အခွင့်အရေးတခုမှပြောင်းလဲပေးလိုက်သောဘဝတခု

KT Care ဖောင်ဒေးရှင်းမှ သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ သထုံ၊ ပဲခူး၊ မော်လမြိုင်၊ မကွေး စသော မြို့နယ်များမှ နှုတ်ခမ်းကွဲ ၊ အာ ခေါင်ကွဲ ဝေဒနာရှင် (၁၈) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ဒေသမျိုးစုံက ဝင်ငွေနည်း မိသားစုများထဲမှ ကလေးငယ် (၁၁) ဦးနှင့် အရွယ်ရောက်သူ (၇) ခွဲစိတ်ပေးခဲ့ရာ အသက် ၂၇နှစ် အရွယ် မမြနှင်းမွေးလည်း အပါဝင်ဖြစ်သည်။
ဧရာဝတီတိုင်းဓနုဖြူမြို့နယ်တွင်နေထိုင်သည့် မမြနှင်းမွှေးသည် အသက်၂၇နှစ်ရှိပြီဖြစ်ကာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ သူမ၏မိဘများမှာ ကြုံရာအလုပ်ကိုလုပ်ကိုင်စား သောက်ရသူများဖြစ်သည်။
မမြနှင်းမွှေးသည် ဧရာဝတီတိုင်း ဓနုဖြူမြို့တွင်နေထိုင်ပြီး အသက် ၂၇နှစ်ရှိပြီဖြစ်ကာ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရခြင်းကြောင့် စားသောက်ရာမှာ ခက်ခက်ခဲခဲရှိလှသလို စကားပြောရာ မှာလည်း ခက်ခဲလှပါသည်။ အစားအစာစားသောအခါ အစာများပြန်ထွက်ကျလာတတ်ပြီး၊ စကား ပြောရာတွင်လည်းမပီမသရှိလှသည်။ အဖေဖြစ်သူဦးသန်းမွှေး မှာ ‘ကျွန်တော်တို့အနေနဲ့ဆိုရင်ကုသ ဖို့မတွေးရဲပါဘူးဗျာ။ အခုလို ကေတီကဲအဖွဲ့ကနေပြီးတော့ ဦးလေးတို့ကိုဒီလိုအခွင့်အရေးပေးခဲ့တာပါ။ အဲဒီအပေါ်မှာလည်း အလွန့်အလွန်ကျေနပ်အားရမိပါတယ်။’ ဟုပြောသွားခဲ့ပါသည်။
မမြနှင်းမွှေးက ‘ကျွန်မကိုယ့်ကိုယ်ကို အရမ်းရှက်ပါတယ်။ အပြင်သွားရတာလည်းရှက်တယ်။

 

Ma Mya Hnin Hmwe

 

ကုသဖို့ ကလည်းငွေကြေးမတတ်နိုင်ဘူးလေ။ အခုလိုကုသခွင့်ရတော့လည်း အရမ်းဝမ်းသာတယ်။ ဆေးကုပြီး လို့အိမ်ပြန်ရင် စက်ချုပ်တာပဲပြန်လုပ်မယ်။ စက်ချုပ်တာကိုဝါသနာပါတယ်။ အရမ်းကျွမ်းကျွမ်းကျင် ကျင်ကြီးတော့မဟုတ်ပေမယ့် နဲနဲပါးပါးချုပ်စားလို့ရပါတယ်။ ဘဝကိုလည်းကြိုးစားပြီး အကောင်းဆုံး ဖြတ်သန်းသွားမှာပါ။’
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေသူ မမြနှင်းမွှေးအခြေအနေက ယခင်ကထက်စာရင် အများကြီးပြောင်း လဲသွားခဲ့သလို စနစ်ကျသော ကျွမ်းကျင်ပညာရှင်များ၏ ခွဲစိတ်ပေးမှုကြောင့် ယခင်ကထက် ပိုကြည့် ကောင်းသွားပါသည်။ ထို့မျှမက တခြားသူများလို အရှက်အကြောက်ကင်းကင်း ယုံကြည်မှုရှိရှိဖြင့်သွား လာပြောဆိုနိုင်သလို အနာဂတ်တွင်လည်း အလုပ်လုပ်နိုင်စွမ်းရှိလာမည်ဟု ဖခင်ဖြစ်သူက ဆိုပါသည်။
KT Care ဖောင်ဒေးရှင်းနှင့် New look New life အဖွဲ့တို့မှ သြဂုတ်လအတွင်း မမြနှင်းမွှေးလိုနှုတ်ခမ်း ကွဲအာခေါင်ကွဲ လူနာပေါင်း (၁၈) ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

