အာခေါင်ကွဲ ခွဲစိတ်မှု အောင်မြင်သွားသူ

02 / 20 / 2020

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံသင်ကျေရွာသူဖြစ်သော မ( )သည် အသက်(၃၅)နှစ် ရှိပြီဖြစ်ပြီး အိမ်ထောင်ရှိပြီး သမီးတစ်ဦးလည်းရှိပါသည်။ မ( )အနေဖြင့် မွေးရာပါ အာခေါင်ကွဲဝေဒနာကြောင့် ငယ်စဉ်ကလေးဘဝကပင်စ၍ အစာစားသောက်ရာတွင် အခြားကလေးငယ်များကဲ့သို့ ပုံမှန်မစားသောက်နိုင်ပဲ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပါသည်။ စကားပြောဆိုရာတွင်လည်း စကားပြောတတ်စအရွယ်မှ ယခုအသက်(၃၅)နှစ်အရွယ်အထိ ပီသစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ပါ။ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြ၍ ဗဟုသုတနည်းပါးမှုကြောင့် အာခေါင်ကွဲဝေဒနာအား ကုသ၍ရနိုင်မှန်း မသိရှိခဲ့ပါ။ ယခုအခါတွင် ရုပ်မြင်သံကြားအစီအစဉ်များမှတဆင့် ကုသ၍ရမှန်းသိရှိ၍ စုံစမ်းမေးမြန်းခဲ့ရာ နှောင်ကြိုးမဲ့လူမှုကူညီရေးအသင်း၏ ချိတ်ဆက်ပေးမှုဖြင့် KT Care Foundation နှင့် အဆက်အသွယ် ရရှိခဲ့ပါသည်။ KT Care Foundation ၏ ထောက်ပံ့မှုဖြင့် ရန်ကုန်မြို့ ပင်လုံအထူးကုဆေးရုံတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မ( ) အနေဖြင့် အစားအစာ စားသောက်ရာတွင် အဆင်ပြေချောမွေ့လာပြီး မိသားစုနှင်အတူ ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်ပြီဖြစ်ပါသဖြင့် KT care Foundation အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Kaung Myat Thu (1)

KT Care Foundation

KT Care Foundation