သူငယ်အိမ်စောင်းနေသော ကလေးများကို (၈)နှစ်မတိုင်မီ ကုသရန်လို

ကလေးများ၌ သူငယ် အိမ်စောင်းခြင်းကို အသက်(၈) နှစ်မတိုင်မီ အချိန်မီကုသမှသာ မျက်စိစွေခြင်းနှင့် အမြင်ဆုံးရှုံး ခြင်းမဖြစ်ရန် ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ပြောသည်။

‘‘ကလေးငယ်တွေမှာ မျက်စိ စွေတာကို (၈)နှစ်သားအထိမှာအ ချိန်မီကုသနိုင်ရန်ပြန် တည့်နိုင်ရင် အမြင်က နဂိုအတိုင်းပြန်ရမယ်။ အသက်(၁၂)နှစ်လောက်နောက် ပိုင်းကျမှကု သရင်တော့ မျက်စိစွေ တာပြန်တည့်နိုင်ပေမယ့် အမြင်မ ရနိုင်ဘူး။ စောစောသိဖို့လိုတယ်’’ ဟု ဒေါက်တာတင်ဝင်းကဆိုသည်။

မျက်စိစွေခြင်း၌ မွေးရာပါ စွေခြင်း၊ မျက်လုံးနှစ်ဖက် အမြင်အာရုံကွာခြားခြင်းကြောင့် မျက်စိစွေခြ င်းနှင့် အာရုံကြောဆိုင်ရာရောဂါများကြောင့်ဖြစ်နိုင်ပြီး ကလေးနှင့်လူကြီးတွင် ဖြစ်ရသည့် အကြောင်းရင်း ကွာခြားမှုမရှိပေ။

‘‘မျက်စိစွေတာက သာမန် ကြည့်ရုံနဲ့ စွေတာသိနိုင်တာလည်း ရှိသလို တချို့ကျတော့ စက်ကိရိ ယာတွေနဲ့ဘယ်လောက်ဒီဂရီစွေ လဲဆိုတာ တိုင်းပြီးကုရတယ်။ မျက်လုံးနှစ်ဖက်အမြင်အာရုံမတူတာကြတော့ အမြင်နည်းတဲ့ မျက်လုံးက စွေသွားတာလည်းရှိတယ်။ အမြင်နည်းတယ်ဆိုလည်း သူ့ဟာသူမွေးရာပါအမြင်နည်းတာလား၊ ရောဂါတစ်ခုခုကြောင့်လား၊ အကြောင်းရင်းကဘာလဲ အဲဒါကိုရှာရတယ်။ တချို့တွေကျတော့ အာရုံကြောရောဂါကြောင့် ဖြစ်တာလည်းရှိတယ်။ ရောဂါရှာဖို့က အရေးကြီးတယ်’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ဆိုသည်။

ထို့ကြောင့် မွေးစမှ အသက် (၈)နှစ်အထိ သူငယ်အိမ်စောင်း ခြင်းကို အချိန်မီပြုပြင်နိုင်ရေး ရောဂါဖြစ်မှုအခြေအနေကို စောစီးစွာသိရှိရန်နှင့်သိရှိပါကအချိန်မီကုသမှုခံယူရန် ၎င်းက တိုက်တွန်းအကြံပြုသည်။

