နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

မ( )အား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စာဖြူစုကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မွေးဖွားခဲ့စဉ်က နှုတ်ခမ်းကွဲဝေဒနာ ပါရှိခဲ့‌ေသာကြောင့် နို့စတိုက်ကျွေးစဉ်ကာလမှစတင်ပြီး အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မိခင်နို့အား မသောက်တတ်ခြင်းကြောင့် နို့ဘူးဖျော်တိုက်ခဲ့ရပါသည်။မြို့နှင့်အလှမ်းဝေးသော ကျေးလက်တွင် နေထိုင်ကြသူများဖြစ်သဖြင့် ခွဲစိတ်ကုသ၍ ရနိုင်မှန်းမသိခဲ့ပါ။ မ( ) အသက်(၄)လအရွယ်တွင် မအူပင်မြို့မှလာသော အကြင်နာလက်များနယ်လှည့်ဆေးကုသ‌ေရးအဖွဲ့၏ ချိတ်ဆက်ပေးမှုကြောင့် ရန်ကုန်မြို့ရှိ KT care Foundation နှင့်ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် KT care Foundation ၏ ထောက်ပံ့ပေးမှုဖြင့် ရန်ကုန်မြို့ရှိ ရွှေဗဟိုရ် အထူးကုဆေးရုံတွင် ကုသမှုခံယူခဲ့ပါသည်။ ကုသမှု ခံယူပြီးသည့်အချိန်တွင်မ( )၏ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာသည် ယခင်နှင့်မတူ များစွာတိုးတတ် ပြောင်းလဲလာသောကြောင့် မိဘများအနေဖြင့် အတိုင်းမသိကြည်နူးဝမ်းသာခဲ့ရပါသည်။ သို့ဖြစ်ပါ၍ လူသားခြင်းစာနာထောက်ထားမှု့ဖြင့် ကူညီထောက်ပံ့ပေးသော KT care Foundation မိသားစုဝင်များနှင့် ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Kaung Myat Thu

အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့

ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် ရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၏အခန်းကဏ္ဏကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇန်နဝါရီလ ၂၄ ရက်ကို အပြည်ပြည်ဆိုင်ရာပညာရေးနေ့အဖြစ် (၂၀၁၈)ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့ပါသည်။ KT Careဖောင်ဒေးရှင်း၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်နှင့် မျှော်မှန်းချက်တွင် လူတိုင်းအတွက် ကောင်းမွန်လျောက်ပတ်သော ပညာရေးရရှိရန် အထောက်အပံ့ပေးနိုင်ရေးသည် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် KT Care သည် ကျောင်းသားများကို ပညာသင်ဆုထောက်ပံ့ပေးခြင်း၊ ပညာရေးအခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ထောက်ပံ့ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ KT Care မှ ပညာသင်ဆု ရရှိသော ကျောင်းသားများသည် ပညာသင်နှစ် ပြီးဆုံးသည်အထိ ကျောင်းစရိတ်နှင့် အခြားအထွေထွေကုန်ကျစရိတ်များအတွက် ထောက်ပံ့မှု ရရှိမည် ဖြစ်ပါသည်။ ထို့အပြင် အချို့ပညာသင်ဆုကျောင်းသားများသည် ကျောင်းပိတ်ချိန်တွင် KT Care ၌ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း လုပ်ငန်းခွင် အတွေ့အကြုံ ယူနေပါသည်။ KT Care သည် ပညာသင်ဆုအစီအစဉ် စတင်သည့် အချိန်မှစ၍  ယနေ့အထိ ကျောင်းသားပေါင်း ၁၇၁ ယောက်အား ပညာသင်ဆု ပေးအပ်ပြီးဖြစ်သည်။

2

အဖွဲ့ဝင်သစ်မိတ်ဆက်

စောကျော်စိုးမင်း (ခေါ်) စောကော်ကစားသည် ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလအလယ်တွင် KT Care ဖောင်ဒေးရှင်း၌ Program Manager အဖြစ် ဝင်ရောက်ခဲ့ပါသည်။ သူသည် စီမံကိန်းနှင့်ပတ်သတ်သောစီမံခန့်ခွဲမှု နှင့် စီမံကိန်းအသစ်များရေးဆွဲခြင်းတို့ကို တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သူသည် (၁၉၉၅) ခုနှစ်မှစပြီး MSF-Holland၊ Save the Children၊ World Education၊ Good Neighbors International၊ Swanyee Development Foundation၊ MKE နှင့် Network Activities Group ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဏ တို့တွင် ၂၃ နှစ်ကျော်အတွေ့အကြုံရှိသူ တစ်ဉီးဖြစ်သည်။ ယခင် လုပ်ငန်းခွင်များတွင် ပညာရေး၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ WASH၊ ကျန်းမာရေးနှင့်အာဟာရ၊ အသက်မွေး၀မ်းကျောင်းမှု၊ အရေးပေါ်အခြေအနေတုံ့ပြန်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်ရေး၊ ဝင်ငွေတိုးပွားမှုနှင့် လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။၂၀၁၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးတိုးတက်မှုပညာ မဟာဘွဲ့ကို ရရှိခဲ့ပြီး မဟာဘွဲ့အတွက် “မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ၏ အလေ့အကျင့်များနှင့် လူထုအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကိစ္စနှင့် ပတ်သက်သောလေ့လာမှု”စာတမ်းကို ပြုစုခဲ့သည်။

