KT Care ဖောင်ဒေးရှင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်းခြင်း

KT Care ဖောင်ဒေးရှင်းမှ သြဂုတ်လ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပို့ရေး အတွက် လိုအပ်သော အဓိကကျသည့် လှေများကို မော်လမြိုင်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုလှေများ အနက် လေးစီးကို ကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကျန် နှစ်စီးကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုအဖွဲ့တို့မှ လက်ခံရယူခဲ့ပြီး ရေဘေးသင့်ပြည်သူများထံသို့ လျှင်မြန်စွာ သွားရောက်ပံ့ပိုးနိုင်တော့မည်ဖြစ်သည်။

3
2
1

KT Care ဖောင်ဒေးရှင်း၏ ရေဘေးကူညီမှု အစီအစဉ်

ဇူလိုင်လအလယ်မှစ၍ မြန်မာနိုင်ငံရှိ နေရာတော်တော်များများတွင် မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့် မြစ်ရေများလျှံတက်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေဘေးဒဏကို အဓိက ခံစားနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ဖြစ်ပါသည်။

ယခုလက်ရှိတွင် ရေဘေးကြောင့် ပျက်ဆီးမှုအများဆုံး ဒေသများမှာ ဖားအံမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ မြဝတီ (လူ၁၅၀၀ခန့် အိမ်ရာမဲ့ဖြစ်) ၊ မွန်ပြည်နယ်ရှိ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ သံဖြူဇရပ်၊ ရေးနှင့် မော်လမြိုင် (လူပေါင်း ၁၄၃၀၀ ကျော်အိမ်ရာမဲ့ဖြစ်)၊ ဧရာဝတီတိုင်းရှိ မြောင်းမြနှင့်ငပုတော (လူ ၅၀၀ ခန့် အိမ်ရာမဲ့ဖြစ်) တို့ ဖြစ်ပါသည်။

ရေကြီးမှုကြောင့် ပေါင်မြို့နယ်တွင် မြေပြိုခြင်း ဖြစ်ပွားခဲ့ပြီး အိမ် (၂၅) လုံးနှင့် ယာဉ် (၅)စီး နစ်မြုပ်ခဲ့ပါသည်။ မြေပြိုခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လျက်ရှိပြီး နောက်ဆုံး သတင်းများအရ လူပေါင်း (၅၉)ယောက် သေဆုံးသွားကြောင်း သိရှိရပါသည်။ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲ ဖြစ်ပါသည်။

ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်းများစွာ ဘေးဒုက္ခရောက်နေခြင်းကြောင့် KT Care ဖောင်ဒေးရှင်းမှ အရေးပေါ်တုန့်ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသည်။ လွန်ခဲ့သော စနေနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းများအရ ရေးမြို့နယ်သည် နှစ်ပေါင်း (၂၀) အတွင်းတွင် အဆိုးဝါးဆုံး ရေကြီးမှုကို ခံစားနေရပြီး မြို့၏ (၉၀)ရာခိုင်နှုန်းခန့် ရေမြုပ်သွားသည်ဟု သိရှိရပါသည်။ ထို့ကြောင့် KT Care အဖွဲ့သည် ရေးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီ လှူဒါန်းမည် ဖြစ်ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော ပစ္စည်းများမှာ သောက်ရေသန့်၊ အစာခြောက်၊ အဝတ်အထည် နှင့် စောင်များ ဖြစ်ပါသည်။ KT Care ၏ လှူဒါန်းမှုတွင် ပါဝင်လိုသူများအနေဖြင့် အဝတ်အထည်နှင့် စောင်တို့ကို (၁၄/၈/၂၀၁၉) နေ့လည် ၁၁ နာရီနောက်ဆုံးထားပြီး KT Care ရုံးသို့ လာရောက်လှူဒါန်းနိုင်ပါသည်။

TMT ports မှ ဝန်ထမ်းသားသမီးများအား ပညာသင်ဆုပေးခြင်း အခမ်းအနား

ဇူလိုင်လ(၁၈)ရက်နေ့တွင် KT Care Foundation အ နေဖြင့် မိခင် ကုမဏီဖြစ်သည့် KT Group of companies များထဲမှ တခုဖြစ်သည့် TMT ports (KT Services and Logistics company) မှဝန်ထမ်းများ၏ ထူးချွန်သားသမီးများအား ပညာသင်ဆု ချီးမြှင့်ပေးခဲ့ပါသည်။ ဆုရရှိသွားသူ စုစုပေါင်း ၄ယောက်ရှိပြီး ၎င်းတို့ တစ်ယောက်ချင်းစီမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာဖြင့် အောင်မြင်ခဲ့သူများ ဖြစ်ပါသည်။ ဆုရရှိသွားသူတစ်ဦးမှာ ငါးဘာသာဂုဏ်ထူးရှင်ဖြစ်ပြီး ကျန်နှစ်ဦးမှာ နှစ်ဘာသာဂုဏ်ထူးရှင်ဖြစ်ကာ တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးလည်း ပါဝင်ပါသည်။ ပညာလိုလား၍ ထူးထူးချွန်ချွန် ကြိုးစားခဲ့သော ကျောင်းသားများကို ထောက်ပံ့ပေးရသည့်အတွက် KT Care မှ ဂုဏ်ယူဝမ်းမြောက်ပါသည်။

