သူငယ်အိမ်စောင်းနေသော ကလေးများကို (၈)နှစ်မတိုင်မီ ကုသရန်လို

02 / 16 / 2017

ကလေးများ၌ သူငယ် အိမ်စောင်းခြင်းကို အသက်(၈) နှစ်မတိုင်မီ အချိန်မီကုသမှသာ မျက်စိစွေခြင်းနှင့် အမြင်ဆုံးရှုံး ခြင်းမဖြစ်ရန် ကာကွယ်နိုင်မည်ဖြစ်ကြောင်း မျက်စိအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ပြောသည်။

‘‘ကလေးငယ်တွေမှာ မျက်စိ စွေတာကို (၈)နှစ်သားအထိမှာအ ချိန်မီကုသနိုင်ရန်ပြန် တည့်နိုင်ရင် အမြင်က နဂိုအတိုင်းပြန်ရမယ်။ အသက်(၁၂)နှစ်လောက်နောက် ပိုင်းကျမှကု သရင်တော့ မျက်စိစွေ တာပြန်တည့်နိုင်ပေမယ့် အမြင်မ ရနိုင်ဘူး။ စောစောသိဖို့လိုတယ်’’ ဟု ဒေါက်တာတင်ဝင်းကဆိုသည်။

မျက်စိစွေခြင်း၌ မွေးရာပါ စွေခြင်း၊ မျက်လုံးနှစ်ဖက် အမြင်အာရုံကွာခြားခြင်းကြောင့် မျက်စိစွေခြ င်းနှင့် အာရုံကြောဆိုင်ရာရောဂါများကြောင့်ဖြစ်နိုင်ပြီး ကလေးနှင့်လူကြီးတွင် ဖြစ်ရသည့် အကြောင်းရင်း ကွာခြားမှုမရှိပေ။

‘‘မျက်စိစွေတာက သာမန် ကြည့်ရုံနဲ့ စွေတာသိနိုင်တာလည်း ရှိသလို တချို့ကျတော့ စက်ကိရိ ယာတွေနဲ့ဘယ်လောက်ဒီဂရီစွေ လဲဆိုတာ တိုင်းပြီးကုရတယ်။ မျက်လုံးနှစ်ဖက်အမြင်အာရုံမတူတာကြတော့ အမြင်နည်းတဲ့ မျက်လုံးက စွေသွားတာလည်းရှိတယ်။ အမြင်နည်းတယ်ဆိုလည်း သူ့ဟာသူမွေးရာပါအမြင်နည်းတာလား၊ ရောဂါတစ်ခုခုကြောင့်လား၊ အကြောင်းရင်းကဘာလဲ အဲဒါကိုရှာရတယ်။ တချို့တွေကျတော့ အာရုံကြောရောဂါကြောင့် ဖြစ်တာလည်းရှိတယ်။ ရောဂါရှာဖို့က အရေးကြီးတယ်’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ဆိုသည်။

ထို့ကြောင့် မွေးစမှ အသက် (၈)နှစ်အထိ သူငယ်အိမ်စောင်း ခြင်းကို အချိန်မီပြုပြင်နိုင်ရေး ရောဂါဖြစ်မှုအခြေအနေကို စောစီးစွာသိရှိရန်နှင့်သိရှိပါကအချိန်မီကုသမှုခံယူရန် ၎င်းက တိုက်တွန်းအကြံပြုသည်။

eye-check_1Source: 7Days

KT Care Foundation

KT Care Foundation