အဖွဲ့ဝင်များ

shake

Trustees အဖွဲ့

KT Care ဖောင်ဒေးရှင်းကို ဦးကျော်သောင်းမိသားစုဝင် ဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ မှုဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။

ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များ

KT Care ဖောင်ဒေးရှင်းကို နောက်ခံပညာအရည်အချင်းနှင့် အတွေ့အကြုံကြွယ်ဝသော ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များမှ စိတ်ရင်းစေတနာ ၊ ရှေ့ထား ၍ စုစည်းညီညွတ်စွာ စီမံခန့် ခွဲလုပ်ကိုင်လျက်ရှိသည်။

ဝန်ထမ်းများ

Organizational Chart for KT Care Staffs - Copy-1

KT Care ဖောင်ဒေးရှင်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ထိရောက်အောင်မြင်နိုင်ရန် ဒေသခံ ကျွမ်းကျင်ဝန်ထမ်းများ ဖြင့် ဖွဲ့စည်းလုပ်ကိုင်လျက်ရှိပြီး ယင်းဝန်ထမ်းများသည် ဖွံ့ဖြိုးရေး ၊ နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အတွေ့အကြုံ ကြွယ်ဝပြီး ဘာသာစကားကျွမ်းကျင်မှု နှင့် နောက်ခံအခြေအနေ သိရှိနားလည်ကြသူများဖြစ်ကြသည်။
ပြည်တွင်းမှ ကျွမ်းကျင်သူများကို ခန့်ထားလုပ်ကိုင်ခြင်းကြောင့် ရင်းမြစ်များ ခွဲဝေ ထောက်ပံ့ ရာတွင် လိုအပ်သည့် အချိန် ၊ နေရာ ဒေသနှင့် ဒေသလိုအပ်ချက်နှင့် ကိုက် ညီအောင် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ပါသည်။ ထို့ပြင် အလုပ်သင်များ၊ ကျွမ်း ကျင် စေတနာ့ဝန်ထမ်းများ၏ ပါဝင်လုပ်ကိုင်မှုကို ရယူပြီး လုပ်ကိုင် လျက် ရှိသော စီမံကိန်းများကနေ အကျိုးကျေးဇူး ပိုမိုဖြစ်ထွန်းစေပါသည်။
နာဂစ်မုန်တိုင်းကာလတွင် စတင်ခဲ့သော ဦးကျော်သောင်းမိသားစု၏ လူမှုကူညီရေး လုပ်ငန်းမျာသည် ဘေးဒဏ် သင့်ပြည်သူများထံ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထောက်ပံ့ပေးရန် ရည်မှန်းလုပ်ကိုင်ခဲ့သော် လည်း နာဂစ်ကာလနောက် ပိုင်း မှစ၍ KT Care Foundation (ကေတီကဲဖောင်ဒေးရှင်း) အနေဖြင့် ပညာရေး ၊ ကျန််းမာရေး အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အောက်ပါ မျှော်မှန်းချက် ရည်ရွယ်ချက်များနှင့် အညီ ဆက်လက် တိုးချဲ့ ဆောင်ရွက်ခဲ့ ပါသည်။
KT Care ဖောင်ဒေးရှင်းသည် ဗြိတိန်နိုင်ငံ အလှူဒါန ပြုကော်မရှင် အဖွဲ့အစည်း တွင် မှတ်ပုံတင်အမှတ် (1125186) ဖြင့် မှတ်ပုံတင် ကာ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက် လုပ်ကိုင်လျက်ရှိသည့် အကျိုးအမြတ်မယူသော အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်ပါသည်။

ပွင့်လင်းမြင်သာ မှု နှင့့် တာဝန်ယူမှု ရှိခြင်း
ပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများ၊ အလှူရှင်များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဆောင်ရွက်လုပ်ကိုင်ရာတွင် ပွင့်လင်းမြင်သာမှုနှင့့် တာဝန်ယူမှုတို့သည် KT Care ဖောင်ဒေးရှင်း မရှိမဖြစ် လက်စွဲမူများဖြစ်ပါသည်။ ဗြိတိန် နိုင်ငံ အလှူရှင်အဖွဲ့ အစည်း ကြီး UK Charity Commission တွင် မှတ်ပုံတင်ထားသည့် အလျောက် လှူဒါန်းမှု အက်ဥပဒေ Charity Act လိုအပ်ချက်များဖြစ်သော ဒါရိုက်တာ ဘုတ်အဖွဲ့ ကြီးကြပ်မှု၊ငွေကြေးစာရင်းဇယားများ ထိန်းသိမ်းနိုင်ခြင်း၊ ဘဏ္ဍရေးအစီအရင်ခံစာထုတ်ပြန်ခြင်း စသည့်အချက်များ နှင့် ကိုက်ညီစွာ ဆောင်ရွက်လုပ်ကိုင်နေပါသည်။ ထို့ပြင် နိုင်ငံတကာ စံနှုန်းများဖြစ်သေ
Transparency Manifesto (ImpACT Coalition) ၊ Humanitarian Charter and Minimum Standards in Humanitarian Response of the Sphere Project နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းနှင့် စံနှုန်းများကို အတိအကျ လိုက်နာ လုပ်ကိုင်နေပါသည်။ KT Care ဖောင်ဒေးရှင်းနှင့် ပတ်သက်သော အချက်အလက်များ၊ အစီအရင်ခံစာများကို UK Charity Commission အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မျှော်မှန်းချက်
အင်အားနည်းပါးပြီးဘေးသင့်လွယ် ပြည်သူများ ၏ရှိရင်းစွဲ လူဂုဏ်သိက္ခာ
နှင့် လူမှုစီးပွားရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေရန်

ရည်မှန်းချက်
ရှေရှည်ဖွံ့ဖြိုးရေးနှင့် ကိုယ်ပိုင်စွမ်းရည်မြင့်မားရေး ကိုပြည်တွင်းကျွမ်းကျင်သူ များဖြင့် ကြိုပမ်းဆောင်ရွက်သွားရန်

တန်ဖိုးထားမှုများ
လူသား ဂုဏ်သိက္ခာ
တန်းတူညီ အခွင့်အရေး
ငုတ်လျှိုးအရည်အချင်းများကို ဖော်ထုတ် စွမ်းဆောင်နိုင်ရေး.

KT Care Foundation

KT Care Foundation