viber_image_2019-08-02_09-20-199
viber_image_2019-08-02_09-20-10
viber_image_2019-08-02_09-20-19

KT Care မှ Intellectual Disabilities Development Centre သို့ ငွေကြေးလှူဒါန်းခြင်း

KT Care ဖောင်ဒေးရှင်းမှ ရန်ကုန်ရှိ Intellectual Disabilities Development Centre သို့ ငွေကြေးလှူဒါန်းခဲ့ပါသည်။ ထို center တွင် ကလေးစုစုပေါင်း ၃၀ ခန့်လာရောက် သင်ကြားကြောင်း သိရှိရပါသည်။ တာဝန်ရှိသူတစ်ယောက်၏ ပြောပြချက်အရ centerမှ ကလေးများကို နေ့စဉ် နေ့လည်စာကျွေးကြောင်း သိရပါသည်။ ကျောင်းသားဦးရေ အတက်အကျပေါ်မူတည်၍ နေ့လည်စာစရိတ်များမှာ အတက်အကျရှိသည့်အပြင် အလှူရှင်များအပေါ် မှီခိုနေရသည်ဖြစ်သောကြောင့် အခက်အခဲများရှိသည်ဟု သိရှိရပါသည်။ KT Careမှ ထောက်ပံ့လှူဒါန်းမှုကြောင့် ၁၀ရက်စာ နေ့လည်စာ အတွက် ပြေလည်သွားပါသည်။

IMG20190726114530
IMG20190726113726

KT Care မှ Takashima စက်ရုံရှိ PE များအား facilitation skills သင်တန်းပို့ချခြင်း

KT Care Foundationမှ ဇူှလိုင်လ ၂၇ ရက်နေ့တွင် Takashima စက်ရုံရှိ ပြန်လည်ပညာပေးသူများ (Peer Educators) အား သင်တန်းတစ်ခုပို့ချရာတွင် လိုအပ်သော Facilitation Skills ကို သင်ကြားပို့ချပေးခဲ့ပါသည်။ ထိုသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ PE များ ပြန်လည် ပညာပေးရာတွင် အဆင်ပြေပြေ ပို့ချနိုင်ရန်နှင့် မိမိတို့ သိရှိထားသော ဗဟုသုတများကို ပြန်လည်ဝေမျှရာတွင် ထိရောက်သော နည်းလမ်းများကို သုံး၍ မျှဝေပေးနိုင်ရန် ဖြစ်ပါသည်။ PE များသည် KT Care မှ လစဉ်ပို့ချပေးသော သင်တန်းများကို စက်ရုံရှိ အခြားအလုပ်သမားများအား မျှဝေပေးရန် တာဝန်ရှိသည့်အတွက် PE များ၏ ပြန်လည်မျှဝေနိုင်သည့် စွမ်းရည်ကို တိုးမြှင့်ပေးရန်မှာ အရေးကြီးလှပါသည်။ သင်တန်းတွင် PE ၉ ယောက် တက်ရောက်ခဲ့ပြီး KT Care မှ စီနီယာစီမံကိန်းတာဝန်ခံမှ ဦးဆောင်ပို့ချခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ

ဇူလိုင်လအတွက် ထောက်ပံ့လှူဒါန်းမှု အစီအစဉ်မှ ထောက်ပံ့ကြေး ရရှိသွားသူနှစ်ယောက်မှာ (xxx)နှင့်(yyy) တို့ဖြစ်ပါသည်။ (xxx)သည် အသက်(၈၀)ဖြစ်ပြီး တစ်ဦးတည်းသော သားဖြစ်သူမှာ သေဆုံးသွားသောကြောင့် အပျိုကြီးဖြစ်သူ အသက်(၇၈)နှစ် ရှိပြီဖြစ်သော ညီမ(yyy)နှင့် အတူနေထိုင်ပါသည်။ (xxx)နှင့်(yyy)တို့သည် ကျန်းမာရေးမကောင်းသည့်အပြင် အလုပ်အကိုင်လည်း မရှိ၊ နေစရာလည်းမရှိသောကြောင့် သူမတို့ရပ်ကွက်လူကြီးမှ ယာယီနေထိုင်ခွင့်ပေးထားသော နေရာတွင် ညီမနှစ်ယောက် နေထိုင်နေရပါသည်။ အစားအသောက်နှင့် အခြားလိုအပ်ချက်များအတွက် အိမ်နီးနားချင်းများမှ ဝိုင်းဝန်းစောင့်ရှောက်ကြောင်း သိရပါသည်။ KT Care ၏ ထောက်ပံ့မှုကို မရခင်အချိန်က ဆေးဖိုးဝါးခနှင့် နေ့စဉ်စားသောက်ရန်အတွက် အခက်အခဲရှိကြောင်း သိခဲ့ရပါသည်။

