နေပြည်တော်တွင်ကျင်းပသော AFCSR ဖိုရမ်သို့ KT Care Foundation တက်ရောက်

စက်တင်ဘာ ၂၂၊ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် စီးပွားရေးလုပ်ငန်းများ လူမှုတာဝန်ယူမှုဆိုင်ရာ AFCSR2016 ဖိုရမ်သို့ KT Care Foundation မှ ဦးမိုးကျော်သောင်း (Chairman – KT Care Foundation)၊ ဦးပိုင်စိုး ( အပါအဝင် KT Care မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ယင်းဖိုရမ် ဖွင့်ပွဲတွင် ကြွရောက်လာသော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင် ကုမ္ပဏီများ ကြီးကြပ်မှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံ၏ အရေးကြီးသော အခါသမယတွင် AFCSR ဖိုရမ်ကျင်းပသည့်အတွက် များစွာ ကျေနပ်ဝမ်းသာရပါကြောင်း ၊ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ရှိရန်ကြိုး စားနေသည့်အလျောက် လူမှုတာဝန်ယူမှုရှိသော စီးပွားရေး(Coporate Social Responsibility) သည် ပုဂ္ဂလိက ပိုင်းသာမက အားလုံးနှင့် သက်ဆိုင်သည့် အရေးဖြစ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုကို ထိပ်တန်းဦးစားပေးထားသကဲ့သို့ ပြည်သူများ၏ ဘဝအရည် အသွေး ပိုမိုကောင်းမွန်လာနိုင်ရန် လူမှုပိုင်းဆိုင်ရာ တာဝန်ယူမှုရှိသော ရေရှည်တည်မြဲဖွံ့ဖြိုးရေး ကိုလည်းအလေးထားပါကြောင်း အဖွင့်မိန့်ခွန်း တွင် ပြောကြားခဲ့သည်။ အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၃ဝကျော်မှာ ကိုယ်စားလှယ် ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြကာ လူမှု တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၊ ရေရှည်တည်မြဲသော စီပွားရေး၊ အားလုံးအကျိုး ခံစားနိုင်သော တိုးတက်မှုကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ လူမှုရေးရာတီထွင်ဆန်းသစ်မှု (Corporate Social Innovation) ကနေရပ်ရွာများ တိုးတက်ဖွံ့ဖြိုး စေသကဲ့သို့ နိုင်ငံအပြောင်း အလဲနှင့် အားလုံးအတွက် ကောင်းမွန်သော အနာဂတ်ဘဝကို ဖန်တီးပေး ရေးကို အလေးထား ဆွေးနွေးခဲ့ကြသည်။

(Ref:AFCSR Forum andBoneo News)

u-than-aung-kyaw-deputy-director-general-directorate-of-investment-andComputer training session held by KT Care‘s Community Facilitatoration
U Than Aung Kyaw, Deputy Director General, Directorate of Investment and Company Administration
e4
Dr Hannah Kyaw Thaung

 

concurrent-session
Concurrent session

နှုတ်ခမ်းကွဲ အာခေါင်ကွဲ မွေးဖွားခြင်းက ကလေးငယ်များ၏ ရေရှည်ကျန်းမာရေး တွင် သက်ရောက်မှု မရှိဟု သုတေသီများ ဖော်ထုတ်

