ထောက်ပံ့လှူဒါန်းမှု ရရှိသွားသူ

အသက် ၈၂ နှစ် ရှိပြီဖြစ်သော အဘိုးဉီး( )သည် တောင်ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်ပါသည်။ မကြာသေးခင် အချိန်ကမှ ဇနီးသည် ဆုံးပါးသွားခဲ့ပြီး ယခုလက်ရှိတွင် ဇနီးသည် မကွယ်လွန်မီက သက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သော ပဲပြုတ်ရောင်းခြင်းဖြင့် ဝင်ငွေ ရှာဖွေနေရပါသည်။ ငယ်စဉ်က ခရမ်းသုံးခွဘက်ရှိ ကျေးရွာတစ်ခုတွင်နေထိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ စတင်ပြောင်းရွှေ့နေထိုင်သည့် အချိန်မှစ၍ ယနေ့ထိတိုင် ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ် မရှိတော့ပါ။ ကျောထောက်နောက်ခံ သားသမီးမရှိသည့်အတွက် မိမိကိုယ်ကိုသာ အားကိုးနေရပါသည်။ ကျန်းမာရေးကောင်းသော်လည်း အသက်ကြီးပြီဖြစ်သဖြင့် သွက်လက်မှုမရှိတော့ပါ။ နေထိုင်ရာ ကျူးကျော်ရပ်ကွက်ရှိ အိမ်သည်လည်း လုံခြုံမှုမရှိသောကြောင့် ပြန်လည်ပြုပြင်ရန်နှင့် ကျန်းမာရေးအတွက် ဆေးဝါးအထောက်အပံ့ ရရှိနိုင်ရန်အတွက် KT Care Foundation၏ ထောက်ပံ့လှူဒါန်းမှုအစီအစဥ်တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ KT Care၏ အထောက်အပံ့နှင့် မိမိ၏ လက်တလောဖြစ်ပေါ်နေသော အခက်အခဲများအား ဖြေရှင်းနိုင်တော့မည်ဖြစ်သဖြင့် ပျော်ရွှင်ရကြောင်း‌ ပြောကြားခဲ့ပါသည်။

88039923_2679419615505238_5897402354138873856_n

ကမ္ဘာ့ NGO နေ့

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့သည် ကမ္ဘာ့ NGO နေ့ ဖြစ်ပါသည်။ ထိုနေ့ကို ဂျာမနီ၊ ပိုလန်၊ ရရှားအပါအဝင် နိုင်ငံပေါင်း၁၂နိုင်ငံမှ အဖွဲ့ဝင်များက ၂၀၁၀ ခုနှစ်တွင် စတင်၍ တရားဝင် အသိအမှတ်ပြုကြေညာခဲ့သည်။ “အစိုးရမဟုတ်သောအဖွဲ့အစည်း” ဟူသော ဝေါဟာရကို ၁၉၄၅ ခုနှစ်တွင် အသစ်ဖွဲ့စည်းထားသော ကုလသမဂ္ဂအဖွဲ့ ပဋိဉာဏ်စာတမ်း၏ အပိုဒ် ၇၁ တွင် ဖော်ပြထားပါသည်။ NGO များသည် အစိုးရနှင့် မသက်ဆိုင်သော၊ အမြတ်အစွန်းမယူသော အဖွဲ့အစည်းများ ဖြစ်သည်။ Global ဂျာနယ်၏ ဖော်ပြချက်အရ တစ်ကမ္ဘာလုံးတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (အန်ဂျီအို)ပေါင်း (၁၀)သန်းကျော် ရှိသည်ဟုသိရှိရသည်။ KT Care Foundation သည်လည်း အစိုးရမဟုတ်သော လွပ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ KT Care သည် လက်ရှိတွင် ထောက်ပံ့လှူဒါန်းခြင်း၊ ပညာသင်ဆုပေးအပ်ခြင်း၊ HER စီမံကိန်း၊ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲစီမံကိန်းတို့အပြင် အခြား လှုမှုရေးအစီအစဉ်များစွာကို ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့NGOနေ့တွင် KT Care မှ လူသားတို့၏ နေ့စဥ်ဘဝ တိုးတက်ရန်အတွက် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေကြသော ကမ္ဘာအနှံ့ရှိ NGOအားလုံးကို ဂုဏ်ပြုလိုက်ပါသည်။