ငပုတော မြို့နယ်က KT Care စေတနာ့ဝန်ထမ်း ဦးတင်ထူး

ကျွန်တော်အမည်က ဦးတင်ထူး ပါ။ ငပုတောမြိ့နယ် မသန်စွမ်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဆိုရင် ဒီဒေသမှာ နှုတ်ခမ်းကွဲညအာခေါင်ကွဲ မွေးကင်းစ ကလေးတချို့ ရှိနေ ပါတယ်။ အဓိက အကြောင်းအရင်းကတော့ အာဟာရပြည့်ဝ တဲ့အစားအစာ မရရှိတာ ၊ ကျန်းမာရေးအသိ ပညာ နည်းပါးတာ နဲ့ မိသားစုငွေဝင်နည်းတာတွေ ကြောင့် ဒီလို ကလေးငယ်တွေ မွေးဖွားတာ လို့ ထင်မိပါတယ်။
KT Care နဲ့ အတူ စေတနာ ၀န်ထမ်း လုပ်လာတာ ၂ နှစ်ရှိပါပြီ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာတွေ ကို လိုက်ရှာ တယ် ပြီးတော့ သူတို့ကို ရန်ကုန်မှာ ခွဲစိတ်ကုသနိုင်အောင် လိုက်လံပို့ဆောင်လျက်ရှိပါတယ်။ KT Care ကနေ ရွာက ကလေးတွေကို  အခုချိန် အထိ ခွဲစိတ်ကုသပြုပြင် ပေးခဲ့တာ ၁၅ ဦးအထိိ ရှိခဲ့ပါတယ်။ ဒီမတ်လ ထဲမှာလဲ ကလေးသုံးဦး ခွဲစိတ် နိုင်ဖို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးတွေကို ခွဲစိတ်ကုသပေးပြီး အသွင်အပြင်လက္ခဏာ ပြောင်းလဲ ပေး တာကနေ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ဂုဏ်ရှိရှိ ယုံကြည်မှု ရှိရှိ နဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့  KT Care ကနေ ကူညီနေတာလို့ ထင်မြင်မိ ပါတယ်။

KT Care Volunteer

KT Care Foundation မှ နှစ်စဉ် ပေးအပ်လျက်ရှိသည့် ပညာသင်ဆုအစီအစဉ်

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန သို့  KT Care Foundation မှ ပေးအပ် လှူဒါန်းသည့် အပ်ချုပ်စက်အလှူ အခမ်းအနား ကို မတ် ၁၆ ၂၀၁၇ တွင် ပြုလုပ်ခဲ့ပါသည်။ KT Care Foundation ဒါရိုက်တာ ဦးပိုင်စိုးကျော်မှ KT Care မှ နှစ်စဉ် ပေးအပ်လျက်ရှိသော ပညာသင်ဆု စီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည့် အပေါ် မြန်မာရုပ်မြင်သံကြား သတင်းစဉ်မှ ထုတ်လွှင်ဖော်ပြခဲ့ပါသည်။

KT Care Foundation မှ ၂၀၁ရခုနှစ်အတွင်း အမျိုးသမီး ၁ဝဝဝကျော် ကိုကျန်းမာရေး အသိသင်တန်း ပေးမည်

KT Care Foundation မှ ၂၀၁ရခုနှစ်အတွင်း အမျိုးသမီး ၁ဝဝဝကျော်ကိုကျန်းမာရေး အသိသင်တန်းပေးသွားမည်ဟုသိရသည်။

အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို KT Care Foundation အနေဖြင့် လှည်းကူးမြို့နယ်စက်မှုဇုန်များရှိ အမျိုးသမီးလုပ်သား များကို စတင်သင်တန်းပေးသွား မည်ဖြစ်ကြောင်း ၄င်းဖောင်ဒေးရှင်းဒါရိုက်တာ ဒေါက်တာပိုင်စိုးကျော်ကပြောသည်။
“ အမျိုးသမီးတွေကိုအဓိကထားပြီးစီမံချက်ရှိပါတယ်။ အဲ့ဒီစီမံချက်ကတော့ စက်ရုံအလုပ်ရုံတွေက အ မျိုးသမီးလုပ်သားတွေအကုန်လုံးကိုကျန်း မာရေးနဲ့ပ တ်သက်တဲ့အသိပညာ gender နဲ့ပတ်သက်တဲ့ သင် တန်းတွေပေး ဖို့ရှိတယ်။ လောလောဆယ်တော့ အမျိုးသမီး၁၃ဝဝလောက် ကိုပေးဖို့ စီစဉ်ထားတယ်” ဟု ဒေါက်တာပိုင်စိုးကျော်က ပြောသည်။
အဓိကအားဖြင့် လှည်းကူးမြို့နယ်မှ အမျိုးသမီးများကို ဦးစွာသင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် အဆိုပါအစီစဉ်ကိုစတင်နိုင်ရန်အတွက်ကိုလည်း သက်ဆိုင် ရာအဖွဲ့ စည်းများဖြင့် ညှိနှိုင်း ဆွေးနွေးနေပြီး ဒေတာအချက် အလက်များ ကိုကောက်ခံသွားမည်ဖြစ်ကာ သင်တန်းဖွင့်လှစ်သွား မည်ဖြစ် ကြောင်း ဒေါက်တာပိုင်စိုးကျော် ကပြောသည်။
KT Care Foundation သည် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊ ကျေးလက်နေပြည် သူများ ၏ကျန်းမာရေး စောက်ရှောက်မှု၊ မျက်လုံးခွဲစိ တ်ကုသပေးမှု၊ ပညာသင်စရိတ်ထောက်ပံ့ခြင်းစသည့် လုပ်ငန်းများ ကိုဆောင်ရွက်နေ သည့်အဖွဲ့စည်းဖြစ်သည်။

Source: Myanmar Future News

DSC_0260

မျက်စိကျန်းမာရေးစစ်တမ်း ဧပြီလကုန် စကောက်မည်

မြန်မာနိုင်ငံ မျက်စိရောဂါဖြစ်ပွားမှုအခြေအနေများကို ကိုယ်စားပြုနိုင်မည့် မျက်စိကျန်းမာရေး
စစ်တမ်းကို ဧပြီလနောက်ပိုင်းတွင်စတင် ကောက်ယူနိုင်ရန် စီစဉ်နေကြောင်းရန်ကုန်မျက်စိ
ဆေးရုံကြီးက ဆေးရုံအုပ်ကြီးပါမောက္ခ ဦးတင်ဝင်းက မတ် ၂၁ ရက်တွင် ပြောသည်။

အဆိုပါ မျက်စိကျန်းမာရေးစစ်တမ်းကို တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် ဧရိယာ ၁၁ ခုတွင်
ကောက်ယူမည်ဖြစ်ပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊
မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

”တစ်နိုင်ငံလုံက ဖြစ်ပွားမှုကို ကိုယ်စားပြုနိုင်အောင် ဒီစစ်တမ်းကောက်တာပါ။ ရာသီဥတု၊
ပတ်ဝန်းကျင်၊ စီပွားရေစတဲ့ နယ်မြေအနေအထား တူတဲ့နေရာတွေကို တစ်ခုစီရွေးချယ်ထား
တယ်။ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ စနစ်တကျ တွက်ချက်ပြီးကောက်ယူမှာဖြစ်တယ်။
သင်္ကြန်ကျော်ရင် စစ်တမ်းကောက်ယူရာမှာ ပါမယ့်သူတွေကို သင်တန်းပေးဖို့ရှိတယ်”ဟု
ပါမောက္ခဦးတင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းတာကိုယ်စားပြုသည့် မျက်စိကျန်းမာရေးစစ်တမ်းကို
၁၉၉၇ ခုနှစ်က ကောက်ယူခဲ့ပြီးနောက်ပိုင်း ထပ်မံကောက်ယူထားခြင်း မရှိသောကြောင့်
ခေတ်နှင့်အညီ မျက်စိရောဂါ ဖြစ်ပွားမှုအခြေအနေများကို သိရှိစေရန်ကောက် ယူခြင်းဖြစ်ကြောင်း၄င်းက ပြော သည်။

