာဝတီတိုင်းမှ ဆရာတစ်ယောက်၏ ချိတ်ဆက်ပေးမှုဖြင့် KT Care Foundation အကြောင်းစတင်သိရှိခဲ့ပြီး ပညာသင်ဆုအတွက် လျှောက်ထားခဲ့ရာမှ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ KT Care မှ သက်မွေးဝမ်းကျောင်းပညာသင်ဆု မရရှိခင်က သူမသည် One-Stop Mart တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သင်တန်းတက်ချင်ခဲ့သော်လည်း ငွေကြေးအဆင်မပြေသောကြောင့် မတက်နိုင်ခဲ့ပါ။ ယခု သင်တန်းပြီးဆုံးချိန်တွင် သူမသည် Relief International တွင် livelihood assistant အဖြစ်လျှောက်ထားခဲ့ပြီး သူမ၏ရည်ရွယ်ချက်ဖြစ်သော ဆေးဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။

nyomilwin 1 (1)

၇၂ကြိမ်မြောက် လွပ်လပ်ရေးနေ့အား KT Care မှ ဂုဏ်ပြုပါ၏

ဇန်နဝါရီ ၄ ရက်နေ့သည် မြန်မာလူမျိုးများအတွက် အလွန်တန်ဖိုးရှိသော နေ့တစ်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် တရားဝင်ကြေငြာခဲ့ပြီး ဗြိတိသျှအုပ်စိုးမှု အဆုံးသတ်ခဲ့သည်။ ထိုနေ့မှစ၍ တိုင်းပြည်သည် လွတ်လပ်သော သမ္မတနိုင်ငံဖြစ်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံဟု အမည်တွင်ခဲ့သည်။ စပ်ရွှေသိုက်သည် ပထမဆုံးသမ္မတဖြစ်ခဲ့ပြီး ဦးနုကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ လွတ်လပ်ရေးနေ့သည် တရားဝင်သတ်မှတ်ထားသော အစိုးရပိတ်ရက် ဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများသည် လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ အစားအသောက်ပြိုင်ပွဲများ အပြင် တက္ကသိုလ်၊စာသင်ကျောင်း အသီးသီး၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် လွတ်လပ်ရေးနေ့ကို ကြိုဆိုကြပါသည်။

Happy 72nd Myanmar Independence Day! (1)

KT Care မှ ပညာသင်ဆုရရှိထားသူ

ငပုတောမြို့နယ် က္ကယ်သောင်ရွာမှ အသက် ၁၉ နှစ် အရွယ် နှင်းရူပါအောင်သည် KT Care မှ ပညာသင်ဆု ရရှိထားသူတစ်ဦး ဖြစ်ပါသည်။ ယခု လက်ရှိတွင် သူမသည် ပုသိမ်တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ မေဂျာကို ဖြေဆိုထားပြီး စက်ရုံတွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ မိခင် တစ်ယောက်တည်း ဈေးရောင်းရင်းဝင်ငွေရှာသည် ဖြစ်သောကြောင့် ကျောင်းတစ်နှစ်တက်နိုင်ရန်ပင် အဆင်မပြေဖြစ်ခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်တွင် KT Care Foundation  ပညာသင်ဆုအစီအစဉ်မှ ရွေးချယ်ခြင်းခံခဲ့ရပြီး ထိုအချိန်မှစ၍ ယခင်လို စိတ်ပူစရာ အများကြီး မရှိတော့ပဲ အခက်အခဲမရှိ ကျောင်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ထပ်မံ၍လည်း ကျောင်းဆရာမကောင်း တစ်ယောက် ဖြစ်ရန် ရည်မှန်းထားသည့် မိမိအတွက် KT Care မှ ဆက်လက်ပညာ သင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခဲ့ခြင်းကို အထူးပင်ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့ပါသေးသည်။

Hnin Yupar Aung (1)