27th february,2020 (3)

KT Care မှ သက်မွေးဝမ်းကျောင်းပညာသင်ဆု ရရှိထားသူ

KT Care foundation ၏ ပထမဆုံးသော သက်မွေးဝမ်းကျောင်းပညာသင်ဆု ရရှိထားသူ မညိုမီလွင်သည် ယခုလတွင်  အောင်စေတနာ ဆေးဝါးကျွမ်းကျင် အကူသင်တန်းနှင့် သူနာပြုအကူသင်တန်းမှ သင်တန်းဆင်းလက်မှတ် ရရှိခဲ့ပြီဖြစ်ပါသည်။ စစ်တွေ တက္ကသိုလ်တွင် မြန်မာစာနောက်ဆုံးနှစ် တက်ရောက်နေသော သူမသည် ဆေးဆိုင်ဖွင့်ရန် ရည်ရွယ်ချက်ရှိခဲ့ပြီး မိသားစု စီးပွားရေးအကျပ်အတည်းကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် ဧရာဝတီတိုင်းမှ ဆရာတစ်ယောက်၏ ချိတ်ဆက်ပေးမှုဖြင့် KT Care Foundation အကြောင်းစတင်သိရှိခဲ့ပြီး ပညာသင်ဆုအတွက် လျှောက်ထားခဲ့ရာမှ ရွေးချယ်ခြင်းခံခဲ့ရပါသည်။ KT Care မှ သက်မွေးဝမ်းကျောင်းပညာသင်ဆု မရရှိခင်က သူမသည် One-Stop Mart တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သင်တန်းတက်ချင်ခဲ့သော်လည်း ငွေကြေးအဆင်မပြေသောကြောင့် မတက်နိုင်ခဲ့ပါ။ ယခု သင်တန်းပြီးဆုံးချိန်တွင် သူမသည် Relief International တွင် livelihood assistant အဖြစ်လျှောက်ထားခဲ့ပြီး သူမ၏ရည်ရွယ်ချက်ဖြစ်သော ဆေးဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။

nyomilwin 1 (1)

အာခေါင်ကွဲ ခွဲစိတ်မှု အောင်မြင်သွားသူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံသင်ကျေရွာသူဖြစ်သော မ( )သည် အသက်(၃၅)နှစ် ရှိပြီဖြစ်ပြီး အိမ်ထောင်ရှိပြီး သမီးတစ်ဦးလည်းရှိပါသည်။ မ( )အနေဖြင့် မွေးရာပါ အာခေါင်ကွဲဝေဒနာကြောင့် ငယ်စဉ်ကလေးဘဝကပင်စ၍ အစာစားသောက်ရာတွင် အခြားကလေးငယ်များကဲ့သို့ ပုံမှန်မစားသောက်နိုင်ပဲ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပါသည်။ စကားပြောဆိုရာတွင်လည်း စကားပြောတတ်စအရွယ်မှ ယခုအသက်(၃၅)နှစ်အရွယ်အထိ ပီသစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ပါ။ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြ၍ ဗဟုသုတနည်းပါးမှုကြောင့် အာခေါင်ကွဲဝေဒနာအား ကုသ၍ရနိုင်မှန်း မသိရှိခဲ့ပါ။ ယခုအခါတွင် ရုပ်မြင်သံကြားအစီအစဉ်များမှတဆင့် ကုသ၍ရမှန်းသိရှိ၍ စုံစမ်းမေးမြန်းခဲ့ရာ နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်း၏ ချိတ်ဆက်ပေးမှုဖြင့် KT Care Foundation နှင့် အဆက်အသွယ် ရရှိခဲ့ပါသည်။ KT Care Foundation ၏ ထောက်ပံ့မှုဖြင့် ရန်ကုန်မြို့ ပင်လုံအထူးကုဆေးရုံတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မ( ) အနေဖြင့် အစားအစာ စားသောက်ရာတွင် အဆင်ပြေချောမွေ့လာပြီး မိသားစုနှင်အတူ ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်ပြီဖြစ်ပါသဖြင့် KT care Foundation အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Kaung Myat Thu (1)