”ှုဗဏြ က ပညာရှင်တွေက စစ်တမ်းကောက်ယူဖို့ နည်းပညာတွေကို သင်တန်းပေးပါမယ်။
ကျွန်တော်တို့ရည်ရွယ်ချက်က တိကျတဲ့ ကိန်းဂဏန်း အချက်အလက်တွေ ရဖို့ပါ။ ဒါမှ အချက်
အလက်အပေါ် အခြေခံပြီး ဆောင်ရွက်တဲ့စီမံကိန်းတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာက ၁၉၉၇ ခုနှစ်တုန်းက အချက်အလက်တွေကိုပဲ အသုံးပြုနေရတယ်။ နှစ်စဉ်
ခရိုင်အလိုက် လုပ်တဲ့ စစ်တမ်းတွေရှိပေမဲ့ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတဲ့အတွက် ဒီစစ်တမ်းကို
လုပ်တာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

၁၉၉၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် မျက်မမြင်ဖြစ်ပွားမှုနှုန်းမှာ လူ ၁,ဝဝဝတွင်
ခြောက်ယောက်ခန့်ရှိသည်။ မျက်စိရောဂါများအနက် အတွင်းတိမ်ရောဂါမှာအများဆုံးဖြစ်ပြီး
အတွင်းတိမ်ဖြစ်ပွားမှုမှာ ၆ဝ ရာခိုင်နှုန်း၊ ရေတိမ်မှာ ဒုတိယအများဆုံးဖြစ်ကာ၂ဝ ရာခိုင်နှုန်းခန့်
ရှိသည်။

တစ်နိုင်ငံလုံးတွင် မျက်စိစင်တာပေါင်း ၇၄ ခုရှိပြီး ဗဟိုအဆင့်၊ ခရိုင်အဆင့်နှင့် တိုင်းအဆင့်
ဆေးရုံများတွင် တွဲဖက်ဖွင့်လှစ်ထားပြီး ယမန်နှစ်က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကလူနာပေါင်း ၁ဝဝ,ဝဝဝကျော် ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ ကြောင်းရန် ကုန်မျက်စိဆေးရုံကြီးထံမှသိရသည်။

”ကျွန်တော် ထင်းပေါက်ရင်းနဲ့ မတော်တဆမျက်စိ ခိုက်မိသွားလို့ လာပြတာပါ။ ဆေးကုတာရော၊
စစ်တာရော အကုန်အခမဲ့ရတယ်လေ၊ အခက်အခဲတော့ မဖြစ်ပါဘူး။ မျက်စိကတိမ် လည်းရှိတယ်၊လာတော့မပြဖြစ် ဘူး။ အခုလို ထိခိုက်မှ လာပြဖြစ်တာ”ဟု ဧရာဝတီတိုင်းမှ မျက်စိဆေးရုံသို့လာရောက်ပြသသည့် လူနာတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်ပါကမျက်စိကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိလာပြီဖြစ်သော်လည်း လိုအပ်နေသေးကြောင်း ပါမောက္ခ ဦး တင်ဝင်းက ပြောသည်။

မျက်စိရောဂါများအနက် အတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာတွင်ဖြစ်သောရောဂါ၊ အာရုံ လွှာတွင်ဖြစ်သော ရောဂါများနှင့် ထိခိုက်မှုကြောင့်ဖြစ် သည့် ရောဂါများ အဖြစ်များသည်ဟု ဆိုသည်။

DSC_0406

Source: Myanmar Time

သူငယ်အိမ်စောင်းနေသော ကလေးများကို (၈)နှစ်မတိုင်မီ ကုသရန်လို

ကလေးများ၌ သူငယ် အိမ်စောင်းခြင်းကို အသက်(၈) နှစ်မတိုင်မီ အချိန်မီကုသမှသာ မျက်စိစွေခြင်းနှင့် အမြင်ဆုံးရှုံး ခြင်းမဖြစ်ရန် ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ပြောသည်။

‘‘ကလေးငယ်တွေမှာ မျက်စိ စွေတာကို (၈)နှစ်သားအထိမှာအ ချိန်မီကုသနိုင်ရန်ပြန် တည့်နိုင်ရင် အမြင်က နဂိုအတိုင်းပြန်ရမယ်။ အသက်(၁၂)နှစ်လောက်နောက် ပိုင်းကျမှကု သရင်တော့ မျက်စိစွေ တာပြန်တည့်နိုင်ပေမယ့် အမြင်မ ရနိုင်ဘူး။ စောစောသိဖို့လိုတယ်’’ ဟု ဒေါက်တာတင်ဝင်းကဆိုသည်။

