ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ(ဒေါ်နော်ဆေးဖော)

KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့လှူဒါန်းမှုကို ရရှိသွားသူ နောက်တစ်ယောက်မှာ ဒေါ်နော်စေးဖေါ ဖြစ်ပါသည်။ သူမသည် အသက်(၇၈)နှစ်ရှိပြီး ဘဝကို အကောင်းမြင်စိတ်ဓာတ်ဖြင့် နေထိုင်ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါသည်။ ဒေါ်နော်စေးဖေါတွင် သားသမီး၇ယောက်ရှိသော်လည်း သူမ၏ သားသမီးများမှာ ကိုယ်ပိုင်မိသားစုများရှိသည့်အပြင် စီးပွားရေားအဆင်မပြေသောကြောင့် သူမကိုမစောင့်ရှောက်နိုင်ကြသဖြင့် တစ်ယောက်တည်းနေထိုင်ပြီး အိမ်နီးချင်းများ၏ စောင့်ရှောက်မှုဖြင့် နေထိုင်နေရပါသည်။ ကိုယ်ပိုင်ဝင်ငွေမရှိသည့်အတွက် အိမ်နီးနားချင်းများဆီမှ ကျွေးမွေးခြင်း၊ ဈေးဆိုင်များမှ အကြွေးယူခြင်းဖြင့် နေ့စဉ်စားသောက်ရေးကို ဖြေရှင်းနေရပါသည်။ ရံဖန်ရံခါ ငွေကြေးလက်ခံရရှိသောအခါ ချေးယူထားသောငွေများကို ပြန်လည်ဆပ်သောကြောင့် အိမ်နီးနားချင်းများမှ သူမကိုကြည်ကြည်ဖြူဖြူ ငွေချေးကြကြောင်း သိရှိရပါသည်။ KT Care၏ တာဝန်ရှိသူများမှ ဒေါ်နော်စေးဖေါ၏ အခြေအနေကို သွားရောက်လေ့လာသောအခါ အခက်အခဲများစွာရှိသော်လည်း နေ့စဉ်ဘဝကို သတ္တိရှိရှိ၊ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်သည့်စိတ်ဓာတ်ကို တွေ့ရှိရသဖြင့် တအံ့တသြ ဖြစ်ခဲ့ရပါသည်။

ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ ထောက်ပံ့ကြေးရရှိသွားသူ(ဦးမြင့်ဦး)

KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့လှူဒါန်းမှုအစီအစဉ်မှ လှူဒါန်းမှု ရရှိသူ တစ်ယောက်ဖြစ်သော ဦးမြင့်ဦးသည် အငြိမ်းစားစစ်သားတစ်ယောက်ဖြစ်ပြီး မြောက်ဒဂုံတွင် နေထိုင်ပါသည်။ သူနှင့်အတူ နေထိုင်သူ ဇနီးဖြစ်သူမှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများကို ခံစားနေရပြီး အပတ်စဉ် ဆေးကုသမှု ခံယူနေရသူ ဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီဖြစ်သော်လည်း ဇနီးသည်၏ ဆေးဖိုးနှင့် နေထိုင်စားသောက်စရိတ်များအတွက် ဦးမြင့်ဦးသည် Taxi မောင်းပြီး ဝင်ငွေရှာနေသူ ဖြစ်ပါသည်။ (နောက်ဆက်တွဲ) ဇနီးဖြစ်သူမှာ မကြာခင်ရက်ပိုင်းမှ ဆုံးပါးသွားကြောင်း ထပ်မံသိရှိရပြီး KT Careမှ နောက်ဆက်တွဲ ပံ့ပိုးလှူဒါန်းခဲ့ပါသည်။

