အောက်တိုဘာလအတွက်ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ

ထောက်ပံ့လှူဒါန်းမှုအစီအစဥ်မှ လှူဒါန်းမှုရရှိသွားသူ (xxx) သည် မိဘများနှင့်အတူ စစ်တွေမြို့ ဒုက္ခသည်စခန်း တွင် နေထိုင်ပါသည်။ ရပ်ကွက်မီးလောင်သဖြင့် နေအိမ်ပါသွားပြီး ဒုက္ခသည်စခန်းတွင် နေထိုင်စဥ်တွင် ကလေးသဘာ၀ ဆော့ကစားနေရာမှ တစ်လက်မ ပတ်လည်ရှိ ဘတ္ထရီအပြားကို ပါးစပ်တွင်းသို့ မြိုချမိသွားပါသည်။ စစ်တွေဆေးရုံသို့ပို့ဆောင်ရာတွင် ဆေးဝါးပစ္စည်းမလုံလောက်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသရပါသည်။ ထို့ကြောင့် ကလေးဆေးကုသစရိတ်အတွက် လက်တလောအခက်အခဲဖြေရှင်းနိုင်ရန် KT Care ဖောင်ဒေးရှင်းမှ ငွေကြေးအထောက်အပံ့ ပေးအပ်ခဲ့ပါသည်။

Myo Chit Oo

အောက်တိုဘာလအတွက်ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ

အောက်တိုဘာလအတွက် ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ နောက်တစ်ယောက်မှာ အသက်(၅၆)နှစ်ရှိပြီဖြစ်သော (xxx) ဖြစ်ပါသည်။ (xxx) သည် ပြွန်တန်ဆာမြန်မာ့မီးရထားဘူတာမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး လုပ်သက် (၃၀)နီးပါးရှိနေပြီဖြစ်သည်။ ၁၉၉၈ခုနှစ်တွင် ပြွန်တန်ဆာမြန်မာ့မီးရထားဘူတာသို့ စတင်ရောက်ရှိခဲ့ပြီး ထိုနှစ်တွင် ရထားတွဲများ အဖြုတ်အတပ်လုပ်နေစဥ်အတွင်း ရထားတွဲပြုတ်ကျခဲ့သဖြင့် သူ၏ခြေတစ်ဖက်ကို ဆုံးရှုံးခဲ့ရပါသည်။ (xxx)သည် ခြေတစ်ဖက်ဆုံးရှုံးခဲ့သော်လည်း အနားမယူဘဲ ခြေတုတပ်ကာ မီးရထားဘူတာတွင် ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ (xxx)အသုံးပြုနေသော ခြေတုမှာ နှစ်(၂၀)ကျော်ကြာပြီဖြစ်သောကြောင့် ဟောင်းနွမ်းပျက်စီးနေသဖြင့် သွားလာရာတွင် အခက်အခဲဖြစ်နေပါသည်။ ခြေတုအသစ်ဝယ်လိုသော်လည်း ငွေကြေးအခက်အခဲကြောင့် မဝယ်နိုင်ခဲ့ပါ။ ထို့ကြောင့် KT Care ဖောင်ဒေးရှင်းမှ (xxx)အတွက် ခြေတုဝယ်ရာတွင် အထောက်အပံ့ဖြစ်စေရန် ငွေကြေးထောက်ပံ့မှု ပေးအပ်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့မှာ ကုလသမ္မဂ္ဂမှ တရားဝင်ထုတ်ပြန်ထားသော နေ့တစ်နေ့ဖြစ်ပါသည်။ ပထမဆုံးအပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့ကို ၂၀၁၂ခုနှစ်၊အောက်တိုဘာလတွင် စတင်ကျင်းပခဲ့ကြပါသည်။ ထိုနေ့ကိုကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှန်းရှိ အမျိုးသမီးငယ်များအတွက် အခွင့်အလမ်းများပိုမိုရရှိစေရန် တိုက်တွန်းနှိုးဆော်ခြင်းနှင့် အမျိုးသမီးငယ်များ ခံစားနေရသော လိင်အခြေပြုခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်ခြင်းတို့ ပြုလုပ်လိုသောကြောင့် ဖြစ်ပါသည်။ အမျိုးသမီးငယ်များခံစားနေရသော မညီမျှမှုများတွင် တန်းတူပညာသင်ကြားခွင့်၊ အာဟာရ၊ တရားဝင်ရပိုင်ခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခွဲခြားဆက်ဆံမှုမှကာကွယ်ပေးခြင်း၊ အမျိုးသမီးများအားအကြမ်းဖက်ခြင်းနှင့် အရွယ်မရောက်သောအမျိုးသမီးငယ်များအား အတင်းအကြပ်လက်ထပ်ပေးခြင်း စသည်တို့ ပါဝင်ပါသည်။ KT Careမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးငယ်များနေ့ကို အသိအမှတ်ပြုခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ အရေးပါသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆာင်နေသော အမျိုးသမီးငယ်များကို ဂုဏ်ပြုလိုက်ပါသည်။

