Green Lotus Foundation မှပြုလုပ်သည့်အခြေခံစီးပွားရေးသင်တန်းတွင် KT Care Foundation မှတစ်နိုင်တစ်ပိုင် ထောက်ပံ့ပေးခဲ့ခြင်း

KT Care ဖောင်ဒေးရှင်းမှ မေလနောက်ဆုံးအပတ်တွင် Green Lotus Foundation မှပြုလုပ်သော အခြေခံစီးပွားရေးသင်တန်းအတွက် လိုအပ်သည်များကို တစ်နိုင်တစ်ပိုင် ထောက်ပံ့ပေးခဲ့ပါသည်။ ထိုသင်တန်းသည် ဒဂုံဆိပ်ကမ်းရှိ အမျိုးသမီးများ အနာဂတ်တွင် ကိုယ်ပိုင်စီးပွားရေးများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပို့ချခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းဖြစ်မြောက်ရန်အတွက် Green Lotus Foundtion သည် Lutheran World Federation Myanmar,  Action Aid Myanmar,  Agence Francaise de Développement (AFD),KT Care Foundation တို့နှင့်အတူပူးပေါင်း လုပ်ဆာင်ခဲ့ပါသည်။ ထိုသင်တန်းတွင် အမျိုးသမီးများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်ရန် စီးပွားရေးအကြံဉာဏ်များ၊ ကိုယ်ပိုင်စီးပွားရေးကို ဘယ်လိုစတင်လုပ်ကိုင်မလဲ ဆိုသည့်အကြောင်းအရာများအပြင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် တွေ့ရတတ်သည့် အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ကို ပို့ချပေးခဲ့ပါသည်။

Training Completion Report Green Lotus_compressed copy
1

KT Care Foundation ၏ ပညာသင်ဆုအစီအစဉ်မိတ်ဆက် 

KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုချီးမြှင့်ခြင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ ပညာရေးလက်လှမ်းမီစေရန် ရည်ရွယ်ပါသည်။ ဝင်ငွေနည်းမိသားစုများ ငွေကြေးအကန့်အသတ်ကြောင့် ပညာသင်ယူရာတွင် အခက်အခဲကြုံတွေ့နေရပါသည်။ KT Care ဖောင်ဒေးရှင်းမှ ဤသို့သောကျောင်းသားများအတွက် ပညာသင်ကြားရာတွင် လိုအပ်ချက်များဖြစ်သော ကျူရှင်စရိတ်၊ နှင့် သင်ထောက်ကူပစ္စည်းများအတွက် ပညာသင်ဆု ချီးမြှင့်ပေးလျက်ရှိသည်။
တက္ကသိုလ်ကျောင်းသားများ ပညာရေးတွင်ထူးချွန်ပြီး အသက်မွေးဝမ်းကျောင်းဘ၀ ခိုင်မာစေရန် ပေးအပ်လျက်ရှိသော ပညာသင်ဆု အစီအစဉ်မှာ နေထိုင်စားသောက်စရိတ် အပါအဝင် ကျူရှင်နှင့်အခြား ပညာရေးစရိတ်များ တက္ကသိုလ်နှင့် မေဂျာအလိုက် ပညာသင်နှစ်၃နှစ်မှ၅နှစ်တိုင်အောင် ထောက်ပံ့လျက်ရှိသည်။ ထို့ပြင် ပညာသင်ဆု ချီးမြှင့်ခံရသော ကျောင်းသားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိစေရန် အလုပ်သင်ဝန်ထမ်းအဖြစ် ခေါ်ယူသင်တန်းပေးလျက် ရှိပါသည်။