မျက်စိစွေခြင်း၌ မွေးရာပါ စွေခြင်း၊ မျက်လုံးနှစ်ဖက် အမြင်အာရုံကွာခြားခြင်းကြောင့် မျက်စိစွေခြ င်းနှင့် အာရုံကြောဆိုင်ရာရောဂါများကြောင့်ဖြစ်နိုင်ပြီး ကလေးနှင့်လူကြီးတွင် ဖြစ်ရသည့် အကြောင်းရင်း ကွာခြားမှုမရှိပေ။

‘‘မျက်စိစွေတာက သာမန် ကြည့်ရုံနဲ့ စွေတာသိနိုင်တာလည်း ရှိသလို တချို့ကျတော့ စက်ကိရိ ယာတွေနဲ့ဘယ်လောက်ဒီဂရီစွေ လဲဆိုတာ တိုင်းပြီးကုရတယ်။ မျက်လုံးနှစ်ဖက်အမြင်အာရုံမတူတာကြတော့ အမြင်နည်းတဲ့ မျက်လုံးက စွေသွားတာလည်းရှိတယ်။ အမြင်နည်းတယ်ဆိုလည်း သူ့ဟာသူမွေးရာပါအမြင်နည်းတာလား၊ ရောဂါတစ်ခုခုကြောင့်လား၊ အကြောင်းရင်းကဘာလဲ အဲဒါကိုရှာရတယ်။ တချို့တွေကျတော့ အာရုံကြောရောဂါကြောင့် ဖြစ်တာလည်းရှိတယ်။ ရောဂါရှာဖို့က အရေးကြီးတယ်’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ဆိုသည်။

ထို့ကြောင့် မွေးစမှ အသက် (၈)နှစ်အထိ သူငယ်အိမ်စောင်း ခြင်းကို အချိန်မီပြုပြင်နိုင်ရေး ရောဂါဖြစ်မှုအခြေအနေကို စောစီးစွာသိရှိရန်နှင့်သိရှိပါကအချိန်မီကုသမှုခံယူရန် ၎င်းက တိုက်တွန်းအကြံပြုသည်။

eye-check_1Source: 7Days

မျက်စိ တိမ်ဖုံးဝေဒနာရှင်များကို KT Care မှ အခမဲ့ခွဲစိတ်ကုသပေး

မြန်မာနိုင်ငံသည် ကမ္ဘာတွင် မျက်စိကွယ်မှု အမြင့်ဆုံး နိုင်ငံတခုဖြစ်ပြီး ကျေးလတ်ဒေသများတွင် ၈.၁% ရှိသည်။ မျက်စိကွယ်ရသည့် အကြောင်းအရင်းများတွင် ၆၄%မှာ တိမ် ဖုံးခြင်း ၁၇% မှာ ရေတိမ်ဖြစ်ခြင်း ကြောင့် ဖြစ်သည်။ ကျေးလတ်ဒေသများတွင် မျက်စိမှုန်ခြင်းကို ၄၀.၄% အထိတွေ့ရပြီး ယင်းအနက် ရ၀%မှာ မျက်စိ တိမ်ဖုံးရာက ဖြစ်ပွားကြသည်။
မျက်စိ တိမ်ဖုံးခြင်း ဆိုသည်မှာ အမြင်အာရုံကို ဖြစ်စေသည့် မျက်လုံး မှန်ဘီလူးပေါ်တွင် တိမ်ဖုံးကွယ် ရာက အမြင်အာရုံ မရှင်းလင်း ဝေးဝါးသည့် လက္ခဏာဖြစ်သည်။ မျက်စိတိမ်ဖုံးခြင်းမှာ အသက်အ ရွယ်ကြီးမြင့် လာမှုနှင့် သက်ဆိုင်သည့် ကိုတွေ့ရပြီး အသက်ကြီးရွယ်အိုများတွင် တွေ့ရလေ့ရှိသော လက္ခဏာ တခု ဖြစ်သည်။
မျက်စိ တိမ်ဖုံးဝေဒနာ ခံစားရသူများ၏  အမြင်အာရုံ မှာ ရှင်းလင်းခြင်းမရှိ မှုန်ဝါးခြင်းကြောင့် ၎င်းတို့ လုပ်ငန်းဆောင်တာများကို  ထိခိုက် နှောင့်နှေးစေပါသည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး တို့တွင် များစွာ အဟန့်အတား ဖြစ်ကြရပါသည်။