နှုတ်ခမ်းကွဲ ဝေဒနာခံစားနေရသော ကလေးများ နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော သုတေသန တွေ့ရှိချက်အရ စနစ်တကျ ခွဲစိတ်ကုသခြင်းဖြင့် ပုံမှန် နှုတ်ခမ်းအနေအထားသို့ ရောက်ရှိနိုင်ပြီး နှုတ်ခမ်းကွဲ နေခြင်းကြောင့် ကလေးများ၏ ရေရှည်ကျန်းမာရေး အပေါ် မည်သို့မျှ မသက်ရောက်ကြောင်း ပုံမှန်ကလေးများနှင့် မခြားနားလှကြောင်း နော်ဝေနိုင်ငံ သုတေသီများက ပြောကြားခဲ့ပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင်း သန္ဓေသားလောင်း၏ အပေါ်နှုတ်ခမ်း တစ်ရှုးအသားမျှင်များ မတွဲဆက်ခြင်းကြောင့်သာ ဖြစ်ကြောင်း သိရသည်။ အသိဉာဏ်မဖွ့ံဖြိုးခြင်း၊ မသန်စွမ်း ဖြစ်ခြင်း ၊ စသော ရောဂါများဖြင့် သေဆုံးနိုင်ချေမှာ နှုတ်ခမ်းကွဲ ကလေးငယ်များ တွင် မဆိုစလောက် အနည်းသာ ပိုကြောင်း တွေ့ရှိရသည်။ ဒီတွေ့ရှိချက်က နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးမိဘတွေ အတွက် သတင်းကောင်းပဲ။ ကိုယ်ဝန်ဆောင်စဉ်တွင် အလ်ထရာစောင်းကနေ ဒီလို နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဖြစ်နေတာကို ကြိုတင်သိရှိနိုင်တာကြောင့် မမွေးဖွားခင်ကတည်းက မိဘတွေ ကြိုတင်စိတ်ပူပန်ကြတာပါ ဒီလိုတွေ့ရှိချက်ကြောင့် သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဖြေလျှော့ပေးနိုင်ပါတယ်”ဟု Bergen University မှ Dr Erik Berg က ဆိုပါသည်။
Source www.health24.com

large-plate

အဖေ နှင့် မိသားစုကို ကူညီပံ့ပိုးပေးမည့် မချယ်ရီဝေ

မချယ်ရီဝေသည် မြန်မာနိုင်ငံအလယ်ပိုင်းက ဆင်းရဲလှသော ရွာလေးတစ်ရွာ တွင် နေထိုင်ပြီး မိသားစုဝင် ၇ ဦးရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့ သည့် နာဂစ်မုန်တိုင်းကြောင့် သူမ၏ ညီကိုမောင်နှမ သုံးဦး နှင့်အတူ မိခင်ဖြစ် သူ ပါ ဆုံးပါးခဲ့ရသည်။ နေအိမ်အပါဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။ ဖခင်ဖြစ်သူ မှာ ကျပမ်းအလုပ်လုပ်ပြီး ကျန်ရစ်ခဲ့သေ မိသားစု သုံးဦးကို ရှာဖွေကျွေးမွေးသော်လည်း အသက်အရွယ်ကြီးရင့် လာသဖြင့် ယခင်ကဲ့သို့ အလုပ်မလုပ်နိုင်တော့ ချေ။ ဘဝတွင် ပညာရေး အရေးကြီးမှန်းသိရှိကြသော်လည်း နည်းပါးသော ဝင်ငွေကြောင့် တစ်ဦးတည်းကိုသာ ဆက်လက်ပညာသင်ပေးနိုင်ခဲ့ပါသည်။ တက္ကသို်လ်မ တက်နိုင်မှန်းသိပေမယ့် မချယ်ရီက တော့ ပညာရေးမှာ ထူးချွန်သည့် ကျောင်းသူ တစ်ဦးဖြစ်သည်။