KT Care Foundation မှ ပညာသင်ဆုရရှိထားသူ

KT Care မှ ပညာသင်ဆု ရရှိထားသူ ဖြိုးဖြိုးဝေသည် ငပုတောမြို့နယ် ဇာတိဖြစ်ပါသည် ။သူမသည် လက်ရှိတွင် ပုသိမ်တက္ကသိုလ်၌ မြန်မာစာ တတိယနှစ် တက်ရောက်နေပါသည်။ မိဘများမှာ ရေလုပ်ငန်းလုပ်ကိုင်ကြပြီး မိသားစုဝင် ၆ ယောက်အတွက် ဖခင် တစ်ဉီးတည်း၏ ဝင်ငွေနှင့် မလုံလောက်သဖြင့် သူမကိုယ်တိုင်လည်း စက်ရုံတွင်  ဝင်ရောက်လုပ်ကိုင်ကာ မိသားစုဝင်ငွေကို ရှာဖွေခဲ့ရပါသည်။ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ခဲ့ရသည့်အတွက် ပညာသင်ဆု မရရှိခင်က အခက်အခဲများစွာ ရှိခဲ့ပါသည်။ ပညာသင်ဆုအတွက် ရွေးချယ်ခံရသည်ကို သိရှိချိန်က အလွန်ပင်ပျော်ရွှင်ခဲ့ပြီး ပိုမို ကြိုးစားချင်စိတ်များ ဖြစ်ပေါ်လာစေသည်ဟု ပြောကြားခဲ့ပါသည်။ KT Care ၏ ပံ့ပိုးကူညီမှုဖြင့် ဘွဲ့ရသည်အထိကြိုးစား၍ လူမှုကူညီရေးကဏ္ဍများတွင် ပါဝင်ချင်ပါသည်ဟုလည်း ပြောကြားခဲ့ပါသည်။

DSC_0242 (2)

မြန်မာကလေးများနေ့ ၂၀၂၀

မြန်မာ့ကလေးများနေ့ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။ မြန်မာ့ကလေးများနေ့သည် မြန်မာ့လွပ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်ကို ဂျပန်နှင့် ဗြိတိသျှအစိုးရတို့ လက်အောက်မှ လွတ်မြောက်၍ လွပ်လပ်ရေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော မြန်မာပြည်၏ ခေါင်းဆောင်ကြီး တစ်ဉီးဖြစ်ပါသည်။ ကလေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ခဲ့သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို မြန်မာနိုင်ငံ၏ ကလေးများနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကလေးများနေ့ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် တရားဝင်ကျင်းပပြုလုပ်ကြပြီး စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးလေ့ရှိကြသည်။ ကလများနေ့ကျင်းပခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကလေးများ၏ အနာဂတ်အတွက် ပညာရေး၏အရေးကြီးပုံကို အလေးထားရန်နှင့် မိဘနှင့်သားသမီးများကြားတွင် နေ့စဉ်ဖြစ်ပေါ်လေ့ ရှိသော ပြဿနာများကို ပိုမိုသိမြင်လာစေရန် ဖြစ်သည်။

Happy Father's Day!

၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး လွပ်လပ်မှုရရှိစေခဲ့သော (၁၉၄၇)ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အောက်မေ့သတိရသော အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပကြခြင်းဖြစ်သည်။ ထိုသဘောတူစာချုပ်က မြန်မာနိုင်ငံကို စည်းလုံးညီညွတ်စေခဲ့ပြီး ဗြိတိသျှအစိုးရထံမှ လွပ်လပ်ရေးရရှိရန် တောင်းဆိုခဲ့သည်။ ပင်လုံစာချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်လာစေရန် အခြေခံအုတ်မြစ်လည်း ဖြစ်ခဲ့သည်။ (၁၈၈၆)ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိသျှအုပ်ချုပ်သူများမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဝေးလံသောတိုင်းရင်းသားဒေသတို့ကို ခွဲခြားအုပ်ချုပ်မှုများရှိခဲ့သည်။ အထူးသဖြင့် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကို သွေးခွဲမှုများ ပြုလုပ်ခဲ့သည်။ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရှမ်း၊ ကချင်၊ ချင်းနှင့် အခြားမြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှ ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာလူမျိုးများသည် ပြည်ထောင်စုနေ့ အခမ်းအနားကို လပေါင်းများစွာ ကြိုတင်မျှော်လင့်ကြပြီး စိတ်အားထက်သန်စွာ ကျင်းပဆင်နွှဲကြသည်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ကျောင်းသူများအတွက် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ပတ်သတ်သည့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိသည်။

Photo crd to : Yangon Life

73rd Myanmar Union Day (4)

KT Care မှ သက္ကယ်သောင်ကျေးရွာသို့ သွားရောက်ခဲ့

KT Care Foundation မှ တာဝန်ရှိသူများသည် ၃.၂.၂၀၂၀ နှင့် ၄.၂.၂၀၂၀ ရက်များတွင် KT Care ၏ စတင်တည်ထောင်သူဖြစ်သော ဉီးကျော်သောင်း၏ မွေးရပ်မြေ ငပုတောမြို့နယ် သက္ကယ်သောင်ကျေးရွာသို့ သွားရောက်ခဲ့ပါသည်။ သက္ကယ်သောင်ကျေးရွာသည် KT Care foundation ၏ အဓိကစီမံကိန်းနယ်မြေ တစ်ခုဖြစ်ပါသည်။ KT Care အဖွဲ့ဝင်များသည် သက္ကယ်သောင်ကျေးရွာရှိ ရပ်ရွာလူကြီးများနှင့် တွေ့ဆုံခဲ့ပြီး KT Care Foundation၏ လက်ရှိလုပ်ဆောင်နေသော စီမံကိန်းများအကြောင်း ရှင်းလင်းပြောကြား၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် KT Careမှ ပညာသင်ဆုရရှိထားသော ကျောင်းသား၊ကျောင်းသူဟောင်းများနှင့် တွေ့ဆုံ၍ ပညာသင်ဆုရရှိသူများ၏ လက်ရှိအလုပ်အကိုင်၊ လုပ်ငန်းများကိုမေးမြန်းခြင်း၊ KT Care၏ စီမံကိန်းများတွင် ပါဝင်နိုင်ရန် KT Careနှင့် အမြဲဆက်သွယ်နေရန် တိုက်တွန်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ပညာသင်ဆုရရှိသူများမှ KT Careနှင့် ဆက်သွယ်ရေးကို အဓိကတာဝန်ယူပေးမည့် ကိုယ်စားလှယ်နှစ်ယောက်ကို ရွေးချယ်ပြီး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။ KT Care အဖွဲ့သည် ဉီးကျော်သောင်းမိသားစုမှ လှူဒါန်းထားသော စာသင်ကျောင်းများ၊ ရေတွင်းရေကန်များအား လိုက်လံကြည့်ရှုခြင်း၊ ပညာသင်ဆုရရှိထားသူများ၏ ယခုလက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးမေးမြန်းခြင်း၊ အမကသသက္ကယ်သောင်မှ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါသည်။