edited 2

“မြင်သမျှ အကုန် ကို ၀ါးသွားတာ။ တော်တော် ဒုက္ခရောက်တာပဲ။ ကိုယ်လုပ်ချင်တာ တွေ ကောင်းကောင်းကို မလုပ်ရတော့ဘူး။ တရားအားထုတ်ဖို့ဘုန်းကြီးကျောင်းလဲ မသွားနိုင်တော့ဘူး ဟု အသက် ၅၈ နှစ်အရွယ် ချောက်မြို့နယ် ပုပ္ပကန်ကျေးရွာနေ ဒေါ်အုန်းကျင်က ပြောပါသည်။
KT Care ဖောင်ဒေးရှင်း အနေဖြင့် မျက်စိတိမ်စွဲ လူနာများကို ခွဲစိတ်ကုသပေးနိုင်ရန် ဒေသအနှံ့အပြား နှင့် ချိတ်ဆက်ကာ ကွန်ရက် ဆက်ဆံရေး တည်ဆောက်ထားပါသည်။ ယင်းကွန်ရက်ကတဆင့် မျက်လုံးတိမ်စွဲ ဝေဒနာရှင်များကို ခွဲစိတ်ကုသ ပေးနိုင်ရန် ရှာဖွေစုဆောင်းကာ ခွဲစိတ်ကုသ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
“အခုတော့ KT Care ကနေ ကျောက်ပန်းတောင်းဆေးရုံးမှာ ခွဲစိတ်ပေးပါတယ်။ မျက်လုံးတိမ်ကို ဖယ်လိုက်တော့ တော်တော်ကို အမြင်ကြည်လင်သွားတယ်ကွယ့်။ အရမ်းကိုပျော်တာ။ အရင်အတိုင်း ဘုန်းကြီးကျောင်းသွားပြီး တရားအားထုတ်တာပြန်လုပ်လို့ရပြီ” ဟု ၎င်းက ၀မ်းပန်းတသာဖြင့် ဆိုသည်။
KT Care ဖောင်ဒေးရှင်းမှ မျက်စိတိမ်ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျေးလတ်ဒေသများတွင် ဖွင့်လှစ်ပေးသည့် ရွေ့လျား ဆေးကုသစီမံကိန်းတွင် ပေါင်းစပ်ထည့်သွင်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ၀င်ငွေနည်းပါးမိသားစုများမှ မျက်လုံးတိမ်စွဲဲ ဝေဒနာရှင် ၆၃ ဦးကို အောင်မြင်စွာ ဖြင့် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအနှ့ံအပြားမှ မျက်စိ တိမ်ဖုံးဝေဒနာရှင်များအနေဖြင့် KT Care Foundation သို့ info@ktcare.org ကဖြစ်စေ၊   +951 527522 ၊ +951 527516 ကဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ အရေအတွက် များပြားနေဆဲ

နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်း ဆိုသည်မှာ သန္ဓေသားလောင်း စတင်ဖွံ့ဖြိုးစကာလတွင် တွေ့ရသော ခံတွင်းနှင့် မျက်နှာသွင်ပြင်ပုံစံပျက်ယွင်းခြင်း တစ်မျိုးဖြစ်သည်။ မိခင်ဖြစ်သူ၏ နေထိုင်စားသောက်မှုပုံစံ ကိုယ်ဝန်ဆောင်ကာလတွင်း သုံးစွဲသည့် ဆေးဝါး နှင့် မျိုးရိုဗီဇ ဆက်စပ်မှု စတဲ့အကြောင်းအရင်း များကြောင့်  နှုတ်ခမ်းကွဲ အာခေါင်ကွဲ အဖြစ် မွေးဖွားလာကြသည်။ အချို့ကလေးများတွင် ဇီဝဖြစ်စဉ် ပြောင်းလဲမှုကြောင့် ယင်းရောဂါလက္ခဏာတွေ့ရသည်။

CDC သုတေသန လေ့လာချက်အရ နှုတ််ခမ်း ကွဲ အာခေါင်ကွဲ အဖြစ်မွေးလာသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ ဆေးလိပ်သောက်သုံး တက် သော ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ သည်အမျိုးသမီးများ အတက် ရောဂါ ကုသဆေးများ တာရှည်စွဲသောက် သည့် ကိုယ်ဝန် ဆောင်အမျိုးသမီးတို့သည် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးမွေးဖွားနိုင်ချေ ပိုများကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ဝေးလံဒေသများရှိ လူမှုစီးပွား နိမ့်ပါးသော မိသားစုများတွင် ယင်းနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးငယ်များကို တွေ့ရလေ့ရှိသည်။ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံ၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေးငယ် ပေါင်း ၆၀၀၀ မှ ၈၀၀၀ အထိ နှစ်စဉ်မွေးဖွား လျက်ရှိသည်။ “ဒီကလေးငယ်တွေကို ကုသပေးမယ့် ဆေးရုံ မလုံလောက်တာကြောင့်  လူနာနဲ့ ကုသပေးနိုင်တဲ့အတိုင်းအတာက ကွာဟနေတုန်းပဲ” ဟု New Look New Light အဖွဲ့မှ ဒေါက်တာ သီဟမြင့်က ပြောပါသည်။

