သက်မွေးပညာသင်တန်းကျောင်းတက်ရောက်လိုသူများအတွက်ထောက်ပံ့မှုအစီအစဥ်

11 / 01 / 2019

တစ်နယ်တစ်ကျေးမှ လာရောက်၍ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသော (သို့) အလုပ်အကိုင်ရှာဖွေနေသော လူငယ်၊လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် KT Care Foundation မှ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်လိုသည့် လူငယ်၊လူရွယ်များကို ပံ့ပိုးပေးမည့် အစီအစဉ်ရှိပါသည်။ ထို့ကြောင့် စိတ်ပါဝင်စားသော လူငယ်၊လူရွယ် များရှိပါက မိမိတက်လိုသော သင်တန်းကျောင်းအမည်၊ သင်တန်းတက်ရောက်ရမည့်ကာလနှင့် သင်တန်းကြေး ကုန်ကျစရိတ်များကို တင်ပြ၍ အောက်ဖော်ပြပါလျှောက်လွှာတွင် ဖြည့်စွက်ပြီး info@ktcare.org (သို့) KT Care Foundation၏ Messengerသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။လျှောက်လွှာများကို ၂၀၁၉၊နိုဝင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်။ အသေးစိတ်သိရှိလိုပါက 09894888497,09894888498 သို့မဟုတ် info@ktcare.org သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လျှောက်လွှာရယူရန် Link  >>>> http://bit.ly/VocationalTrainingScholarship

(လျှောက်လွှာမတင်ခင်တွင် အောက်တွင်ပူးတွဲဖော်ပြထားသော အချက်အလက်များကို သေချာဖတ်ကြည့်ရန်)

လျှောက်ထားသူတွင်ရှိရမည့်အရည်အချင်းများ

၁။ အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

၂။ ဧရာ၀တီတိုင်းဇာတိဖြစ်သူကို ဦးစားပေးမည်။

၃။ ပညာ အရည်အချင်းကန့်သက်ချက်မရှိ ။

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

၁။ လျှောက်လွှာဘယ်လိုယူရမလဲ ?

– လျှောက်လွှာယူရန် ဖော်ပြထားသော Link ထဲဝင်ပြီး ဒေါင်းလုပ် ဆွဲ၍ ရယူပါ (သို့) Facebook Post တွင် ပူးတွဲပါရှိသော လျှောက်လွှာကို အသုံးပြုနိုင်ပါသည်။

၂။ ဘယ်ကိုပြန်ပို့ပေးရမလဲ?

– KT Care Foundation Email Address – info@ktcare.org သို့ပေးပို့နိုင်ပါသည်။

– အီးမေးလ်အသုံးပြုရန် အဆင်မပြေပါက KT Care Foundation Facebook Page – Messenger မှတဆင့် ပို့ပေးနိုင်ပါသည်။

၃။ အသက်မွေးဝမ်းကျောင်းသင်တန်းဆိုတာ ဘာလဲ?

သင်တန်းဥပမာများ- ကားဝပ်ရှော့၊ စက်ပြင်သင်တန်း၊ ဖုန်းပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ မုန့်လုပ်သင်တန်း၊ စားဖိုမှူးသင်တန်း၊ ပန်းထိမ်၊ပန်းရံ သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း

(အထက်တွင်ဖော်ပြထားသော သင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်းသင်တန်းများကိုပါ ထည့်သွင်းလျှောက်ထားနိုင်ပါသည်)

၃။ သင်တန်းအတွက် ဘယ်လို ပံ့ပိုးပေးမှာလဲ ?

– သင်တန်းတက်ခွင့်ရသူသည် မည်သည့်ဒေသတွင် တက်ရောက်ရသည်ဖြစ်စေ၊ KT Care Foundation မှ သက်မှတ်ထားသော သင်တန်းကြေးတစ်မျိုးကိုသာ ပံ့ပိုးပေးမည်ဖြစ်သည်။

၄။ KT Care Foundation လိပ်စာနဲ့ဖုန်းနံပါတ် ?

– အမှတ်- A4/5, အနော်ရထာအိမ်ရာဝင်း ၊ ပြည်လမ်း၊ ကမာရွက်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- 09894888497,09894888498

၅။ သင်တန်းပြီးမြောက်အောင်မြင်ပါက KT Care Foundation သို့ ဘာပြန်လုပ်ပေးရမလဲ ?

  • သင်တန်းပြီးမြောက်အောင်မြင်ကြောင်း အောင်လက်မှတ်ပြရန်။

၆။ လျှောက်လွှာတင်ပြီး မည်သည့် အချိန်ကာလအတွင်း အကြောင်းပြန်မှာလဲ?

–  ဖောင်များကို သေချာစီစစ်ပြီး (၃)ပတ်အတွင်း ပြန်လည်အကြောင်းကြားပေးပါမည်။

၇။အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပြီးဆုံးအောင် မတက်ခဲ့ပါက KT Care Foundation ကို ဘယ်လိုပြန်လုပ်ပေးရမလဲ ?

– KT Care မှ ထောက်ပံ့ပေးထားသော သင်တန်းကြေး အတိုင်းအပြည့်အ၀ ပြန်လည်ပေးသွင်းရမည်။

KT Care Foundation

KT Care Foundation