KT Care ဖောင်ဒေးရှင်းမှ သာကေတမိကျောင်းကန်စခန်းတွင် မိကျောင်းစာသွားရောက်ကျွေးခြင်း

KT Care ဖောင်ဒေးရှင်းအဖွဲ့မှ ဇူလိုင်(၃၀)ရက်နေ့တွင် သာကေတမိကျောင်းမွေးမြူရေးစခန်းသို့ အစာကျွေးရန် သွားရောက်ခဲ့ပါသည်။ သာကေတမိကျောင်းမွေးမြူရေးစခန်းသည် KT Care မှ လှူဒါန်းမှုကို လစဉ်ရရှိသော စခန်းဖြစ်ပါသည်။ ထိုစခန်းတွင် စုစုပေါင်း မိကျောင်း(၅၀၀)ကျော် ရှိကြောင်း တာဝန်ရှိသူတစ်ယောက်၏ ပြောပြချက်အရ သိရှိရပါသည်။ စခန်းတာဝန်ခံ ဒေါက်တာဦးမျိုးမင်းလှိုင်မှ KT Care အဖွဲ့ကို ကြိုဆိုပြီး မိကျောင်းများနှင့်ပတ်သတ်သည့် စိတ်ဝင်စားစရာအချက်များကို ရှင်းလင်းပြောပြခဲ့ပါသည်။ မိကျောင်းများသည် တစ်ခါဥ,ဥလျှင် အလုံးရေ ၂၀ အနည်းဆုံးဥပြီး အများဆုံး ၆၅လုံးမှ၇၀ထိ ဥနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ထို့ပြင် မိကျောင်းများ၏သဘာဝအရ မိကျောင်းများသည် ရှေ့တည့်တည့်မှ မမြင်နိုင်ပဲ ဘေးဘက်မှသာ မြင်နိုင်ကြောင်းကို စခန်းတာဝန်ရှိသူ တစ်ယောက်မှ လက်တွေ့ပြသခဲ့ပြီး သိရှိခဲ့ရပါသည်။ ကြမ်းတမ်းသော ပုံစံရှိသောကြောင့် မိကျောင်းအရေခွံကို မာကျော၍ ကိုင်တွယ်ရခက်မည်ဟု ယူဆခဲ့သော်လည်း အမှန်တွင် ပျော့ပျောင်းသော အရေခွံရှိကြောင်း တွေ့ရှိရ၍ တအံ့တသြဖြစ်ခဲ့ရပါသည်။ မိကျောင်းများ၏ နေထိုင်ပုံ အလေ့အထများကို လေ့လာလိုပါက သာကေတမိကျောင်းကန်စခန်းသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးလိုက်ပါသည်။

4
3
2
1
DSC_0301
crocodiles

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ

ဇူလိုင်လအတွက် ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ငွေကြေးထောက်ပံ့မှုကို ရရှိသွားသူမှာ xxx ဖြစ်ပါသည်။xxxx ဇာတိဖြစ်သော သထုံမြို့တွင် မိဘများနှင့်အတူ နေထိုင်ခဲ့ပြီး အရိုးကင်ဆာ ခံစားနေရသည်ဟု သိရှိပြီးနောက် ရောဂါကုသရန် ရန်ကုန်သို့ တစ်ယောက်တည်း ထွက်လာခဲ့ရပါသည်။ အရိုးကင်ဆာရောဂါကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရသော်လည်း ဘဝကို အရှုံးမပေးဘဲ ဆက်လက်ရပ်တည်လိုသည့်အတွက် သူ့ကို စာနာသော လူများ၏ ဝိုင်းဝန်းထောက်ပံ့မှုနှင့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ အရိုးကင်ဆာ လက္ခဏာများကို ပြန်လည်ခံစားလာရသောကြောင့် သင့်တော်သော ဆေးစစ်ခြင်းနှင့် ဆေးကုသမှုခံယူရန်အတွက် ငွေကြေးအခက်အခဲတွေ့နေသောကြောင့် KT Care မှ အထောက်အပံ့ပေးခဲ့ပါသည်။