နှုတ်ခမ်းကွဲခွဲစိတ်မှုအောင်မြင်သွားသူ

01 / 04 / 2020

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲကျေးရွာမှ အသက်(၁၀)လ သာရှိသေးသော မောင်() သည် မွေးရာပါ နှုတ်ခမ်းကွဲ ဝေဒနာကို ခံစားနေရသူတစ်ဦး ဖြစ်ပါသည်။ အသက်အားဖြင့် (၁၀)လသာ ရှိသေး၍ နို့တိုက်ကျွေးရာတွင် အနှောက်အယှက် ဖြစ်ရခြင်း  မှလွဲ၍ အခြားသော အကြောင်းအရာများနှင့် ပတ်သတ်ပြီး ခံစားနားလည် နိုင်စွမ်း မရှိသေးပါ။ မိဘများအနေဖြင့်မူ မိမိတို့ရင်သွေး၌ နှုတ်ခမ်းကွဲဝေဒနာ  ဖြစ်ခဲ့ရခြင်းကြောင့်  စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရပါသည်။ ခွဲစိတ်ကုသပေးရန် မျှော်လင့်ထားသော်လည်း စီးပွားရေးအဆင်မပြေမှုကြောင့် ကုသနိုင်ခြင်းမရှိခဲ့ပါ။ Facebook သုံးစွဲသူ မိတ်ဆွေမှ KT Care Foundation၏ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ကုသမှုအစီအစဥ်ကို တွေ့ရာမှ ဖုန်းနံပါတ်ပေးသဖြင့် ဆက်သွယ်ခဲ့ရာမှ KT Careနှင့် ချိတ်ဆက်မိခဲ့ပါသည်။ KT Care မှထောက့်ပံ့ပေးမှုဖြင့် ရန်ကုန်မြို့ ပင်လုံအထူးကုဆေးရုံကြီး၌ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါသည်။ ယခုအချိန်မှစ၍ မောင်() အနေဖြင့် အခြားကလေးများနည်းတူ ဘဝတစ်သက်တာလုံး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်တော့မည် ဖြစ်သောကြောင့် မိဘများမှာလည်း ပျော်ရွှင်ရပါသည်။

Kaung Myat Thu

KT Care Foundation

KT Care Foundation