Copy of Team Member Introduction (1)

KT Care မှ ပညာသင်ဆုရရှိထားသူ

KT Care မှ ပညာသင်ဆု ရရှိထားသူ နှင်းဖြူဖြူထွေးသည် ပုသိမ်မြို့ ပုတောမြို့နယ် ရေကျော်ရွာ ဇာတိဖြစ်ပါသည်။သူမသည် လက်ရှိတွင် ပုသိမ်တက္ကသိုလ်၌ မြန်မာစာ တတိယနှစ် တက်ရောက်နေပါသည်။ မိဘများမှာ ဈေးရောင်းကြပြီး မိသားစုတွင်းငွေရေးကြေးရေး အခက်အခဲများစွာ ရှိခဲ့ပါသည်။ မိသားစုစားဝတ်နေရေးအတွက် မိဘများနှင့်အတူ သူမကိုယ်တိုင်ပါ ဝင်ကူ၍ ရှာဖွေခဲ့ရသဖြင့် ကျောင်းစာဖက်ကို သေချာအာရုံမစိုက်နိုင် ဖြစ်ခဲ့ရသည်။ ပုသိမ်မြို့နယ် အ.လ.က ရေကျော် မှ ကျောင်းအုပ်ဆရာမကြီး မှ ၏ အကြောင်းကို ပြောပြ၍ ပညာသင်ဆုလျှောက်လွှာများလာရောက်ထုတ်ယူခိုင်းရာမှ ပညာသင်ဆုကို လျှောက်ထားခဲ့ပြီး ပညာသင်ဆုရရှိကြောင်းသိရချိန်တွင် စိတ်ချလက်ချကျောင်းတက်နိုင်ပြီ ဖြစ်သဖြင့် အလွန်ပင်ပျော်ရွှင်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ပညာသင်ဆုရပြီးနောက်ပိုင်းတွင် မိသားစုငွေကြေးအခက်အခဲပါ အဆင်ပြေခဲ့ပြီး သူမကိုယ်တိုင်လည်း ကျောင်းစာတစ်ခုတည်းကိုသာ သေချာ အာရုံစိုက်လာနိုင်သည်ဟုပြောကြားခဲ့ပါသည်။

Hnin Phyu Phyu Htwe

KTCare မှ ပညာသင်ဆုရရှိထားသူ

ပုသိမ်တက္ကသိုလ်၌ မြန်မာစာ ဒုတိယနှစ် တက်ရောက်နေသည့် မောင်ကောင်းမြတ်သူသည် KT Care မှ ပညာသင်ဆုရရှိထားသူ တစ်ဦး ဖြစ်ပါသည်။  မိဘများမှာ ဈေးရောင်းခြင်းဖြင့် ဝင်ငွေရှာဖွေကြပါသည်။ ဆယ်တန်းအောင်ပြီးခါစတွင် မည်သည့်အလုပ်ကိုလုပ်ကိုင်၍ င်ငွေရှာရမည်ကို မသိရှိခဲ့သလို အချိတ်အဆက်လည်းမရှိခဲ့ပါ။ ၂၀၁၈ ခုနှစ်တွင် KT Care  ပညာသင်ဆုအကြောင်းကို သိရှိခဲ့ရပြီး လျှောက်လွှာတင်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခံရသည်ကို သိရှိချိန်တွင် ကျောင်းစရိတ်အတွက် စိုးရိမ်ပူပန်ရန် လျော့သွားခဲ့ပြီး ကိုယ်ပိုင်ဝင်ငွေ လစာနည်းသော်လည်း အခက်အခဲမရှိ ကျောင်းတက်နိုင်သောကြောင့် ပျော်ရွှင်ရသည်ဟု ပြောကြားခဲ့ပါသည်။ သူသည် ယခုလက်ရှိ ကျောင်းပိတ်ရက်တွင် ပုသိမ်မြို့ရှိ Lon Kan Hotel တွင် ဧည့်ကြိုဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်၍ မိမိကိုယ်ပိုင်ဝင်ငွေ ရှာဖွေ နိုင်နေပြီ ဖြစ်ပါသည်။