7

KT Care Foundation အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ယင်းကလေးငယ်များ ဘဝပြောင်းလဲတိုး တက်နိုင်ရေးအတွက် နှုတ််ခမ်းကွဲ ၊အာခေါင်ကွဲ ခွဲစိတ်ကုသရေး စီမံကိန်း ၂၀၁၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ “ New Look New Light အဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ပုံမှန် ခွဲစိတ်ကုသပေးနေပါတယ်။ ပုံမှန် အစီအစဉ်ကနေ တစ်လ ၅ ဦးနှုန်း ခွဲစိတ်ကုသပေးနေတာပါ။ ဒီ ၂၀၁၆ ခုနှစ်မှာ အနယ်နယ်အရပ်ရပ်က လူနာပေါင်း ၅၃ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်” ဟု KT Care Foundation မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ပိုင်စိုးကျော်က ပြောပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ခွဲဲစိတ်ခံလိုသူ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာရှင်များ မှ KT Care Foundation သို့ info@ktcare.org သို့မဟုတ်  +951 527522 နှင့် +951 527516 ကနေဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Source:MOI,KT Care Foudation, CDC research

ကလေးများကို ကျန်းမာရေးနှင့်အညီ စားသုံးစေလိုပါက တီဗီပိတ်ထားပေးပါ

ကလေးများကို ကျန်းမာရေးနှင့်အညီ စားသုံးစေလိုပါက တီဗီပိတ်ထားပေးပါ
ရုပ်မြင်သံကြားဖွင့်၍ ညစာစားသုံးသော မိသားစုများသည် ကျန်းမာရေးနှင့် ညီညွတ်မှုနည်းသော အစားအစာများ ပိုမိုစားသုံး တတ်ပြီး တီဗီပိတ်ထားသော မိသားစုများသည် အစားအသောက်ကို ပိုမိုခုံမင်စွာ စားသောက်ကြသည်ဟု သုတေသီများကပြောသည်။

‘‘မိသားစု ထမင်းဝိုင်းဟာ ကလေးကျန်းမာရေးအစိတ်အပိုင်း အများအပြားကို ကာကွယ်ပေးပါတယ်’’ဟု Appetite ဂျာနယ် ဆောင်းပါး ဦးဆောင်ရေးသားသူ အမန်ဒါထရော့မော့စ်က ပြော သည်။ ထမင်းစားချိန်တွင် ကလေးငယ်များ၏ အခြေအနေကို လေ့ လာပြီး အစားအသောက်ကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးရေး သင်ကြားပေးနိုင်သည်ဟု ၎င်းကဆိုသည်။

ရုပ်မြင်သံကြား ဖွင့်ထားခြင်းကြောင့် မိသားစုဝင်များကြား ဆက်သွယ်မှုကို လျော့ကျစေပြီး အစားအသောက်၏ ကျန်းမာရေး ကာကွယ်ပေးမှု အကျိုးကျေးဇူးများ ပျောက်ကွယ်သွားစေသည်ဟု ထရော့မော့စ်ကပြောသည်။

ထမင်းစားစဉ် ရုပ်သံကြည့်ခြင်းနှင့် ကလေးငယ်များ အဝလွန် မှုကြား ဆက်စပ်မှုကို လေ့လာရန် သုတေသီများက အသက်(၆)နှစ် နှင့် (၁၂)နှစ်ကြား ကလေးငယ်များ ပါဝင်သော မိသားစု ၁၂၀ ကို ဗီဒီယိုရိုက်ကူး၍ သုတေသီများက ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။

၎င်းမိသားစု သုံးပုံတစ်ပုံကသာ ထမင်းစားချိန်နှစ်ချိန်တွင် ရုပ်သံပိတ်ထားကြပြီး လေးပုံတစ်ပုံက ထမင်းစားချိန်တစ်ခု၌သာ ရုပ်သံဖွင့်ထားကြသည်။ ၄၃ ရာခိုင်နှုန်းက နှစ်ချိန်စလုံးတွင် ရုပ်သံဖွင့် ထားကြသည်။

