မဟာသင်္ကြန်ပွဲတော်

04 / 13 / 2020

သင်္ကြန်သည် အကူးအပြောင်းဟု အဓိပ္ပာယ်ရပြီး ဧပြီလလယ်တွင် ကျင်းပလေ့ရှိသည့် မြန်မာနှစ်သစ်ကူးပွဲတော် ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို လေးရက်မှငါးရက်အတွင်း ကျင်းပလေ့ရှိပြီး နှစ်သစ်ကူးနေ့တွင် ပြီးဆုံးပါသည်။ သင်္ကြန်ပွဲတော်ရက်များကို မြန်မာပြက္ခဒိန်အလိုက် တွက်ချက်ပြီး ထိုနေ့များကို မြန်မာပြည်အနှံ့အပြား ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။ ဤပွဲတော်ကို အိမ်နီးချင်း ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့်လာအိုတို့တွင် Songkran ပွဲတော်အဖြစ်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် Chaul Chnam Thmey အဖြစ်လည်းကောင်း ကျင်းပကြပါသည်။

သင်္ကြန်ရက်များတွင် လမ်းတစ်လျှောက် ဆောက်လုပ်ထားသော မဏ္ဍပ်များပေါ်မှ ရေကစားသူများသည် ဖြတ်သွားဖြတ်လာသူများကို နှင့် ကားဖြင့် ရေပတ်ခံထွက်လာသူများကို အားကောင်းသော ရေပိုက်များဖြင့် ရေပက်ကြပါသည်။  ကလေးသူငယ်များသည် သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် အခြားမည်သူမဆိုကို ရေပိုက်သေနတ်များဖြင့် ပက်ဖြန်းဆော့ကစားကြသည်။ သင်္ကြန်ကာလတွင် ရေပက်မခံရသူများမှာ သာသနာ့ဘောင်ဝင်ရောက်နေသူများ၊ ဗိုက်ကြီးသည်များနှင့် ဥပုတ်စောင့်သူများသာ ရှိသည်။ သင်္ကြန်ကာလတွင် မိန်းကလေးအများစုသည် သနပ်ခါးလိမ်းပြီး ဆံပင်တွင် မွှေးသောအဝါရောင် ပိတောက်ပန်းများကို ပန်ဆင်ကြသည်။ ပိတောက်ပန်း (သို့မဟုတ်) သင်္ကြန်ပန်းပွင့်သည် သင်္ကြန်ကာလအတွင်း နှစ်စဉ်တစ်နေ့သာပွင့်သော ပန်းဖြစ်သည်။

သင်္ကြန်ရေသည် ယခင်နှစ်က မကောင်းမှုနှင့်အပြစ်များကို ဆေးကြောခြင်း သင်္ကေတဖြစ်သည်ဟု မြန်မာပြည်သူများက ယုံကြည်ကြသည်။ နှစ်သစ်ကူးနေ့တွင် ရေပက်ဖြန်းခြင်းများ အဆုံးသတ်ပြီး သုံ့ပန်းငါးများနှင့်ငှက်များကို ကောင်းမှုကုသိုလ်များအဖြစ် လွှတ်ပေးခြင်း၊ အလှူအဒါန်းပြုလုပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။

ယနေ့တွင် ကျရောက်သော နှစ်သစ်ကူးအတာအင်္ကြန်နေ့တွင် မြန်မာပြည်သူအားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို လိုက်နာပြီး Covid-19 အန္တရာယ်မှ ကင်းဝေးကြစေရန် KT Careမှ ဆုတောင်းလိုက်ပါသည်။

Thingyan

KT Care Foundation

KT Care Foundation