11.10.19

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့

အောက်တိုဘာလ(၁၀)ရက်နေ့တိုင်းတွင် ကမ္ဘာတစ်ဝှန်းရှိလူများသည် စိတ်ကျန်းမာရေးကို လူများပိုမိုဂရုပြုစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ကျင်းပကြပါသည်။ ထိုနေ့တွင် စိတ်ကျန်းမာရေးနှင့် ပတ်သတ်သော ပညာပေးအစီအစဥ်အစဥ်များ၊ စိတ်ကျန်းမာရေးအပေါ် လှုမှုပတ်ဝန်းကျင်၏အမြင်ကို ပြောင်းလဲရန် လှုူပ်ရှားမှုများ၊ စိတ်ကျန်းမာရေး၏အရေးပါပုံကို အသိပညာပေးခြင်းများ စသော လုပ်ငန်းများကို လုပ်ဆောင်ကြပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ၁၉၉၂ခုနှစ်၌  နိုင်ငံ(၁၅၀)ကျော်တွင် အဖွဲ့ဝင်ပေါင်းများစွာရှိသော ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေးအဖွဲ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို အသိအမှတ်ပြု ကျင်းပခြင်းအားဖြင့် စိတ်မကျန်းမာခြင်းသည် လူများစုခံစားနေရသော ရောဂါတစ်ခုဖြစ်ကြောင်းနှင့် စိတ်မကျန်းမာခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လူများသိရှိစေရန် ရည်ရွယ်ပါသည်။ နိုင်ငံအချို့တွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့၌ စိတ်ကျန်းမာရေးပညာပေးရေးရက်သတ္တပတ်ကဲ့သို့သော ပွဲများကို ကျင်းပလေ့ရှိပါသည်။

10.10.19

ကမ္ဘာ့ဆရာများနေ့

ကမ္ဘာ့ဆရာများနေ့ (သို့) အပြည်ပြည်ဆိုင်ရာဆရာများနေ့သည် အောက်တိုဘာလ(၅)ရက်နေ့တိုင်းတွင် ကျင်းပသော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ ထိုနေ့သည် ၁၉၉၄ခုနှစ်တွင် ပြုလုပ်ခဲ့သော ယူနက်စကိုနှင့်အိုင်အယ်လ်အို အကြံပြုချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ၎င်းအကြံပြုချက်တွင် ကမ္ဘာတစ်ဝှန်းရှိ ဆရာများအနေဖြင့် လိုက်နာရမည့် စံသတ်မှတ်ချက်များ၊ ဆရာတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားများအပါအဝင် အလုပ်မဝင်ခင် တက်ရောက်ရမည့် သင်တန်းများ၊ ပညာဆက်လက်သင်ယူခြင်း၊ အလုပ်ခေါ်ခြင်း၊ ပညာသင်ခြင်းနှင့် အခြားအချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဖော်ပြထားပါသည်။ ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံအနှံ့တွင်ရှိသော ဆရာများအား အသိအမှတ်ပြုစေရန်၊ ပညာဖြန့်ဝေပေးသူအရေအတွက်များပြားလာစေရန်၊ ဆရာများ၏အရည်အချင်းကို အကဲဖြတ်ရန်နှင့် အရည်အချင်းတိုးတက်မှုရှိလာစေရန် ပံ့ပိုးရန် ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဥ်နှစ်တိုင်း ကျင်းပကြခြင်း ဖြစ်ပါသည်။