ရုပ်သံမဖွင့်ဘဲ ထမင်းစားသော မိသားစုများသည် ရုပ်သံဖွင့်၍ ထမင်းစားသော မိသားစုများ ထက် အစားအသောက်ကို ပိုမိုခုံမင်စွာ စားသုံးကြကြောင်းနှင့် ကျန်း မာရေးနှင့်ညီသော အစားအစာများကို ပိုမိုစားသုံးဖြစ်ကြကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

Source: 7Days Journal71c26dc5gw1ev3za1iyrzj20iy0bwmze

ပြုံးပန်းဝေတိုး … ရွှန်းလဲဖြိုး

လေးမျက်နှာ ၊ မအူပင်၊ ငပုတော၊ ဟင်္သာတ ၊ စလင်းကြီး ၊ မုံရွှာ စသော မြို့နယ်များမှ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် ၁၀ ဦးကို KT Care ဖောင်ဒေးရှင်းမှ အောက်တိုဘာ နှင့် နိုဝင်ဘာလအတွင်း အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ဒေသမျိုးစုံက ဝင်ငွေနည်း မိသားစုများက ကလေးငယ် ၉ဦးနှင့့် အရွယ်ရောက်သူ တစ်ဦး ခွဲစိတ်ပေးခဲ့ရာ အသက် ၁နှစ်နှင့် ရလအရွယ် မရွှန်းလဲ့ဖြိုးလည်း အပါဝင်ဖြစ်သည်။ မရွှန်းလဲ့ဖြိုးမှာ တခြားကလေးငယ်တွေလိုမဟုတ်ဘဲ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရခြင်းကြောင့် စားသောက်ရာမှာ ခက်ခက်ခဲခဲရှိလှသလို စကားပြောရာမှာလည်း ခက်ခဲလှပါသည်။

မိခင်ဖြစ်သူ မခင်နှင်းဦးက သမီးဖြစ်သူကြောင့် အလွန်စိတ်ဆင်းရဲ ခဲ့ရပြီး တခြား ကလေးတွေလို အသိုင်းအဝိုင်းထဲမဝင်ဆန့်မှာ တွေးပူခဲ့ရသည်။ “အိမ်နီးချင်းတွေကတော့ ပြောတာ ပေါ့လေ။ရွှန်းလဲ့လေးက ကံမကောင်းဘူး။ ရုပ်ဆိုးတယ်ပေါ့။ ကျွန်မသမီးက နှုတ်ခမ်းကွဲ ၊ အာခေါင် ကွဲဖြစ်နေတော့ စကားမပီသလို ကောင်းကောင်းလည်း စားသောက်လို့မရဘူး။ သူ့ကို ကြည့်ပြီး တော်တော် ဝမ်းနည်း ခဲ့ရတယ်။ ခွဲစိတ်ပြီးသွားလို့ ကောင်းကောင်းစားသောက်လာသလို စကားလည်း ပြောနိုင်လာပြီရှင့်။ အရမ်းပျော်တာပဲ” ဟု မိခင် ခင်နှင်းဦးက ပြောပါသည်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေသူ မရွှန်းလဲ့လေး အခြေအနေက ယခင်ကထက်စာရင် အများကြီး ပြောင်းလဲခဲဲ့သွားသလို စနစ်ကျသော ကျွမ်းကျင်ပညာရှင်များ၏ ခွဲစိတ်ပေးမှုကြောင့် ယခင်ကထက် ပိုချစ်စရာ ကောင်းသွားပါသည်။ ထို့မျှမက တခြားကလေးငယ်များလို အရှက်အကြောက်ကင်းကင်း ယုံကြည်မှုရှိရှိဖြင့် သွားလာ ကစားလာနိုင်သလို အနာဂတ်တွင်လည်း အလုပ်လုပ်နိုင်စွမ်းရှိလာမည်ဟု မိခင်ဖြစ်သူက ဆိုပါသည်။

KT Care ဖောင်ဒေးရှင်းနှင့် ကိုးရီးယားအဖွဲ့အစည်း World Together အဖွဲဲ့တို့မှ အောက်တိုဘာ နှင့် နိုဝင်ဘာ နှစ်လအတွင်း မရွှန်းလဲ့လို နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာပေါင်း ၁၀ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

Shoon Lae Phyo
Shoon Lae Phyo