အဖွဲ့ဝင်သစ်မိတ်ဆက်

KT Care Foundation Internship အစီအစဉ်ဖြင့် မေသင်းနန္ဒာသည် ဒီဇင်ဘာလ () ရက်နေ့တွင် Communications Intern အဖြစ်စတင်ရောက်ရှိလာခဲ့ပါသည်။ Communications Intern အဖြစ် တာဝန်ထမ်းဆောင်နေစဉ်တွင် Data Management ပိုင်းကို တာဝန်ယူထားပါသည်။ ဒဂုံတက္ကသိုလ်မှ ဥပဒေပညာ ဖြင့် ကျောင်းပြီးထားပြီး American Center Student Council တွင် Finance Officer အဖြစ်လုပ်ဆောင်ခဲ့ဖူးသည့် သူမသည် Doh Eain တွင်လည်း စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ခဲ့ဖူးပါသည်။ SEAMEO Chat မှ English Proficiency Diploma ရရှိထားပြီး ယခုလက်ရှိတွင် ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် Diploma in Network Communications တက်ရောက်လျက်ရှိပါသည်။ အားလပ်ချိန်များတွင် စေတနာ့ဝန်ထမ်း အဖြစ်ပါဝင်ရခြင်းကို ကြိုက်နှစ်သက်သူလည်း ဖြစ်သည်။ သူမဟာ အနာဂတ်တွင် NGO များ၌ IT Technician အဖြစ် လုပ်ကိုင်လိုသူဖြစ်ပါသည်။

Alice2

ZKG စက်ရုံတွင် စစ်တမ်းကောက်ယူခြင်း

KT Care Foundation မှ စီမံကိန်းတာဝန်ခံ မအိအိချောသည် ၁၇ရက်၊ ဒီဇင်ဘာ ၂၀၁၉ တွင် မင်္ဂလာဒုံမြို့နယ်ရှိ ZKG စက်ရုံတွင် စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ စစ်တမ်ကောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ပိုမိုကောင်းမွန်၍ စက်ရုံအလုပ်သမားများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများပေးနိုင်ရန် ဖြစ်ပါသည်။ ထိုစစ်တမ်းတွင် KT Care မှ ပို့ချခဲ့သော သင်ခန်းစာများအပေါ် နားလည်မှု စစ်ဆေးခြင်း၊ ယခုကဲ့သို့ စက်ရုံတွင် သင်တန်းများ လာရောက် ပြုလုပ်နေခြင်းအပေါ် အမြင်နှင့် အကြုံပြုချက်များအပြင် နောက်သင်တန်းများတွင် ထပ်မံ ဖြည့်စည်းရန် လိုအပ်သည်တို့နှင့် ပတ်သတ်သော မေးခွန်းများကို မေးမြန်းခဲ့ပါသည်။ စစ်တမ်းကောက်ယူရန်အတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူခဲ့ပြီး ၁၆ရက်နေ့တွင် စစ်တမ်းကောက်ယူမှုပုံစံကို သင်ကြားပို့ချပေးခဲ့ပါသည်။

IMG20191217105530
IMG20191217130242
IMG20191217100734
IMG20191217130231
IMG20191217130237
IMG20191217100848

KT Care အဖွဲ့မှ ရန်ကုန်ကလေးဆေးရုံသို့ သွားရောက်လှူဒါန်းခြင်း

ယနေ့ KT Care Foundation အဖွဲ့မှ ရန်ကုန်သွေးကင်ဆာနှင့်ကင်ဆာရောဂါဌာနမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ ကလေးတွေကို ရေခဲမုန့်၊ ကိတ်မုန့်နှင့် ခရစ်စမတ်ပို့စ်ကတ်များ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်များ ဖြစ်ပါတယ်။

4
9
18
13

နိုဝင်ဘာလအတွက် ထောက်ပံ့လှူဒါန်းမှု ရရှိသွားသူ

နိုဝင်ဘာလအတွက် ထောက်ပံ့လှူဒါန်းမှု အစီအစဉ်မှ လှိုင်မြို့နယ်တွင်နေထိုင်သော အသက် ၇၉ နှစ် အရွယ် ဒေါ်()အား ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ဒေါ်() သည် ခင်ပွန်းနှင့်အတူ အိမ်ငှားနေထိုင်ပြီး နေ့စဉ် နံနက် ၂ နာရီ ထ၍ သီရိမင်္ဂလာဈေးတွင် ပန်းယူ၍ ပြန်လည်ရောင်းချကာ ဝမ်းစာရှာဖွေရပါသည်။ ချော်လဲထားသဖြင့် တင်ပဆုံရိုးနာကျင်သောဝေဒနာကို ခံစားနေရသော်လည်း သားသမီးမထွန်းကားသောကြောင့် ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူ ဖြစ်ပါသည်။ စံပယ်ပန်းရောင်းရသော ဝင်ငွေမှာ အိမ်ငှားစရိတ်နှင့် ဆေးကုစရိတ်များအတွက် မလုံလောက်သဖြင့် KT Care Foundationမှ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

Daw Yee Yee

KT Careမှ ပညာသင်ဆု ရရှိထားသူ (ဉာဏ်ဘုန်းထက်)

KT Care မှ ပညာသင်ဆု ရရှိထားသူ မောင်ဉာဏ်ဘုန်းထက်သည် ငပုတောမြို့နယ် သက္ကယ်သောင်ရွာ ဇာတိဖြစ်ပါသည်။သူသည် လက်ရှိတွင် ပုသိမ်တက္ကသိုလ်၌ အင်္ဂလိပ်စာ ဒုတိယနှစ် တက်ရောက်နေပါသည်။ မိဘများမှာ ပညာရေးဝန်ထမ်းများဖြစ်ကြပြီး မိသားစုတွင်း ငွေရေးကြေးရေးအခက်အခဲ အချို့ကြောင့် ပညာသင်ကြားရာတွင် အခက်အခဲ ရှိခဲ့ပါသည်။ ပညာသင်ကြားခြင်းအပေါ် အာရုံမစိုက်နိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ပြောကြားခဲ့ပါသည်။ (၂၀၁၈)ခုနှစ်တွင် KT Care ၏ ပညာသင်ဆုထောက်ပံ့မှုအကြောင်းကို သိရှိခဲ့ပြီး လျှောက်လွှာတင်ခဲ့ရာ ရွေးချယ်ခံခဲ့ရသည့်အတွက် KT Care၏ အထောက်အပံ့နှင့် ကျောင်းဆက်လက် တက်နိုင်ခဲ့ပါသည်။ KT Care ၏ ပံ့ပိုးကူညီမှုရရှိပြီးသည့်နောက်ပိုင်းတွင် ပိုမိုအဆင်ပြေလာခဲ့ပြီး ပညာသင်ကြားရာတွင်  နောက်ဆံတင်းစရာများ လျော့နည်းလာခဲ့သောကြောင့် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့ပါသည်။

Nyan Phone Htet