5.10.19

စက်တင်ဘာလအတွက်ထောက်ပံ့လှူဒါန်းမှုရရှိသွားသူ

စက်တင်ဘာလအတွက် ထောက်ပံ့လှူဒါန်းမှုအစီအစဥ်မှ လှူဒါန်းမှုကို ရရှိသွားသူမှာ (xxx) ဖြစ်ပါသည်။ (xxx)သည် ထက်မြက်သော ၈တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး မိသားစုကို ထောက်ပံ့ပေးနေသူလည်း ဖြစ်ပါသည်။ (xxx)၏ တစ်ဦးတည်းသော မိသားစုဝင်မှာ သူ့ဖခင်ဖြစ်ပါသည်။ သူ၏ဖခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်နိုင်တော့သဖြင့် (xxx)သည် ကျောင်းဆင်းချိန််၌ မုန့်ဖတ်ထုပ်ရောင်းခြင်းဖြင့် မိသားစုကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပါသည်။ (xxx)နှင့်ရွယ်တူ ကလေးများသည် ကစားခြင်းနှင့် စာလေ့လာခြင်းကိုသာ သိသောအချိန်၌ (xxx)သည် မုန့်ဖတ်ထုပ်ရောင်းနေရသောကြောင့် အစပိုင်းတွင် သိမ်ငယ်စိတ်ဝင်ခဲ့သည်ဟု (xxx)မှပြောခဲ့ပါသည်။ (xxx) သည် ကျောင်းဖွင့်ရက်များတွင် ကျောင်းကို ခြေကျင်သွားပြီး ကျောင်းတက်ရသောကြောင့် မိုးတွင်းဘက်များတွင် သွားလာရန် အခက်အခဲရှိခဲ့ပါသည်။ ထိုအခက်အခဲကို ဖြေရှင်းရန် စက်ဘီးတစ်စီး ဝယ်လိုသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် စက်ဘီး မဝယ်နိုင်ခဲ့ပါ။ ထို့ကြောင့် KT Care Foundationမှ (xxx) ပညာသင်ကြားရာတွင် လွယ်ကူချောမွေ့စွာ သင်ကြားနိုင်ရန်အတွက် (xxx)အား ငွေကြေးကူညီထောက်ပံ့ခဲ့ပါသည်။

Soe Moe Thant Sin

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့

ယနေ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဖြစ်သောကြောင့် မိမိတို့အနီးအနားတွင်ရှိသော သက်ကြီးရွယ်အိုများကို ဂါရဝပြုခြင်းဖြင့် သက်ကြီးရွယ်အိုများနေ့ကို ကြိုဆိုရန် KT Care မှတိုက်တွန်းလိုက်ပါသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အသက် ၆ဝ ကျော်သူများကို သက်ကြီးပိုင်းဟူ၍ ဆိုကြပါသည်။ အသက် ၆ဝ ကျော်၊ အသက် ၇ဝ ကျော်၊ အသက် ၈ဝ ကျော်စသည်ဖြင့် အသက်အရွယ်အပိုင်းအခြားသည် အမျိုးမျိုးရှိကြပါမည်။ ထို့အတူ သက်ကြီးပိုင်းများတွင် သားထောက်သမီးခံရှိသူ၊ သားထောက် သမီးခံမရှိသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ကျန်းမာသူ၊ မကျန်းမာသူ အစရှိသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားခြားနားစွာရှိနေကြပါသည်။ မည်သို့ပင် ကွဲပြားခြားနားမှုများရှိစေကာမူ သက်ကြီးရွယ်အိုများ လူမှုဘဝသာယာရေး၊ ကျန်းမာစွာအသက်ရှင်နေထိုင်ရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်းကူညီပေးကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိသက်ကြီးရွယ်အို လူဦးရေမှာ (၅,၄၄၃,၀၀၀) ရှိပါသည်။ ယင်းတို့အနက် သားထောက်သမီးခံမရှိသော ဘိုးဘွားများသည် ဘိုးဘွားရိပ်သာများ၌ ရှိနေကြပါသည်။ မြန်မာနိုင်ငံ၌ အစောဆုံးဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခဲ့သူမှာ ရတနာပုံ နေပြည်တော်ခေတ် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး လက်ထက်က အဘွားဒေါ်ဦးဇွန်း(မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၃ဝ၆)ပင်ဖြစ်ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ဘိုးဘွားရိပ်သာများ တဖြည်းဖြည်းတိုးပွားခဲ့ရာ ယခုအခါ ဘိုးဘွားရိပ်သာ ပေါင်းများစွာကို နေရာတော်တော်များများတွင် တွေ့မြင်နေရပြီ ဖြစ်ပါသည်။

Quotes