Kaung Myat Thu

နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲကျေးရွာမှ အသက်(၁၀)လ သာရှိသေးသော မောင်() သည် မွေးရာပါ နှုတ်ခမ်းကွဲ ဝေဒနာကို ခံစားနေရသူတစ်ဦး ဖြစ်ပါသည်။ အသက်အားဖြင့် (၁၀)လသာ ရှိသေး၍ နို့တိုက်ကျွေးရာတွင် အနှောက်အယှက် ဖြစ်ရခြင်း  မှလွဲ၍ အခြားသော အကြောင်းအရာများနှင့် ပတ်သတ်ပြီး ခံစားနားလည် နိုင်စွမ်း မရှိသေးပါ။ မိဘများအနေဖြင့်မူ မိမိတို့ရင်သွေး၌ နှုတ်ခမ်းကွဲဝေဒနာ  ဖြစ်ခဲ့ရခြင်းကြောင့်  စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရပါသည်။ ခွဲစိတ်ကုသပေးရန် မျှော်လင့်ထားသော်လည်း စီးပွားရေးအဆင်မပြေမှုကြောင့် ကုသနိုင်ခြင်းမရှိခဲ့ပါ။ Facebook သုံးစွဲသူ မိတ်ဆွေမှ KT Care Foundation၏ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကုသမှုအစီအစဥ်ကို တွေ့ရာမှ ဖုန်းနံပါတ်ပေးသဖြင့် ဆက်သွယ်ခဲ့ရာမှ KT Careနှင့် ချိတ်ဆက်မိခဲ့ပါသည်။ KT Care မှထောက့်ပံ့ပေးမှုဖြင့် ရန်ကုန်မြို့ ပင်လုံအထူးကုဆေးရုံကြီး၌ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါသည်။ ယခုအချိန်မှစ၍ မောင်() အနေဖြင့် အခြားကလေးများနည်းတူ ဘဝတစ်သက်တာလုံး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်တော့မည် ဖြစ်သောကြောင့် မိဘများမှာလည်း ပျော်ရွှင်ရပါသည်။

Kaung Myat Thu

၇၂ကြိမ်မြောက် လွပ်လပ်ရေးနေ့အား KT Care မှ ဂုဏ်ပြုပါ၏

ဇန်နဝါရီ ၄ ရက်နေ့သည် မြန်မာလူမျိုးများအတွက် အလွန်တန်ဖိုးရှိသော နေ့တစ်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် တရားဝင်ကြေငြာခဲ့ပြီး ဗြိတိသျှအုပ်စိုးမှု အဆုံးသတ်ခဲ့သည်။ ထိုနေ့မှစ၍ တိုင်းပြည်သည် လွတ်လပ်သော သမ္မတနိုင်ငံဖြစ်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံဟု အမည်တွင်ခဲ့သည်။ စပ်ရွှေသိုက်သည် ပထမဆုံးသမ္မတဖြစ်ခဲ့ပြီး ဦးနုကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ လွတ်လပ်ရေးနေ့သည် တရားဝင်သတ်မှတ်ထားသော အစိုးရပိတ်ရက် ဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများသည် လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ အစားအသောက်ပြိုင်ပွဲများ အပြင် တက္ကသိုလ်၊စာသင်ကျောင်း အသီးသီး၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် လွတ်လပ်ရေးနေ့ကို ကြိုဆိုကြပါသည်။

Happy 72nd Myanmar Independence Day! (1)

KT Care မှ ပညာသင်ဆုရရှိထားသူ

ငပုတောမြို့နယ် က္ကယ်သောင်ရွာမှ အသက် ၁၉ နှစ် အရွယ် နှင်းရူပါအောင်သည် KT Care မှ ပညာသင်ဆု ရရှိထားသူတစ်ဦး ဖြစ်ပါသည်။ ယခု လက်ရှိတွင် သူမသည် ပုသိမ်တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ မေဂျာကို ဖြေဆိုထားပြီး စက်ရုံတွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ မိခင် တစ်ယောက်တည်း ဈေးရောင်းရင်းဝင်ငွေရှာသည် ဖြစ်သောကြောင့် ကျောင်းတစ်နှစ်တက်နိုင်ရန်ပင် အဆင်မပြေဖြစ်ခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်တွင် KT Care Foundation  ပညာသင်ဆုအစီအစဉ်မှ ရွေးချယ်ခြင်းခံခဲ့ရပြီး ထိုအချိန်မှစ၍ ယခင်လို စိတ်ပူစရာ အများကြီး မရှိတော့ပဲ အခက်အခဲမရှိ ကျောင်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ထပ်မံ၍လည်း ကျောင်းဆရာမကောင်း တစ်ယောက် ဖြစ်ရန် ရည်မှန်းထားသည့် မိမိအတွက် KT Care မှ ဆက်လက်ပညာ သင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခဲ့ခြင်းကို အထူးပင်ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့ပါသေးသည်။

Hnin Yupar Aung (1)