နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

11 / 18 / 2019

မောင်( )သည် (၄)လသားအရွယ်ရှိသော နှုတ်ခမ်းကွဲလူနာတစ်ဦးဖြစ်ပါသည်။ သူ၏မိဘများမှာ ဖောင်ရိုးချောင်းကျေးရွာ၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်ကြပြီး ဥယျာဉ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပါသည်။ မွေဖွားခဲ့စဉ်က နှုတ်ခမ်းကွဲနေခြင်းကြောင့် မိဘများအနေဖြင့် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ခွဲစိတ်ကုသရန်မျှော်လင့်ထားသော်လည်း အ သက်အရွယ်အားဖြင့် ငယ်သေးသဖြင့် ကုသနိုင်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ပါသည်။ သို့ရာတွင်  မအူပင်မြို့တွင်ရှိသော နှောင်ကြိုးမဲ့ လူမှုကူညီရေးအသင်း၏ ချိတ်ဆက်ပေးမှုကြောင့် KT Care ဖောင်ဒေးရှင်းနှင့် ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် KT Care ဖောင်ဒေးရှင်း၏ ထောက်ပံ့ပေးမှုဖြင့် ရန်ကုန်မြို့ရှိ ပင်လုံအထူးကုဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ပါသည်။ ကုသမှုခံယူခဲခြင်း၏ အကျိုးရလဒ်အနေဖြင့် မောင်( )၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ ယခင်နှင့်မတူပဲ များစွာပြောင်းလဲတိုးတတ်ခဲ့ပါသဖြင့် မိဘဆွေမျိုးများအနေဖြင့် ကြည်နူးဝမ်းသာရပါသည်။

Kaung Sett Naing(CL)

KT Care Foundation

KT Care Foundation