ဂရုဏာကလေးများ မေတ္တာရိပ်မြုံတွင် သွားရောက်လှူဒါန်းခြင်း

KT Care ဖောင်ဒေးရှင်းမှ ဇွန်လ ၂၈ ရက် ၂၀၁၉ခုနှစ်တွင် မှော်ဘီမြို့ရှိ ဂရုဏာကလေးများ မေတ္တာရိပ်မြုံ သို့ အဝတ်အစားနှင့် အခြားလိုအပ်သောအသုံးအဆောင်များဝယ်ယူရန် ငွေကြေး ထောက်ပံ့ပေးခဲ့ပါသည်။ ဂရုဏာကလေးများ မေတ္တာရိပ်မြုံတွင် ယနေ့အချိန်ထိ နေထိုင်သူ ကလေးပေါင်း (၅၃)ယောက်ရှိပြီး ကလေးများ၏ စားဝတ်နေရေးနှင့် အထွေထွေကုန်ကျစရိတ်များအတွက် အလှူရှင်များအပေါ်တွင် မှီခိုနေရပါသည်။ ကလေးအများစုမှာ တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ချင်း၊ ကချင်၊ ရှမ်း၊ ကယား လူမျိုးများ အများဆုံး ဖြစ်ပါသည်။ ဂရုဏာကလေးများ မေတ္တာရိပ်မြုံ၏ အုပ်ချုပ်သူ ဆရာမနှင်းဝေ၏ ပြောပြချက်အရ အလှူရှင်အများစုမှာ မိန်းကလေးအဝတ်အစားများကို လှူဒါန်းလေ့ရှိသောကြောင့် ယောကျ်ားလေးများအတွက် အဝတ်အစားများလိုအပ်နေကြောင်း သိရပါသည်။ ကျောင်းနေအရွယ် ရောက်နေပြီဖြစ်သော ကလေးများအတွက် ကျောင်းသုံးပစ္စည်းများနှင့် အခြားကုန်ကျစရိတ်များအတွက် အလှူငွေလိုအပ်နေသည်ဟုလည်း သိခဲ့ရပါသည်။ အလှူအတန်း ချစ်မြတ်နိုးသူတိုင်း ဂရုဏာကလေးများ မေတ္တာရိပ်မြုံ သို့ သွားရောက် ကူညီလှူဒါန်းရန် KT Care မှ တိုက်တွန်းလိုက်ပါသည်။

DSC_0125-01
DSC_0124-01
DSC_0122-01
DSC_0119-01
edited pic

မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းသင်ကြားပို့ချခြင်း

KT Care ဖောင်ဒေးရှင်းမှ ၂၀၁၉ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို Takashima စက်ရုံတွင် သင်တန်းပေးခဲ့သည်။ ထိုသင်တန်းတွင် Takashima စက်ရုံမှ ပြန်လည်ပညာပေးသူများအဖြစ် ရွေးချယ်ထားသော သင်တန်းသား ၁၀ ယောက်တက်ရောက်ခဲ့ပါသည်။ KT Care မှ သင်တန်းပေးသူ ဒေါ်အိအိချောမှ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ အကြောင်းကို ရှင်းလင်းပြောပြခြင်းဖြင့် သင်တန်းကိုစတင်ခဲ့ပါသည်။ သင်တန်းတက်ရောက်သူများသည် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ ၏ ဖြစ်ပွားပုံအကြောင်းရင်းနှင့် ထိုရောဂါများကို ကြိုတင်ကာကွယ်ရန်အတွက် ထိရောက်သော နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ နေ့လည်ပိုင်း နားချိန်တွင် KT Care မှ သင်တန်းပို့ချသူ ဒေါ်အိအိချောမှ သင်တန်းတစ်ခုပို့ချရာတွင် လိုအပ်သော အချက်များကို ကစားနည်းဖြင့် ရှင်းလင်းပြောပြခဲ့ပါသည်။ သင်တန်းတက်ရောက်သူများသည် မိမိတို့ သင်ယူခဲ့သော ဗဟုသုတများကို စက်ရုံအတွင်းရှိ အခြားသူများအား ပြန်လည်ဝေမျှရမည် ဖြစ်သောကြောင့် သင်တန်းအဆုံးတွင် စစ်ဆေးမှု ပြုလုပ်ကာ သင်တန်းတစ်လျှောက် ဆွေးနွေးခဲ့သော အကြောင်းအရာများကို နားလည်မှုရှိ၊မရှိ စစ်ဆေးခဲ့ပါသည်။

Edited #1
Edited #2
Edited #3
Edited #4
Edited #5
Edited #6
Edited #7