၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့

02 / 12 / 2020

ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး လွပ်လပ်မှုရရှိစေခဲ့သော (၁၉၄၇)ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အောက်မေ့သတိရသော အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပကြခြင်းဖြစ်သည်။ ထိုသဘောတူစာချုပ်က မြန်မာနိုင်ငံကို စည်းလုံးညီညွတ်စေခဲ့ပြီး ဗြိတိသျှအစိုးရထံမှ လွပ်လပ်ရေးရရှိရန် တောင်းဆိုခဲ့သည်။ ပင်လုံစာချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်လာစေရန် အခြေခံအုတ်မြစ်လည်း ဖြစ်ခဲ့သည်။ (၁၈၈၆)ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိသျှအုပ်ချုပ်သူများမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဝေးလံသောတိုင်းရင်းသားဒေသတို့ကို ခွဲခြားအုပ်ချုပ်မှုများရှိခဲ့သည်။ အထူးသဖြင့် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကို သွေးခွဲမှုများ ပြုလုပ်ခဲ့သည်။ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရှမ်း၊ ကချင်၊ ချင်းနှင့် အခြားမြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှ ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာလူမျိုးများသည် ပြည်ထောင်စုနေ့ အခမ်းအနားကို လပေါင်းများစွာ ကြိုတင်မျှော်လင့်ကြပြီး စိတ်အားထက်သန်စွာ ကျင်းပဆင်နွှဲကြသည်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ကျောင်းသူများအတွက် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ပတ်သတ်သည့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိသည်။

Photo crd to : Yangon Life

73rd Myanmar Union Day (4)

KT Care Foundation

KT Care Foundation