DSC_0292
DSC_0170
DSC_0249
KTC Resource Centre to be
Rain Water Tank Outside
IMG-0910227f3e11fa33596aec120ceaab82-V (1)

အပြည်ပြည်ဆိုင်ရာ သိပ္ပံနယ်ပယ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ဂုဏ်ပြုသောနေ့

ကမ္ဘာ့နေရာ အနှံ့အပြားတွင် နည်းပညာ၊ အင်ဂျင်နီယာ နှင့် သင်္ချာဘာသာရပ်များ ကဲ့သို့သော သိပ္ပံဘာသာရပ်များတွင် ကျား၊မပါဝင်မှုရာခိုင်နှုန်း ကွာဟမှုများသည် နှစ်ပေါင်းများစွာ ရှိနေခဲ့ပါသည်။ အမျိုးသမီးများသည် အဆင့်မြင့်ပညာရေးတွင် ပါဝင်မှုမြင့်တက်လာစေရန်  တိုးတက်ပြောင်းလဲမှုများစွာကို ဆောင်ရွက်ခဲ့သော်လည်း ထိုနယ်ပယ်များတွင် ကိုယ်စားပြုမှု အားနည်းနေဆဲဖြစ်သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အထွေထွေညီလာခံမှ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် အသက်အရွယ်မရွေး အမျိူးသမီးများနှင့် မိန်းကလေးများအတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများတွင် အပြည့်အဝ တန်းတူညီတူ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် အသိအမှတ်ပြုခြင်းများ၊ ကျားမ တန်းတူအခွင့်အရေး ရရှိရေးနှင့် လုပ်ပိုင်ခွင့်များ မဆုံးရှုံးစေရန်တို့ ပါဝင်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာညီလာခံသည် သိပ္ပံနှင့် နည်းပညာ အသိုင်းအဝိုင်းများမှ အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခန်းကဏ္ဏကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာသိပ္ပံနယ်ပယ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများနေ့ကို နှစ်စဥ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တိုင်းတွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့သည်။

International day of women and girls in science

အဖွဲ့ဝင်သစ်မိတ်ဆက်

KT Care တွင် Project Assistant Intern တစ်ဉီးအဖြစ် လုပ်ကိုင်နေသော  ချောလှနွယ်သည် ၂၀၁၇ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ် အစိုးရ စက်မှုလက်မှုသိပ္ပံ မှ စက်မှုအင်ဂျင်နီယာမေဂျာဖြင့် ကျောင်းပြီးခဲ့ပါသည် ။ ထိုအချိန် မှစ၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် Community Organizer, Program Coordinator အဖြစ်လုပ်ကိုင်ခဲ့ပါသည် ။ သူမ၏ ရည်ရွယ်ချက်မှာ program နှင့် project များကို အစအဆုံးရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် အတွေ့အကြုံ ပိုမိုရရှိ‌စေရန် KT Care Foundation တွင် project assistant intern အဖြစ် ဇန်နဝါရီလ (၈)ရက်‌နေ့မှ စတင်၍ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။  ဒဤ သူမသည် လက်ရှိ KT Care Fouindation တွင် Vocational Scholarship program ၊ BSR HER Project နှင့် Child Protection Program တို့တွင် စီမံကိန်းအရာရှိနှင့်အတူ တွဲဖက်တာဝန်ယူထားပါသည်။Project များကို စီမံခန့်ခွဲပုံများ၊ စည်းမျဉ်းစည်းကမ်းများ၊ အချိန်ဇယားများ၊ သတ်မှတ်ရက်များ နှင့် အလုပ်လုပ်ကိုင်ရသဖြင့် အတွေ့အကြုံအသစ်များ၊ ဗဟုသုတနှင့် စိန်ခေါ်မှုအသစ်များကို ရရှိသည်ဟု ပြောကြားခဲ့ပါသည်။

received_2245294972391926