“ရည်မှန်းချက်ဆိုတာ ပန်းတိုင်း ၊ မျှော်လင့်ချက် ၊ ဓမ္မဓိဌာန်ကျတာဆို နားလည်မိပါတယ်။ လူတိုင်းလူတိုင်းဘဝရပ်တည်နိုင်ဖို့ ဆိုတာ ဘဝရည်မှန်းချက်ရှိရပါမယ်။ အရိပ်ရဖို့၊ သစ်သီး သစ်နှံရဖို့ အပင်စိုက်ရတာပါ။ လေ့လာသင်ယူခြင်း ဆိုတာ ကျောင်းစာတွေ ကို နားလည်အောင်ကြိုးစားတာဖြစ်ပါတယ်။ ကျွန်မမှလည်း ဘဝရည်မှန်းချက် တစ်ခုရှိိတယ်။ ဒါကတော့ ကျောင်းဆရာမ ဖြစ်ဖို့ပါ” ဟု၍ သူ့မဘဝရည်မှန်းချက် ကိုရေးသားထားသည်။
ဒေသခံရပ်ရွာလူကြီးများတစ်ဆင့် KT Care ဖောင်ဒေးရှင်း၏ ပညာသင်ဆုထောက်ပံ့ ရေးအစီအစဉ်ကို ကြားသိခဲ့သည်။ ချက်ခြင်းပင် မချယ်ရီဝေတစ်ယောက် ပညာသင်ဆုရ ယူရန် လျှောက်ထားခဲ့သည်။
ယခုအခါမှာတော့ ပညာသင်ထောက်ပံ့ကြေးဖြင့် မချယ်ရီဝေတစ်ယောက် ပုသိမ်တက္ကသိုလ် တွင် အင်္ဂလိပ်စာအထူးပြုလေ့လာသင်ယူလျက်ရှိနေသည်။ KT Care ဖောင်ဒေးရှင်းမှ ကျုရှင်စရိတ် အပါအဝင် နေထိုင်၊သွားလာ ၊ စာမေးပွဲ စရိတ်များ ကို ပညာသင်ဆုကြေးအဖြစ် ချီးမြင့်ပေးထားသည်။
တက္ကသိုလ် ဒုတိယနှစ်တက်နေသူ မချယ်ရီဝေက သူမ၏ မျှော်လင့်ချက်၊ နှင့် ပေးဆပ်လို စိတ်အကြောင်းကို ဤသို့ ရင့်ဖွင့်ပြောပြပါသည်။
“ ကလေးတွေ ကို စာသင်ပေးတဲဲ့ ကျောင်းဆရာမ ကျွန်မ ဖြစ်ချင်ပါတယ်။ ပြီးတော့ ကုမ္ပဏီဝန်ထမ်းလည်း ဖြစ်ချင်တယ်။ကျောင်းပြီးရင်တော့ အဖေကို အနားယူခိုင်းတော့ မယ် အဖေကို ပြုစုမယ်။ နောက်ပြီး မောင်လေး တစ်ယောက် ကိုလည်း ပညာတက်ဖြစ် ဖို့ ကျွန်မ ပံ့ပိုးပေးဦးမယ်။ အဖေ ၊ မောင်လေးတို့အတွက် ထူးချွန်ထက်မြတ်တဲ့ သမီးလေး ဖြစ်ဖို့ အစ်မကြီး ဖြစ်ဖို့ ကြိုစားမယ်။ ဒါ့အပြင် နိုင်ငံနဲ့ ရပ်ရွာ တိုးတက်ဖို့လည်း အလုပ်လုပ်ပေးမယ်” ဟု ဆိုသည်။”

ယခုအချိန်အထိ မချယ်ရီဝေကဲ့သို့ ကျောင်းသားကျောင်းသူပေါင်း ၄၂ ဦးကို KT Care Foundation မှ ပညာသင်ထောက်ပ့့ံကြေး ချီးမြင့်ခဲ့ပြီးဖြစ်သည်။

IMG_3297

Mobile Clinics

1

Mobile Clinics1

2

Mobile Clinics2

3

Mobile Clinics3

4

Mobile Clinics4

5

Mobile Clinics5

6

Mobile Clinics6

8

Mobile Clinics7

9

Mobile Clinics8

10

Mobile Clinics9

11

Mobile Clinics10

12

Mobile Clinics11

13

Mobile Clinics12

14

Mobile Clinics13

15

Mobile Clinics14

16

Mobile Clinics15

17

Mobile Clinics16

18

Mobile Clinics17

19

Mobile Clinics18

20

Mobile Clinics19

21

Mobile Clinics20

22

Mobile Clinics21