နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ အရေအတွက် များပြားနေဆဲ

နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်း ဆိုသည်မှာ သန္ဓေသားလောင်း စတင်ဖွံ့ဖြိုးစကာလတွင် တွေ့ရသော ခံတွင်းနှင့် မျက်နှာသွင်ပြင်ပုံစံပျက်ယွင်းခြင်း တစ်မျိုးဖြစ်သည်။ မိခင်ဖြစ်သူ၏ နေထိုင်စားသောက်မှုပုံစံ ကိုယ်ဝန်ဆောင်ကာလတွင်း သုံးစွဲသည့် ဆေးဝါး နှင့် မျိုးရိုဗီဇ ဆက်စပ်မှု စတဲ့အကြောင်းအရင်း များကြောင့်  နှုတ်ခမ်းကွဲ အာခေါင်ကွဲ အဖြစ် မွေးဖွားလာကြသည်။ အချို့ကလေးများတွင် ဇီဝဖြစ်စဉ် ပြောင်းလဲမှုကြောင့် ယင်းရောဂါလက္ခဏာတွေ့ရသည်။

CDC သုတေသန လေ့လာချက်အရ နှုတ််ခမ်း ကွဲ အာခေါင်ကွဲ အဖြစ်မွေးလာသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ ဆေးလိပ်သောက်သုံး တက် သော ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ သည်အမျိုးသမီးများ အတက် ရောဂါ ကုသဆေးများ တာရှည်စွဲသောက် သည့် ကိုယ်ဝန် ဆောင်အမျိုးသမီးတို့သည် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးမွေးဖွားနိုင်ချေ ပိုများကြောင်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ဝေးလံဒေသများရှိ လူမှုစီးပွား နိမ့်ပါးသော မိသားစုများတွင် ယင်းနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးငယ်များကို တွေ့ရလေ့ရှိသည်။ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံ၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကလေးငယ် ပေါင်း ၆၀၀၀ မှ ၈၀၀၀ အထိ နှစ်စဉ်မွေးဖွား လျက်ရှိသည်။ “ဒီကလေးငယ်တွေကို ကုသပေးမယ့် ဆေးရုံ မလုံလောက်တာကြောင့်  လူနာနဲ့ ကုသပေးနိုင်တဲ့အတိုင်းအတာက ကွာဟနေတုန်းပဲ” ဟု New Look New Light အဖွဲ့မှ ဒေါက်တာ သီဟမြင့်က ပြောပါသည်။

7

KT Care Foundation အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ယင်းကလေးငယ်များ ဘဝပြောင်းလဲတိုး တက်နိုင်ရေးအတွက် နှုတ််ခမ်းကွဲ ၊အာခေါင်ကွဲ ခွဲစိတ်ကုသရေး စီမံကိန်း ၂၀၁၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ “ New Look New Light အဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ပုံမှန် ခွဲစိတ်ကုသပေးနေပါတယ်။ ပုံမှန် အစီအစဉ်ကနေ တစ်လ ၅ ဦးနှုန်း ခွဲစိတ်ကုသပေးနေတာပါ။ ဒီ ၂၀၁၆ ခုနှစ်မှာ အနယ်နယ်အရပ်ရပ်က လူနာပေါင်း ၅၃ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်” ဟု KT Care Foundation မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ပိုင်စိုးကျော်က ပြောပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ခွဲဲစိတ်ခံလိုသူ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ လူနာရှင်များ မှ KT Care Foundation သို့ info@ktcare.org သို့မဟုတ်  +951 527522 နှင့် +951 527516 ကနေဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Source:MOI,KT Care Foudation, CDC research