မျက်စိ တိမ်ဖုံးဝေဒနာရှင်များကို KT Care မှ အခမဲ့ခွဲစိတ်ကုသပေး

မြန်မာနိုင်ငံသည် ကမ္ဘာတွင် မျက်စိကွယ်မှု အမြင့်ဆုံး နိုင်ငံတခုဖြစ်ပြီး ကျေးလတ်ဒေသများတွင် ၈.၁% ရှိသည်။ မျက်စိကွယ်ရသည့် အကြောင်းအရင်းများတွင် ၆၄%မှာ တိမ် ဖုံးခြင်း ၁၇% မှာ ရေတိမ်ဖြစ်ခြင်း ကြောင့် ဖြစ်သည်။ ကျေးလတ်ဒေသများတွင် မျက်စိမှုန်ခြင်းကို ၄၀.၄% အထိတွေ့ရပြီး ယင်းအနက် ရ၀%မှာ မျက်စိ တိမ်ဖုံးရာက ဖြစ်ပွားကြသည်။
မျက်စိ တိမ်ဖုံးခြင်း ဆိုသည်မှာ အမြင်အာရုံကို ဖြစ်စေသည့် မျက်လုံး မှန်ဘီလူးပေါ်တွင် တိမ်ဖုံးကွယ် ရာက အမြင်အာရုံ မရှင်းလင်း ဝေးဝါးသည့် လက္ခဏာဖြစ်သည်။ မျက်စိတိမ်ဖုံးခြင်းမှာ အသက်အ ရွယ်ကြီးမြင့် လာမှုနှင့် သက်ဆိုင်သည့် ကိုတွေ့ရပြီး အသက်ကြီးရွယ်အိုများတွင် တွေ့ရလေ့ရှိသော လက္ခဏာ တခု ဖြစ်သည်။
မျက်စိ တိမ်ဖုံးဝေဒနာ ခံစားရသူများ၏  အမြင်အာရုံ မှာ ရှင်းလင်းခြင်းမရှိ မှုန်ဝါးခြင်းကြောင့် ၎င်းတို့ လုပ်ငန်းဆောင်တာများကို  ထိခိုက် နှောင့်နှေးစေပါသည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး တို့တွင် များစွာ အဟန့်အတား ဖြစ်ကြရပါသည်။

edited 2

“မြင်သမျှ အကုန် ကို ၀ါးသွားတာ။ တော်တော် ဒုက္ခရောက်တာပဲ။ ကိုယ်လုပ်ချင်တာ တွေ ကောင်းကောင်းကို မလုပ်ရတော့ဘူး။ တရားအားထုတ်ဖို့ဘုန်းကြီးကျောင်းလဲ မသွားနိုင်တော့ဘူး ဟု အသက် ၅၈ နှစ်အရွယ် ချောက်မြို့နယ် ပုပ္ပကန်ကျေးရွာနေ ဒေါ်အုန်းကျင်က ပြောပါသည်။
KT Care ဖောင်ဒေးရှင်း အနေဖြင့် မျက်စိတိမ်စွဲ လူနာများကို ခွဲစိတ်ကုသပေးနိုင်ရန် ဒေသအနှံ့အပြား နှင့် ချိတ်ဆက်ကာ ကွန်ရက် ဆက်ဆံရေး တည်ဆောက်ထားပါသည်။ ယင်းကွန်ရက်ကတဆင့် မျက်လုံးတိမ်စွဲ ဝေဒနာရှင်များကို ခွဲစိတ်ကုသ ပေးနိုင်ရန် ရှာဖွေစုဆောင်းကာ ခွဲစိတ်ကုသ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
“အခုတော့ KT Care ကနေ ကျောက်ပန်းတောင်းဆေးရုံးမှာ ခွဲစိတ်ပေးပါတယ်။ မျက်လုံးတိမ်ကို ဖယ်လိုက်တော့ တော်တော်ကို အမြင်ကြည်လင်သွားတယ်ကွယ့်။ အရမ်းကိုပျော်တာ။ အရင်အတိုင်း ဘုန်းကြီးကျောင်းသွားပြီး တရားအားထုတ်တာပြန်လုပ်လို့ရပြီ” ဟု ၎င်းက ၀မ်းပန်းတသာဖြင့် ဆိုသည်။
KT Care ဖောင်ဒေးရှင်းမှ မျက်စိတိမ်ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျေးလတ်ဒေသများတွင် ဖွင့်လှစ်ပေးသည့် ရွေ့လျား ဆေးကုသစီမံကိန်းတွင် ပေါင်းစပ်ထည့်သွင်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ၀င်ငွေနည်းပါးမိသားစုများမှ မျက်လုံးတိမ်စွဲဲ ဝေဒနာရှင် ၆၃ ဦးကို အောင်မြင်စွာ ဖြင့် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအနှ့ံအပြားမှ မျက်စိ တိမ်ဖုံးဝေဒနာရှင်များအနေဖြင့် KT Care Foundation သို့ info@ktcare.org ကဖြစ်စေ၊   +951 527522 ၊ +951 527516 ကဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။