ပြုံးပန်းဝေတိုး … ရွှန်းလဲဖြိုး

12 / 08 / 2016

လေးမျက်နှာ ၊ မအူပင်၊ ငပုတော၊ ဟင်္သာတ ၊ စလင်းကြီး ၊ မုံရွှာ စသော မြို့နယ်များမှ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် ၁၀ ဦးကို KT Care ဖောင်ဒေးရှင်းမှ အောက်တိုဘာ နှင့် နိုဝင်ဘာလအတွင်း အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ဒေသမျိုးစုံက ဝင်ငွေနည်း မိသားစုများက ကလေးငယ် ၉ဦးနှင့့် အရွယ်ရောက်သူ တစ်ဦး ခွဲစိတ်ပေးခဲ့ရာ အသက် ၁နှစ်နှင့် ရလအရွယ် မရွှန်းလဲ့ဖြိုးလည်း အပါဝင်ဖြစ်သည်။ မရွှန်းလဲ့ဖြိုးမှာ တခြားကလေးငယ်တွေလိုမဟုတ်ဘဲ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရခြင်းကြောင့် စားသောက်ရာမှာ ခက်ခက်ခဲခဲရှိလှသလို စကားပြောရာမှာလည်း ခက်ခဲလှပါသည်။

မိခင်ဖြစ်သူ မခင်နှင်းဦးက သမီးဖြစ်သူကြောင့် အလွန်စိတ်ဆင်းရဲ ခဲ့ရပြီး တခြား ကလေးတွေလို အသိုင်းအဝိုင်းထဲမဝင်ဆန့်မှာ တွေးပူခဲ့ရသည်။ “အိမ်နီးချင်းတွေကတော့ ပြောတာ ပေါ့လေ။ရွှန်းလဲ့လေးက ကံမကောင်းဘူး။ ရုပ်ဆိုးတယ်ပေါ့။ ကျွန်မသမီးက နှုတ်ခမ်းကွဲ ၊ အာခေါင် ကွဲဖြစ်နေတော့ စကားမပီသလို ကောင်းကောင်းလည်း စားသောက်လို့မရဘူး။ သူ့ကို ကြည့်ပြီး တော်တော် ဝမ်းနည်း ခဲ့ရတယ်။ ခွဲစိတ်ပြီးသွားလို့ ကောင်းကောင်းစားသောက်လာသလို စကားလည်း ပြောနိုင်လာပြီရှင့်။ အရမ်းပျော်တာပဲ” ဟု မိခင် ခင်နှင်းဦးက ပြောပါသည်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေသူ မရွှန်းလဲ့လေး အခြေအနေက ယခင်ကထက်စာရင် အများကြီး ပြောင်းလဲခဲဲ့သွားသလို စနစ်ကျသော ကျွမ်းကျင်ပညာရှင်များ၏ ခွဲစိတ်ပေးမှုကြောင့် ယခင်ကထက် ပိုချစ်စရာ ကောင်းသွားပါသည်။ ထို့မျှမက တခြားကလေးငယ်များလို အရှက်အကြောက်ကင်းကင်း ယုံကြည်မှုရှိရှိဖြင့် သွားလာ ကစားလာနိုင်သလို အနာဂတ်တွင်လည်း အလုပ်လုပ်နိုင်စွမ်းရှိလာမည်ဟု မိခင်ဖြစ်သူက ဆိုပါသည်။

KT Care ဖောင်ဒေးရှင်းနှင့် ကိုးရီးယားအဖွဲ့အစည်း World Together အဖွဲဲ့တို့မှ အောက်တိုဘာ နှင့် နိုဝင်ဘာ နှစ်လအတွင်း မရွှန်းလဲ့လို နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာပေါင်း ၁၀ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

Shoon Lae Phyo
Shoon Lae Phyo

KT Care Foundation

KT Care Foundation