ဝန်ထမ်းအသစ်မိတ်ဆက်

11 / 20 / 2019

နိုဝင်ဘာလ (၁၃)ရက်နေ့တွင် KT Care Foundation သို့ Admin,HR နှင့် Logistic Assistant အသစ်ရောက်ရှိခဲ့ပါသည်။ သူမ၏နာမည်မှာ ငုဝါလှိုင်ဖြစ်ပြီး ပြိုင်ဆိုင်မှုများသော လုပ်ငန်းခွင်ကို နှစ်သက်သူဖြစ်ပါသည်။ လာမည့်ဒီဇင်ဘာလတွင် သူမသည် အနောက်ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့်ဘွဲ့ရမည် ဖြစ်သည်။ KT Care ဖောင်ဒေးရှင်းသို့ အလုပ်မဝင်ခင်တွင် Nice Fare Travel & Tour တွင် Reservation and Cashierအဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် United Wood Industries Co.,Ltd တွင်လည်း HR & Admin Assistant အဖြစ် လေးနှစ်နီးပါးအလုပ်လုပ်ခဲ့သည်။ သူမအနေဖြင့် KT Care တွင် Administrative၊ HR နှင့် Logistics ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို တာဝန်ယူလုပ်ဆောင်ရမည် ဖြစ်ပါသည်။ ယခုလုပ်ကိုင်နေသောအလုပ်၏ သဘောတရားများ၊ အလေ့အကျင့်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်သောကြောင့် သူမသည် KT Care တွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် လေ့လာစရာအသစ်များကို နှစ်ခြိုက်သော သူမသည် အားလပ်ချိန်များတွင် စာအုပ်များဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ခရီးသွားခြင်းကို နှစ်သက်သည်။

Quotes

KT Care Foundation

KT Care Foundation