ကျွန်ုပ်တို့၏ သမိုင်းကြောင်း

shake

KT Care ဖောင်းဒေးရှင်းကို ဦးကျော်သောင်း မိသားစုမှ ၂၀၀၈ ခုနှစ်၊မလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုမွေးရပ်မြေ သက္ကယ်သောင် ကျေးရွာတွင် ဆိုင်ကလုန်းနာဂစ် မုန်တိုင်း၏ ကြီးမားဆိုးရွားလှသောဒဏ်ကြောင့် ကျေးရွာတစ်ခုလုံး ပျက်စီးပြီးသည့်နောက်ပိုင်းတွင် ဤသို့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များ၏ ကြည်ညိုလေးစားမှု ကိုခံရ၍ လူသားခြင်းစာနာထောက်ထားသည့် စိတ်ဓာတ် အပြည့်ရှိသည့် မြန်မာ့ စီးရေးလုပ်ငန်းပိုင်ရှင်ကြီး ဦးကျော်သောင်း(၁၉၁၅-၁၉၈၃) အား ဂုဏ်ပြုသည့်အနေဖြင့် ‘မြန်မာလူမျိုးများ၏ ဘဝကိုမြှင့်တင်ပေးရန်’ ဟူသော ရည်ရွယ်ချက်ဖြင့် ဤဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KT Care ဖောင်ဒေးရှင်းသည် အစိုးရ မဟုတ်သော၊ အမြတ်အစွန်း မသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး  UK Charity Commission တွင် နံပါတ် ၁၁၂၅၁၈၆ ဖြင့် မှတ်ပုံတင်ထားရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒေသ အခြေစိုက်ရုံးကို ဖွင့်လှစ်ထားရှိပါသည်။

ဆိုင်ကလုန်း နာဂစ်သည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသဘာဝ ဘေးအန္တရာယ် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ တကမ္ဘာလုံး တွင်လည်း တတိယမြောက် ကြောက်မက်ဖွယ်အကောင်းဆုံး မုန်တိုင်းအဖြစ် မှတ်တမ်း ၀င်ခဲ့ပါသည်။ KT Care သည် ဆိုင်ကလုန်းနာဂစ်နှင့် ၄င်း၏ ပြင်းထန် လှသောဆိုးကျိုးကို တုန့်ပြန်မှုတစ်ခုအနေဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ သည်။

၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်း နာဂစ်ဒဏ်ခံခဲ့ရသော သက္ကယ်သောင်ရှိ ကျေးရွာများနှင့် မုန်တိုင်းလမ်းကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် တောင်ပိုင်း ရွာများ သို့ KT Care မှ လူသားချင်းစာနာထောက်ထားသည့် ကူညီပံ့ပိုးမှုများကိုပေးနိုင်ခဲ့ပါသည်။ ဤပံ့ပိုးမှုများတွင် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင် ပြိုကျပျက်စီးသွားသော ဘုန်းကြီးကျောင်းဆောင်ကို ပြန်လည်တည်ဆောက်ပေးသည့် လုပ်အားများလည်း ပါ၀င်ပါသည်။ မူလတန်းကျောင်း (ကစားကွင်းနှင့် Multimedia Classroom အပါအဝင်) ကိုပြန်လည်ဆောက်လုပ်ပေးခြင်း၊ ဆရာ/ ဆရာမများအား သင်တန်းပေးခြင်း၊ ကျောင်းသား/သူများအား ပညာသင်ဆု ထောက်ပံ့ပေးခြင်း၊ ရပ်ရွာအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် တံတားတစ်စင်း ပြန်လည်ဆောက်လုပ်ပေးခြင်း၊ ရပ်ရွာလူထု ရေရရှိစေရန် ရေကန်တူးဖေါ်ပေးခြင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့် လယ်သမား နှင့် ရေလုပ်ငန်းသမား များအား အသေးစားချေးငွေချေးပေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြသည်။ ထိုအချိန်မှ စ၍ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ စေတနာရှင်၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် KT Care သည် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို (ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်၊ အဆောက်အဦးများ ဆောက်လုပ်ပေးခြင်း နှင့် လူထုအဖွဲ့အစည်းများသို့ အသေးစားပ့ံပိုးငွေများ ပ့ံပိုးပေးခြင်းအားဖြင့်) ဆောင်ရွက်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထိခိုက်ခံစားလွယ်သော အားအနည်းဆုံးဖြစ်သည့် ဒေသတွင်း အစပျိုးအစီအစဉ်များကို စဉ်ဆက်မပြတ် ထောက်ပံ့ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။

KT Care Foundation

KT Care Foundation