eye-check_1Source: 7Days

မျက်စိ တိမ်ဖုံးဝေဒနာရှင်များကို KT Care မှ အခမဲ့ခွဲစိတ်ကုသပေး

မြန်မာနိုင်ငံသည် ကမ္ဘာတွင် မျက်စိကွယ်မှု အမြင့်ဆုံး နိုင်ငံတခုဖြစ်ပြီး ကျေးလတ်ဒေသများတွင် ၈.၁% ရှိသည်။ မျက်စိကွယ်ရသည့် အကြောင်းအရင်းများတွင် ၆၄%မှာ တိမ် ဖုံးခြင်း ၁၇% မှာ ရေတိမ်ဖြစ်ခြင်း ကြောင့် ဖြစ်သည်။ ကျေးလတ်ဒေသများတွင် မျက်စိမှုန်ခြင်းကို ၄၀.၄% အထိတွေ့ရပြီး ယင်းအနက် ရ၀%မှာ မျက်စိ တိမ်ဖုံးရာက ဖြစ်ပွားကြသည်။
မျက်စိ တိမ်ဖုံးခြင်း ဆိုသည်မှာ အမြင်အာရုံကို ဖြစ်စေသည့် မျက်လုံး မှန်ဘီလူးပေါ်တွင် တိမ်ဖုံးကွယ် ရာက အမြင်အာရုံ မရှင်းလင်း ဝေးဝါးသည့် လက္ခဏာဖြစ်သည်။ မျက်စိတိမ်ဖုံးခြင်းမှာ အသက်အ ရွယ်ကြီးမြင့် လာမှုနှင့် သက်ဆိုင်သည့် ကိုတွေ့ရပြီး အသက်ကြီးရွယ်အိုများတွင် တွေ့ရလေ့ရှိသော လက္ခဏာ တခု ဖြစ်သည်။
မျက်စိ တိမ်ဖုံးဝေဒနာ ခံစားရသူများ၏  အမြင်အာရုံ မှာ ရှင်းလင်းခြင်းမရှိ မှုန်ဝါးခြင်းကြောင့် ၎င်းတို့ လုပ်ငန်းဆောင်တာများကို  ထိခိုက် နှောင့်နှေးစေပါသည်။ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး တို့တွင် များစွာ အဟန့်အတား ဖြစ်ကြရပါသည်။

edited 2

“မြင်သမျှ အကုန် ကို ၀ါးသွားတာ။ တော်တော် ဒုက္ခရောက်တာပဲ။ ကိုယ်လုပ်ချင်တာ တွေ ကောင်းကောင်းကို မလုပ်ရတော့ဘူး။ တရားအားထုတ်ဖို့ဘုန်းကြီးကျောင်းလဲ မသွားနိုင်တော့ဘူး ဟု အသက် ၅၈ နှစ်အရွယ် ချောက်မြို့နယ် ပုပ္ပကန်ကျေးရွာနေ ဒေါ်အုန်းကျင်က ပြောပါသည်။
KT Care ဖောင်ဒေးရှင်း အနေဖြင့် မျက်စိတိမ်စွဲ လူနာများကို ခွဲစိတ်ကုသပေးနိုင်ရန် ဒေသအနှံ့အပြား နှင့် ချိတ်ဆက်ကာ ကွန်ရက် ဆက်ဆံရေး တည်ဆောက်ထားပါသည်။ ယင်းကွန်ရက်ကတဆင့် မျက်လုံးတိမ်စွဲ ဝေဒနာရှင်များကို ခွဲစိတ်ကုသ ပေးနိုင်ရန် ရှာဖွေစုဆောင်းကာ ခွဲစိတ်ကုသ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
“အခုတော့ KT Care ကနေ ကျောက်ပန်းတောင်းဆေးရုံးမှာ ခွဲစိတ်ပေးပါတယ်။ မျက်လုံးတိမ်ကို ဖယ်လိုက်တော့ တော်တော်ကို အမြင်ကြည်လင်သွားတယ်ကွယ့်။ အရမ်းကိုပျော်တာ။ အရင်အတိုင်း ဘုန်းကြီးကျောင်းသွားပြီး တရားအားထုတ်တာပြန်လုပ်လို့ရပြီ” ဟု ၎င်းက ၀မ်းပန်းတသာဖြင့် ဆိုသည်။
KT Care ဖောင်ဒေးရှင်းမှ မျက်စိတိမ်ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျေးလတ်ဒေသများတွင် ဖွင့်လှစ်ပေးသည့် ရွေ့လျား ဆေးကုသစီမံကိန်းတွင် ပေါင်းစပ်ထည့်သွင်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ၀င်ငွေနည်းပါးမိသားစုများမှ မျက်လုံးတိမ်စွဲဲ ဝေဒနာရှင် ၆၃ ဦးကို အောင်မြင်စွာ ဖြင့် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံအနှ့ံအပြားမှ မျက်စိ တိမ်ဖုံးဝေဒနာရှင်များအနေဖြင့် KT Care Foundation သို့ info@ktcare.org ကဖြစ်စေ၊   +951 527522 ၊ +951 527516 ကဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။